
အွန်တေရီယိုပြည်နယ် (ကနေဒါ)၊ ဩဂုတ် ၃၁ ရက် (ဆင်ဟွာ)
အမေရိကန်အစိုးရက အွန်တေရီယိုရေကန် (Lake Ontario) အား “အမေရိက ရေကန် (Lake America)” ဟု အမည်ပြောင်းလဲခဲ့သည့် လုပ်ရပ်ကို တုံ့ပြန်သည့်အနေဖြင့် ကနေဒါနိုင်ငံ အွန်တေရီယိုပြည်နယ်သည် ဩဂုတ် ၂၉ ရက်တွင် ယင်းရေကန်ကမ်းစပ်၌ အကြီးစား ကြော်ငြာဆိုင်းဘုတ်တစ်ခုကို စိုက်ထူခဲ့သည်။
ယင်းဆိုင်းဘုတ်တွင် အင်္ဂလိပ်နှင့် ပြင်သစ်ဘာသာဖြင့် “အွန်တေရီယိုရေကန်၊ ယခုဖြစ်သကဲ့သို့ နောင်အမြဲတမ်းလည်း ဖြစ်လိမ့်မည်” ဟု ရေးသားထားသည်။
အွန်တေရီယိုရေကန်သည် မြောက်အမေရိကတိုက်၏ ရေကန်ကြီး ၅ ကန်အနက် တစ်ခုဖြစ်ပြီး အမေရိကန်နှင့် ကနေဒါနယ်စပ်တွင် တည်ရှိသည်။ ရေကန်၏မြောက်ဘက်တွင် ကနေဒါနိုင်ငံ အွန်တေရီယိုပြည်နယ်၊ တောင်ဘက်တွင် အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်တို့နှင့် ထိစပ်နေသည်။
အမေရိကန်-ကနေဒါ ကုန်သွယ်ရေး စေ့စပ်ညှိနှိုင်းမှု ပျက်ပြားသွားပြီးနောက် ထရမ့်က ဩဂုတ် ၂၇ ရက်တွင် အွန်တေရီယိုရေကန်အား “အမေရိက ရေကန်” ဟု အမည်ပြောင်းလဲရန် အမိန့်စာတစ်စောင်ကို လက်မှတ်ရေးထိုးခဲ့ပြီး ယင်းအမိန့်သည် “ချက်ချင်းအသက်ဝင်သည်” ဟု ကြေညာခဲ့သည်။ ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနီက ထိုနေ့တွင်ပင် အွန်တေရီယိုရေကန်၏ အမည်သည် ရှည်လျားသော သမိုင်းကြောင်း နောက်ခံ ဆောင်ကြဉ်းထားပြီး ပြင်ပပတ်ဝန်းကျင် မည်သို့ပြောင်းလဲစေကာမူ ကနေဒါလူမျိုးများသည် ဤအမည်ကို အမြဲတမ်းအသုံးပြုသွားမည်ဖြစ်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။ (Xinhua)
…………………………
(Chinese Version)
美国欲给安大略湖改名 加拿大竖广告牌回呛
新华社照片,安大略省(加拿大),2026年8月30日
针对美国政府日前将安大略湖更名为“美国湖”的举动,加拿大安大略省8月29日在湖畔竖起大型广告牌,上面以英文和法文写着“安大略湖,现在是,永远是”。安大略湖是北美洲五大湖之一,位于美国与加拿大边境地带,北接加拿大安大略省,南邻美国纽约州。美加贸易谈判破裂后,特朗普于27日签署将安大略湖更名为“美国湖”的行政令,并宣布此令“立即生效”。加拿大总理卡尼当日回应称,安大略湖的名称承载着悠久的历史渊源,无论外部环境如何变化,加拿大人都将始终使用这一名称。
图说:这是8月30日在加拿大安大略省一处自然保护区内拍摄的大型广告牌,上面以英文和法文写着“安大略湖,现在是,永远是”。 新华社发(邹峥摄)








