တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့တွင် ကျင်းပသည့် ၂၀၂၅ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေးအား အဓိကလက်ခံကျင်းပရာနေရာ၏ အပြင်ဘက်မြင်ကွင်းကို ၂၀၂၅ ခုနှစ် ဩဂုတ် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့တွင် ကျင်းပသည့် ၂၀၂၅ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေးအား အဓိကလက်ခံကျင်းပရာနေရာ၏ အပြင်ဘက်မြင်ကွင်းကို ၂၀၂၅ ခုနှစ် ဩဂုတ် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘစ်ရှ်ကက်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ကို ၂၀၀၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ချိန်၌ နိုင်ငံတကာစနစ်သည် အင်အားကြီးဗဟိုချက်တစ်ခုတည်း၏ လွှမ်းမိုးမှုအောက်တွင် သိသိသာသာ ကျရောက်နေဆဲဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံအများအပြားအတွက် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်သည် အနောက်နိုင်ငံများ၏ အဖွဲ့အစည်းများနှင့် ဦးစားပေးသတ်မှတ်ချက်များဖြင့် အကြီးအကျယ်ပုံဖော်ခံထားရသည့် အသွင်ရှိကာ အခြားသော အသံများနှင့် အမြင်များအတွက်မူ နေရာအကန့်အသတ်ရှိနေခဲ့သည်။

ယနေ့ခေတ်တွင်မူ အခြေအနေမှာ အလွန်ကွာခြားလာပုံရသည်။ SCO သည် ၎င်း၏ မူလ ဒေသတွင်းရည်ရွယ်ချက်ထက် ကျော်လွန်ကာ အင်အားကြီးထွားလာခဲ့သည်။ SCO ၏ တိုးချဲ့မှုက နိုင်ငံတကာရေးရာများတွင် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ ယုံကြည်ချက် မြင့်တက်လာမှု၊ သြဇာလွှမ်းမိုးမှုနှင့် မဟာဗျူဟာမြောက် အရေးပါမှုတို့ကို ထင်ဟပ်ဖော်ပြနေသည်။

အာရှ၊ အရှေ့အလယ်ပိုင်းနှင့် ယူရေးရှားဒေသတို့၏ ဧရိယာအများအပြားကို ဖြန့်ကြက်လွှမ်းခြုံထားသော အဖွဲ့ဝင်နိုင်ငံများ၊ မိတ်ဖက်နိုင်ငံများနှင့်အတူ SCO သည် မူဝါဒများ ညှိနှိုင်းဆောင်ရွက်ရန်၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန်၊ ကမ္ဘာ့ဇာတ်ခုံတွင် အဖွဲ့၏ စုပေါင်းအသံကို မြှင့်တင်ရန် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အရေးပါသော ပလက်ဖောင်းတစ်ခု ဖြစ်လာခဲ့သည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20260901/c72ae6ee6b124d098be82a9c3d99f595/c.html

တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့ရှိ ရှေးဟောင်း ယဉ်ကျေးမှုလမ်း၌ စုပေါင်းအမှတ်တရဓာတ်ပုံ ရိုက်နေသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အဖွဲ့ဝင်နိုင်ငံများမှ လူငယ် ကျောင်းသား၊ ကျောင်းသူများကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့ရှိ ရှေးဟောင်း ယဉ်ကျေးမှုလမ်း၌ စုပေါင်းအမှတ်တရဓာတ်ပုံ ရိုက်နေသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အဖွဲ့ဝင်နိုင်ငံများမှ လူငယ် ကျောင်းသား၊ ကျောင်းသူများကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

........................

(English Version)

Column: 25 years of SCO and the rise of multipolarity

When the Shanghai Cooperation Organization (SCO) was founded in 2001, the international system was still largely dominated by a single center of power. For many developing countries, global governance appeared heavily shaped by Western institutions and priorities, leaving limited space for alternative voices and perspectives.

Today, the picture looks very different. The SCO has grown far beyond its original regional purpose. Its expansion reflects the rising confidence, influence, and strategic weight of the Global South in international affairs.

With member states and partners spanning much of Asia, the Middle East and Eurasia, the organization has become an important platform for developing countries to coordinate policies, deepen economic cooperation, and amplify their collective voice on the global stage.

https://english.news.cn/20260901/c72ae6ee6b124d098be82a9c3d99f595/c.html

Photo caption 1: This photo taken on Aug. 30, 2025 shows an exterior view of the main venue of the Shanghai Cooperation Organization (SCO) Summit 2025 in Tianjin, north China. (Xinhua/Sun Fanyue)

Photo caption 2: Young students from the Shanghai Cooperation Organization (SCO) countries pose for a group photo at an ancient cultural street in north China's Tianjin, Aug. 14, 2025. (Xinhua/Li Ran)