
ပေကျင်း၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)
China Energy Investment Corporation Co., Ltd. လက်အောက်ရှိ တာ့သုမြစ်ကြောင်းပေါ်ရှိ စွမ်းကျန်းခို ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ ပထမအဆင့် ဓာတ်အားပေးယူနစ် ၃ ခုစလုံးသည် သြဂုတ် ၃၁ ရက်တွင် စတင်လည်ပတ်ခဲ့ကြောင်း အဆိုပါ ကော်ပိုရေးရှင်း ထံမှ သိရသည်။
စွမ်းကျန်းခို ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ ရေကာတာအမြင့်မှာ ၃၁၅ မီတာရှိပြီး လက်ရှိ ကမ္ဘာပေါ်တွင် အမြင့်ဆုံးရေကာတာဖြစ်ကာ စက်တပ်ဆင်အား စုစုပေါင်း ကီလိုဝပ် ၂ သန်း ရှိသည်။ အဆိုပါ စက်ရုံတွင် တစ်လုံးလျှင် ကီလိုဝပ် ၅ သိန်း ထုတ်လုပ်နိုင်သော ဖရန်းစစ် တာဘိုင် ရေအားလျှပ်စစ်ယူနစ် ၄ ခု တပ်ဆင်ထားပြီး တစ်နှစ်လျှင် ပျမ်းမျှ လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ ၇.၇ ဘီလီယံခန့် ထုတ်လုပ်ပေးနိုင်မည် ဖြစ်ရာ တာ့သုမြစ်ဝှမ်းဒေသတစ်လျှောက် ရေအရင်းအမြစ်များ ဘက်စုံအသုံးပြုမှုနှင့် အကျိုးထိရောက်မှုကို မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။ ထို့ပြင် ၎င်းသည် မြစ်ကြောင်းအောက်ပိုင်းရှိ အဆင့်ဆင့်သော ဓာတ်အားပေးစက်ရုံများအတွက် တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ ၆.၆ ဘီလီယံ ထပ်ဆောင်း တိုးတက်စေမည်ဖြစ်ပြီး တာ့သုမြစ်အထက်ပိုင်းတွင် ရေကြီးရေလျှံမှု ကာကွယ်ခြင်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းနှင့် ရေအရင်းအမြစ် ခွဲဝေမှု လုပ်ဆောင်ချက်များ ပါဝင်သော ထိန်းချုပ် ရေလှောင်တမံနှင့် ပင်မဓာတ်အားပေးစက်ရုံလည်း ဖြစ်သည်။
စွမ်းကျန်းခို ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ယခုနှစ် ဇွန်လတွင် ပထမဆုံး ဓာတ်အားပေးယူနစ်များကို စတင်လည်ပတ်ခဲ့ပြီးနောက် ချိန်တူး-ချုံချင့် စီးပွားရေးရပ်ဝန်း၏ စွမ်းအင်အာမခံချက် ပေးရေးတာဝန်များကို တက်ကြွစွာ တာဝန်ယူဆောင်ရွက်ခဲ့သည်။ ပူပြင်းသော ရာသီဥတုကြောင့် လူမှုအဖွဲ့အစည်း၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဦးတည်၍ ပထမအဆင့် ဓာတ်အားပေးစက်ယူနစ်များ လျှပ်စစ်ဓာတ်အား စတင်ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး ပန်းတိုင်သို့ အမြန်ဆုံး ရောက်ရှိအောင် အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ရာ ၂ လအတွင်း ဓာတ်အားပေးစက်အုပ်စုများမှ လျှပ်စစ်ဓာတ်အားကို ဆက်တိုက် ထိရောက်မှုမြင့်မားစွာ စတင်ထုတ်လုပ် ဖြန့်ဖြူးပေးနိုင်ခဲ့သဖြင့် စီချွမ်းပြည်နယ်နှင့် ချိန်တူး-ချုံချင့် စီးပွားရေးရပ်ဝန်း၏ နွေရာသီ လျှပ်စစ်ဓာတ်အား မပြတ်လပ်စေရေး အခြေခံကို ခိုင်မာစွာ အကောင်အထည်ဖော်နိုင်ခဲ့သည်။ (Xinhua)
-----------------
(Chinese Version)
世界第一高坝一期三台机组全部投产
新华社北京8月31日电(记者戴小河)记者31日从国家能源集团获悉,集团旗下大渡河双江口水电站一期三台机组当日全部投产。
双江口水电站坝高315米,是当今世界第一高坝,总装机200万千瓦,共安装4台单机容量50万千瓦的混流式水轮发电机组,年平均发电量约77亿千瓦时,可提升大渡河全流域水资源综合利用效率,每年为下游梯级电站群增加66亿千瓦时的发电量,是大渡河上游兼具防洪、发电、水资源调配功能的控制性水库和龙头电站。
双江口水电站自今年6月份实现首台机组投产以来,积极承担成渝经济圈能源保供任务,针对高温天气社会用电需求,加快实现一期机组发电投产目标,两个月内高效完成机组连续投产,夯实了四川省及成渝经济圈夏季电力保供基础。
1. 2021 年7月28日拍摄的成都科学城(无人机照片)。新华社记者刘坤 摄








