
ဘစ်ရှ်ကက်၊ ဩဂုတ် ၃၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာများ ပိုမိုကောင်းမွန်စွာ ချိတ်ဆက်ဆောင်ရွက်ရေး၊ စီမံခန့်ခွဲမှု အတွေ့အကြုံများ ကူးလူးဖလှယ်မှုကို နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်ရေး၊ ပိုမိုခိုင်မာသေချာ၍ လက်လှမ်းမီနိုင်သော လက်တွေ့ပူးပေါင်းဆောင်ရွက်မှု အကျိုးရလဒ်များ ဆောင်ကြဉ်းပေးနိုင်ရေး၊ တရုတ်-ကာဂျစ္စတန် အေးအတူပူအမျှအသိုက်အဝန်း ထူထောင်ရာတွင် သိသာထင်ရှားသော တိုးတက်မှုများ ဖြစ်ထွန်းရေးအတွက် ကာဂျစ္စတန်နိုင်ငံနှင့် လက်တွဲဆောင်ရွက်ရန် အသင့်ရှိသည်ဟု တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဩဂုတ် ၃၁ ရက်၌ ပြောကြားခဲ့သည်။
ကာဂျစ္စတန်နိုင်ငံ သမ္မတ ဆာဒီယာ ဂျပါရော့ဗ်နှင့် တွေ့ဆုံစဉ် ရှီက နှစ်နိုင်ငံဆက်ဆံရေးသည် ၎င်းတို့၏ ပဲ့ကိုင်လမ်းညွှန်မှုအောက်တွင် တစ်ဟုန်ထိုး တိုးတက်လာခဲ့ကာ လွန်ခဲ့သောနှစ်များအတွင်း နယ်ပယ်အသီးသီး၌ ပူးပေါင်းဆောင်ရွက်မှုများမှာလည်း တိုးတက်ဖြစ်ထွန်းလျက်ရှိသည်ဟု ပဏာမအနေဖြင့် ပြောကြားခဲ့သည်။
တရုတ်-ကာဂျစ္စတန်-ဥဇဘက်ကစ္စတန် ရထားလမ်း အပါအဝင် ကာဂျစ္စတန်နိုင်ငံနှင့် အဓိကပူးပေါင်းဆောင်ရွက်လျက်ရှိသော စီမံကိန်းများမှာ မကြာသေးမီနှစ်များအတွင်း တည်ငြိမ်စွာ တိုးတက်လျက်ရှိပြီး နှစ်နိုင်ငံစလုံး၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် ထိထိရောက်ရောက် အထောက်အကူပြုခဲ့သလို နှစ်နိုင်ငံပြည်သူများကို အကျိုးရှိစေခဲ့ကာ ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးတို့ကိုလည်း မြှင့်တင်ပေးလျက်ရှိကြောင်း ရှီက ပြောကြားခဲ့သည်။ (Xinhua)
.............................................
(English Version)
Xi says China ready to work with Kyrgyzstan to enhance alignment of development strategies
BISHKEK, Aug. 31 (Xinhua) -- Chinese President Xi Jinping said Monday that China stands ready to work with Kyrgyzstan to better align development strategies, deepen exchanges of experience in governance, deliver more tangible and accessible outcomes of practical cooperation, and make substantive progress in building a China-Kyrgyzstan community with a shared future.
Xi said in his opening remarks when meeting with Kyrgyz President Sadyr Japarov that under their guidance, bilateral relations have made a leap forward, with cooperation flourishing across all areas in recent years.
Major cooperation projects with Kyrgyzstan, including the China-Kyrgyzstan-Uzbekistan railway, have progressed steadily in recent years, providing effective support for the development of both countries, benefiting their people and promoting peace, stability and prosperity in the region, Xi said.
Photo caption: Chinese President Xi Jinping arrives in Bishkek for the Shanghai Cooperation Organization (SCO) Summit 2026 and a state visit to Kyrgyzstan upon the invitation of President Sadyr Japarov of Kyrgyzstan, Aug. 30, 2026. (Xinhua/Xie Huanchi)








