အီရန်နိုင်ငံ မြို့တော် တီဟီရန်တွင် အမေရိကန်နှင့်အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော လူနေအဆောက်အဦတွင် အီရန်နိုင်ငံအလံ ချိတ်ဆွဲထားသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အီရန်နိုင်ငံ မြို့တော် တီဟီရန်တွင် အမေရိကန်နှင့်အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော လူနေအဆောက်အဦတွင် အီရန်နိုင်ငံအလံ ချိတ်ဆွဲထားသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)

အမေရိကန်သည် စက်တင်ဘာ ၁ ရက် ညပိုင်းက အီရန်တောင်ပိုင်းရှိ နေရာအများအပြားကို တိုက်ခိုက်ခဲ့ရာ Hormozgan ပြည်နယ် Kuhestak မြို့ရှိ မင်္ဂလာပွဲကျင်းပရာနေရာသို့ ထိမှန်ခဲ့ပြီး လူ ၄ ဦး သေဆုံးကာ ၅၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အီရန်မီဒီယာများက စက်တင်ဘာ ၁ ရက်တွင် သတင်းဖော်ပြခဲ့သည်။

Kuhestak မြို့ရှိ မင်္ဂလာပွဲကျင်းပရာနေရာကို အမေရိကန်၏ တိုက်ခိုက်မှုကြောင့် လူအများအပြား သေဆုံးဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူများအနက် ကလေးငယ်တစ်ဦးလည်း ပါဝင်ကြောင်း Hormozgan ပြည်နယ် ဒေသဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ဒဏ်ရာရရှိသူအချို့မှာ ဒဏ်ရာပြင်းထန်သဖြင့် သေဆုံးသူအရေအတွက် ထပ်မံမြင့်တက်လာနိုင်ကြောင်း အီရန်မီဒီယာအများအပြား၏ သတင်းဖော်ပြချက်များအရ သိရသည်။

အမေရိကန် ဗဟိုကွပ်ကဲရေးဌာနချုပ် (CENTCOM) က အမေရိကန်စစ်တပ်သည် အီရန်နယ်မြေအတွင်းရှိ အီရန် အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) ၏ ပစ်မှတ်များကို အသစ်တစ်ကြိမ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း စက်တင်ဘာ ၁ ရက်က လူမှုကွန်ရက်၌ သတင်းထုတ်ပြန်ခဲ့သည်။

အမေရိကန်စစ်တပ်သည် အီရန် အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) ၏ မိုင်းထောင်သည့်တပ်ဖွဲ့များအပေါ် "ကန့်သတ်ချက်ရှိသော တိကျသည့်" စစ်ဆင်ရေးကို လုပ်ဆောင်ခဲ့ပြီး ဟော်မုဇ်ရေလက်ကြား ရေကြောင်းသွားလာရေး လုံခြုံရေးကို ခြိမ်းခြောက်နေကြောင်း ပြစ်တင်ပြောကြားခဲ့သည်ဟု အမေရိကန် ဗဟိုကွပ်ကဲရေးဌာနချုပ် (CENTCOM) က ဩဂုတ် ၃၀ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ယခုစစ်ဆင်ရေးမှာ အမေရိကန်စစ်တပ်အနေဖြင့် အီရန်ပစ်မှတ်များအား တစ်လအတွင်း ပထမဆုံးအကြိမ် စစ်ရေးအရ တိုက်ခိုက်မှုပြုလုပ်ခြင်းဖြစ်သည်။ အဆိုပါတိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် အီရန်လက်နက်ကိုင်တပ်ဖွဲ့များသည် ဂျော်ဒန်နှင့် ယူအေအီး နယ်မြေအတွင်းရှိ အမေရိကန်စစ်ဘက်ပစ်မှတ်များကို တိုက်ခိုက်ခဲ့ပြီး အမေရိကန်စစ်တပ်၏ MQ-9 ဒရုန်းတစ်စင်းကိုလည်း ပစ်ချခဲ့သည်။ (Xinhua)

----------------

(Chinese Version)

伊朗南部一婚礼现场遭袭已致4死50伤

新华社德黑兰9月1日电 伊朗媒体1日报道,美国当天晚间对伊朗南部多地发动袭击,波及霍尔木兹甘省库赫斯塔克一场婚礼活动现场,已造成4人死亡、50人受伤。

  据伊朗多家媒体报道,霍尔木兹甘省地方官员说,美方对库赫斯塔克一场婚礼现场的袭击已造成多人死伤,遇难者中包含一名儿童。由于部分伤者伤势较重,死亡人数可能进一步上升。

  美军中央司令部1日在社交媒体发布消息说,美军当天对伊朗境内的伊朗伊斯兰革命卫队目标发动新一轮打击。

美军中央司令部8月30日发表声明说,美军对伊朗伊斯兰革命卫队的布雷部队采取了“有限精准”行动,并指责其对霍尔木兹海峡航行安全构成威胁。此次行动是美军一个月来首次对伊朗目标实施军事打击。作为回应,伊朗武装力量对约旦和阿联酋境内美军目标实施打击,并击落一架美军MQ-9无人机。

1. 4月20日,在伊朗首都德黑兰,伊朗国旗悬挂在遭美以空袭严重损毁的居民区建筑物上。新华社记者 沙达提 摄