အိုမန်နိုင်ငံ မြောက်ပိုင်း Khasab မြို့ငယ်၌ ဟော်မုဇ် ရေလက်ကြား ရေပြင်တွင် ပိတ်မိနေသည့် ကုန်သွယ်သင်္ဘောများအား ၂၀၂၆ ခုနှစ် မေ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အိုမန်နိုင်ငံ မြောက်ပိုင်း Khasab မြို့ငယ်၌ ဟော်မုဇ် ရေလက်ကြား ရေပြင်တွင် ပိတ်မိနေသည့် ကုန်သွယ်သင်္ဘောများအား ၂၀၂၆ ခုနှစ် မေ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)

တိုက်ခိုက်ခံရမည်ကို စိုးရိမ်သောကြောင့် လွန်ခဲ့သည့် သတ္တပတ်ကုန်ရက်များတွင် ဟော်မုဇ်ရေလက်ကြားအား ဖြတ်သန်းသွားလာသည့် မြင်တွေ့ရသော ကုန်သွယ်ရေးသင်္ဘော အရေအတွက်သည် တစ်ရက်လျှင် ၅ စင်းအထိ ကျဆင်းသွားခဲ့ကြောင်း သင်္ဘောခြေရာခံအဖွဲ့အစည်းဖြစ်သော Kpler ကုမ္ပဏီက သြဂုတ် ၃၁ ရက်၌ ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များအရ သိရသည်။

သြဂုတ် ၂၉ ရက်မှ ၃၀ ရက်အထိ သီတင်းပတ်ကုန်ရက်တွင် အဆိုပါ ရေလက်ကြားအား ဖြတ်သန်းသွားလာသော ရေယာဉ်များမှာရေနံဓာတ်ငွေ့ရည် (LPG) တင်ဆောင်သည့် သင်္ဘော ၂ စင်း အပါအဝင် သင်္ဘောငယ်များ ဖြစ်ကြကြောင်း သက်ဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များကို ကိုးကား၍ ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော်လည်း အချို့သော သင်္ဘောများသည် တိုက်ခိုက်ခံရမှုကို ရှောင်ရှားရန်အတွက် အလိုအလျောက် ရေယာဉ်သိရှိရေးစနစ် (AIS) များကို ပိတ်ထားသောကြောင့် အမှန်တကယ် ရေလက်ကြားအား ဖြတ်သန်းသွားလာသည့် သင်္ဘောအရေအတွက်မှာ ယခုထက် ပိုမိုများပြားနိုင်ကြောင်း သိရသည်။

ဟော်မုဇ် ရေလက်ကြားသည် လက်ရှိတွင် လုံးဝပိတ်ထားပြီး မည်သည့်သင်္ဘောမဆို အဆိုပါ ရေလက်ကြားအား ဖြတ်သန်းပါက အီရန်၏ ညှိနှိုင်းဆောင်ရွက်မှုနှင့် ခွင့်ပြုချက် ရယူရန် လိုအပ်ကြောင်း အီရန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Gharibabadi က သြဂုတ် ၂၉ ရက်တွင် ပြောကြားခဲ့သည်။ သြဂုတ် ၂၉ ရက်တွင် ရေနံတင်သင်္ဘောတစ်စီးသည် ဟော်မုဇ် ရေလက်ကြားအား ဖြတ်သန်းစဉ် အမျိုးအမည်မသိ လက်နက်ဖြင့် တိုက်ခိုက်ခံခဲ့ရကြောင်း ဗြိတိန် ရေကြောင်းကုန်သွယ်မှု စိစစ်ရေးအဖွဲ့ (UKMTO) က သြဂုတ် ၃၀ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အမေရိကန်စစ်တပ်သည် ဟော်မုဇ် ရေလက်ကြားအနီး အီရန်နိုင်ငံ Larak ကျွန်းပေါ်ရှိ ဒုံးကျည်လွှတ်တင်ရေးစက် ၂ ခုကို သြဂုတ် ၃၀ ရက်၌ တိုက်ခိုက်ခဲ့သည်။ ယခုအကြိမ် အရေးယူဆောင်ရွက်မှုသည် ၁ လအတွင်း အမေရိကန်စစ်တပ်က အီရန်၏ ပစ်မှတ်များအား ပထမဆုံးအကြိမ် စစ်ရေးအရ တိုက်ခိုက်ခြင်း ဖြစ်သည်။

ဟော်မုဇ် ရေလက်ကြားသည် ကမ္ဘာ့ စွမ်းအင်သယ်ယူပို့ဆောင်ရေး၏ "ပင်မအသက်သွေးကြော" ဖြစ်ပြီး ယခင်က ကမ္ဘာ့ရေနံစိမ်းနှင့် ရေနံကုန်ချော သယ်ယူပို့ဆောင်ရေး၏ ၅ ပုံ ၁ ပုံခန့်ကို တာဝန်ယူဆောင်ရွက်ခဲ့သလို အရေးပါသော သဘာဝဓာတ်ငွေ့ရည် (LNG) သယ်ယူပို့ဆောင်ရေး လမ်းကြောင်းလည်း ဖြစ်သည်။ သို့သော်လည်း မကြာသေးမီက အရှေ့အလယ်ပိုင်း ဒေသအခြေအနေ မတည်ငြိမ်မှုများကြောင့် ရေလက်ကြား ဖြတ်သန်း သွားလာမှုများမှာ မကြာခဏဆိုသလို ပြတ်တောက်လေ့ရှိသည်။ (Xinhua)

-----------------

(Chinese Version)

机构:通过霍尔木兹海峡商船数量降至每日5艘

新华社北京8月31日电 船舶追踪机构克普勒公司8月31日发布的数据显示,由于担心遭到袭击,刚过去的这个周末通过霍尔木兹海峡的可见商船数量已降至每日5艘。

  路透社引述相关数据报道,8月29日到30日这个周末,通行海峡的船只均为小型船舶,其中包括两艘液化石油气运输船。不过,由于部分船只关闭自动识别系统以规避袭击,实际通过海峡的船舶数量可能多一些。

伊朗外交部副部长加里布阿巴迪29日表示,霍尔木兹海峡目前完全关闭,任何船只如通过该海峡均需经过伊朗的协调和许可。英国海上贸易行动办公室30日发布通报说,一艘油轮29日在穿越霍尔木兹海峡时遭到不明投射物袭击。

  美军30日打击了位于霍尔木兹海峡附近伊朗拉腊克岛上的两个火箭发射装置。此次行动是美军一个月来首次对伊朗目标实施军事打击。

  霍尔木兹海峡是全球能源运输“咽喉”,此前承担全球约五分之一的原油和成品油运输,也是重要的液化天然气运输通道。但由于近期中东局势反复,海峡通行时断时续。

1. 这是5月29日在阿曼北部小镇海塞卜拍摄的滞留在霍尔木兹海峡水域的商船(手机照片)。新华社记者温新年摄