
ဝါရှင်တန်၊ ဩဂုတ် ၃၁ ရက် (ဆင်ဟွာ)
အမေရိကန်ပြည်သူများအနေဖြင့် တရုတ်နိုင်ငံသို့ ပိုမိုလာရောက်လည်ပတ်ကာ တရုတ်နိုင်ငံကို ကိုယ်တိုင်တွေ့ကြုံခံစားပြီး တရုတ်နိုင်ငံ၏ တံခါးဖွင့်လှစ်မှု၊ မိမိကိုယ်ကို ယုံကြည်မှုနှင့် သမုဒ္ဒရာကဲ့သို့ ကျယ်ပြန့်သော စိတ်သဘောထားကို တွေ့ကြုံခံစားရန် မျှော်လင့်ကြောင်း အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးရှဲ့ဖုန်းက သြဂုတ် ၂၉ ရက်တွင် ကျင်းပသော ၂၄ ကြိမ်မြောက် ဝါရှင်တန် တရုတ်ယဉ်ကျေးမှုပွဲတော်သို့ တက်ရောက်စဉ် ပြောကြားခဲ့သည်။
အမှာစကား ပြောကြားရာတွင် ရှဲ့ဖုန်းက တရုတ်နိုင်ငံသည် နိုင်ငံပေါင်း ၅၀ ကို တစ်ဖက်သတ်ဗီဇာကင်းလွတ်ခွင့် ပေးထားပြီး အမေရိကန်နိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၅၇ နိုင်ငံအတွက် နာရီ ၂၄၀ ဖြတ်သန်းသွားလာဗီဇာကင်းလွတ်ခွင့်ကို အကောင်အထည်ဖော်ထားရာ "သွားချင်ရင် ချက်ချင်းသွားလို့ရတဲ့ တရုတ်နိုင်ငံခရီးစဉ်" သည် လက်တွေ့ဖြစ်လာပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယခုနှစ်နွေရာသီတွင် "China Cool" သည် ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုခရီးသွားလာရေးကဏ္ဍ၏ နာမည်ကြီးဝေါဟာရအသစ် ဖြစ်လာခဲ့ကြောင်း၊ ပြည်ပမှ မိတ်ဆွေများစွာသည် တရုတ်နိုင်ငံတွင် အွန်လိုင်းနာမည်ကြီးခရီးစဉ်နေရာများကို သွားရောက်လည်ပတ်ရုံသာမက နေ့စဉ်လူနေမှုဘဝတွင် ကိုယ်တိုင်ပါဝင်ကာ "ဒေသခံများ" ကဲ့သို့ နေထိုင်လာကြကြောင်း၊ တရုတ်နိုင်ငံ၏တံခါးများသည် ပိုမိုကျယ်ပြန့်စွာ ဖွင့်လှစ်ထားသလို တရုတ်နိုင်ငံ၏ မိတ်ဆွေများသည် ပိုမိုများပြားလာကြောင်း၊ အမေရိကန် မိတ်ဆွေများ အနေဖြင့် တရုတ်နိုင်ငံသို့ လာရောက်ကာ တရုတ်နိုင်ငံကို ကိုယ်တိုင်တွေ့ကြုံခံစားပြီး တရုတ်-အမေရိကန် ချစ်ကြည်ရင်းနှီးမှု၏ ကိုယ်တိုင်တွေ့ကြုံသူ၊ တရုတ်နိုင်ငံ၏အကြောင်းအရာများကို ဖြန့်ဝေသူများ ဖြစ်လာရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
မကြာသေးမီက အမေရိကန်မိတ်ဆွေ “ဆာကိုစကီ” နှင့် "သဲကန္တာရဖြစ်ထွန်းမှု ကုစားရေး သူရဲကောင်း" ယဉ်းယွိကျန်းတို့ ပြန်လည်ဆုံတွေ့မှုသည် အွန်လိုင်းတွင် ပျံ့နှံ့သွားပြီး နှစ်နိုင်ငံပြည်သူများ လက်တွဲဆောင်ရွက်ပါက ကမ္ဘာကြီးကို ပိုမိုကောင်းမွန်အောင် တည်ဆောက်နိုင်သည်ကို ကမ္ဘာ့လူထုအား မြင်တွေ့စေကြောင်း ရှဲ့ဖုန်းက ပြောကြားခဲ့သည်။
