
ကိုင်ရို၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအနေဖြင့် အီဂျစ်နိုင်ငံနှင့် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး နက်နက်ရှိုင်းရှိုင်း ဖော်ဆောင်ရန် အသင့်ရှိကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က စက်တင်ဘာ ၁ ရက်၌ ပြောကြားခဲ့သည်။
အီဂျစ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်မတိုင်မီ အီဂျစ်မီဒီယာများတွင် ဖော်ပြခဲ့သော ၎င်း လက်မှတ်ရေးထိုးထားသည့် ဆောင်းပါးတစ်ပုဒ်၌ ရှီက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါဆောင်းပါးတွင် ရှီက တရုတ်နိုင်ငံနှင့် အီဂျစ်နိုင်ငံတို့အနေဖြင့် အပြန်အလှန်ယုံကြည်မှု မြှင့်တင်ရန်နှင့် ချစ်ကြည်ရင်းနှီးမှုကို လက်ဆင့်ကမ်းထိန်းသိမ်းရာတွင် စံနမူနာတစ်ခု ချမှတ်ရန် တိုက်တွန်းထားသည်။ နှစ်ဖက်အနေဖြင့် ပင်မအကျိုးစီးပွားများနှင့် အဓိက ဂရုပြုစရာ ကိစ္စရပ်များတွင် ဆက်လက်၍ အပြန်အလှန် ထောက်ခံအားပေးကာ မျိုးဆက်ပေါင်းများစွာ လက်ဆင့်ကမ်းထိန်းသိမ်းခဲ့သည့် ချစ်ကြည်ရင်းနီးမှု ခိုင်မာစေရေးအတွက် အလွှာအသီးသီးနှင့် ကဏ္ဍအသီးသီးတွင် ကူးလူးဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်သင့်ကြောင်း ၎င်းက ပြောသည်။
နှစ်နိုင်ငံအနေဖြင့် အပြန်အလှန်အကျိုးဖြစ်ထွန်းမှုနှင့် နှစ်ဦးနှစ်ဖက်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်အကောင်အထည်ဖော်ကာ အတူတကွ ဖွံ့ဖြိုးတိုးတက်မှုအတွက် စံနမူနာချမှတ်သင့်ကြောင်း ရှီက ပြောသည်။ တရုတ်နိုင်ငံနှင့် အီဂျစ်နိုင်ငံတို့သည် ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာများတွင် ပိုမိုအားကောင်းသော ညှိနှိုင်းဆောင်ရွက်မှုကို အခိုင်အမာဖော်ဆောင်ခြင်း၊ ရပ်ဝန်းနှင့်ပိုးလမ်းမ အရည်အသွေးမြင့် ပူးပေါင်းဆောင်ရွက်မှုတွင် ချိတ်ဆက်ပါဝင်ခြင်း၊ အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုအတွက် စဉ်ဆက်မပြတ် တွန်းအားပေးနိုင်ရေး ကြိုးပမ်းသည့်အနေဖြင့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်ကို ချဲ့ထွင်ကာ အလားအလာများကို တက်ကြွစွာ ဖော်ထုတ်အသုံးချခြင်းတို့ လုပ်ဆောင်သင့်ကြောင်းလည်း ၎င်းက မှတ်ချက်ပြုခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20260901/9aba4979836e49398be8a28979927a19/c.html
.............................................
(English Version)
Xi says China ready to deepen comprehensive strategic partnership with Egypt
CAIRO, Sept. 1 (Xinhua) -- Chinese President Xi Jinping said Tuesday that China stands ready to deepen its comprehensive strategic partnership with Egypt.
Xi made the remarks in a signed article published in Egyptian media outlets ahead of his state visit to the country.
In the article, Xi called on China and Egypt to enhance mutual trust and set an example of carrying forward friendship. The two sides should continue supporting each other on core interests and major concerns, and deepen exchanges and cooperation at various levels and across all sectors to ensure that the baton of friendship is passed on from generation to generation, he said.
The two countries should pursue mutual benefit and win-win cooperation, and set a benchmark for joint development, Xi said. China and Egypt should forge greater synergy in development strategies, engage in high-quality Belt and Road cooperation, proactively tap the potential and expand the scope of pragmatic collaboration in a bid to provide sustained impetus to the mutually beneficial cooperation, he noted.
https://english.news.cn/20260901/9aba4979836e49398be8a28979927a19/c.html
Photo caption: Chinese President Xi Jinping meets with Egyptian President Abdel Fattah el-Sisi in Riyadh, Saudi Arabia, Dec. 8, 2022. (Xinhua/Yao Dawei)








