
တီဟီရန်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)
အီရန်နိုင်ငံက အမေရိကန် စစ်အခြေစိုက်စခန်းသို့ ဒုံးကျည်များ ပစ်လွှတ်ခဲ့ကြောင်း အီရန် အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) က ဩဂုတ် ၃၁ ရက် နံနက်အစောပိုင်းတွင် လူမှုကွန်ရက်၌ သတင်းထုတ်ပြန်ခဲ့သည်။
အစောပိုင်းအချိန်က အီရန်နိုင်ငံ Larak ကျွန်းအနီးတွင် ပေါက်ကွဲသံများ ကြားခဲ့ရသည်။ အမေရိကန်ဘက်က အဆိုပါကျွန်းရှိ စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ပြည်ပမီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရသည်။ အဆိုပါတိုက်ခိုက်မှုကြောင့် အီရန်ဘက်မှ စစ်သည်များနှင့် ပြည်သူ အများအပြား သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြောင်းနှင့် Larak ကျွန်းအပေါ် အမေရိကန်၏ တိုက်ခိုက်မှုအတွက် “တုံ့ပြန်မှုနှင့် ပြစ်ဒဏ်ခတ်မှု” ခံရမည်ဖြစ်ကြောင်း အီရန် အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) က နောက်ဆက်တွဲ တုံ့ပြန်ပြောကြားခဲ့သည်။ (Xinhua)
-----------------
(Chinese Version)
伊朗革命卫队:伊朗向美军基地发射导弹
新华社德黑兰8月31日电 伊朗伊斯兰革命卫队31日凌晨在社交媒体发布消息称,伊朗向美军基地发射导弹。
稍早前,伊朗拉腊克岛附近传出爆炸声。据外媒报道,美方对位于该岛的军事设施实施了轰炸。伊朗伊斯兰革命卫队随后回应称,此次袭击导致伊方多名士兵和民众伤亡,美国对拉腊克岛的袭击将遭到“回应和惩罚”。
1. 2025年11月12日,民众在伊朗首都德黑兰举办的展览上参观新型导弹。新华社记者 沙达提 摄