ယခုနှစ်သည် တရုတ်-အမေရိကန် ဆက်ဆံရေး၏ "အဓိကနှစ်" ဖြစ်ကြောင်း၊ ပြည်သူချင်းချစ်ကြည်ရင်းနှီးမှုနှင့် စိတ်ချင်းဆက်နွှယ်မှု၏ ပေါင်းကူးတံတားချိတ်ဆက်မှုအခန်းကဏ္ဍကို ကောင်းမွန်စွာ ဆောင်ရွက်ကာ တရုတ်-အမေရိကန် ပြည်သူချင်းအပြန်အလှန်သွားလာဆက်ဆံမှုနှင့် လူမှုယဉ်ကျေးမှုဖလှယ်မှုများကို ခိုင်မာနက်ရှိုင်းအောင် မြှင့်တင်ကာ "အပြုသဘောဆောင်၍ မဟာဗျူဟာတည်ငြိမ်မှုရှိသည့် တရုတ်-အမေရိကန် ဆက်ဆံရေး တည်ဆောက်မှု" ၏ နေရာအနေအထားအသစ်အတွက် စဉ်ဆက်မပြတ်သော အရပ်ဘက်ပြည်သူ့အင်အားကို ဖြည့်တင်းပေးရန် တိုက်တွန်းကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထိုနေ့တွင် တရုတ်ယဉ်ကျေးမှုပွဲတော်၏ လှုပ်ရှားမှုနေရာတွင် လူအများအပြားဖြင့်စည်ကားလျက်ရှိပြီး ကြွယ်ဝသော တရုတ်ယဉ်ကျေးမှုပြသမှုများနှင့် အံ့မခန်းဖျော်ဖြေတင်ဆက်မှုများသည် အပြန်အလှန် ဟန်ချက်ညီညီ ဖြည့်ဆည်းပေးလျက်ရှိသည်။ ဝါရှင်တန်မြို့တော်ဝန် Muriel Bowser၊ ဗာဂျီးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး Abigail Spanberger၊ မေရီလန်းပြည်နယ်အုပ်ချုပ်ရေးမှူး Wes Moore နှင့် အမေရိကန်ကွန်ဂရက်လွှတ်တော်အမတ်များစွာတို့က ဂုဏ်ပြုသဝဏ်လွှာများ အသီးသီးပေးပို့ခဲ့ကြသည်။ (Xinhua)
--------------------------------------------------------------------------------------
(Chinese Version)
中国驻美大使:期待更多美国民众到访中国、感受中国
新华社华盛顿8月30日电(记者颜亮)中国驻美国大使谢锋29日出席第24届华盛顿中国文化节时表示,期待更多美国民众到访中国、感受中国,体验中国的开放自信、海纳百川。
谢锋在致辞中表示,中国已对50个国家实施单方面免签,对包括美国在内的57个国家实施240小时过境免签,“说走就走的中国行”已成为现实。今年夏天,“China Cool”成为新的全球文旅热词。许多外国友人在中国不仅打卡网红景点,更融入烟火日常,把自己活成了“当地人”。中国的大门越开越大,中国的朋友越交越多。期待更多美国朋友来到中国、感受中国,做中美友好的亲历者、中国故事的传播者。
谢锋说,最近美国友人“赛考斯”与“治沙英雄”殷玉珍的重逢刷屏网络,让世人看到,两国人民携手可以把世界建设得更美好。今年是中美关系的“大年”。让我们发挥好民相亲、心相通的桥梁纽带作用,推动中美民间交往和人文交流走深走实,为“中美建设性战略稳定关系”新定位注入源源不断的民间力量。
当天,中国文化节活动现场人潮涌动,丰富的中国文化展示与精彩文艺表演交相辉映。华盛顿市长鲍泽、弗吉尼亚州州长斯潘伯格、马里兰州州长穆尔及多名美国国会议员等分别致贺信。(完)
1. 8月29日,在美国首都华盛顿,中国驻美国大使谢锋在第24届华盛顿中国文化节上致辞。新华社记者 李睿 摄








