
ကီဂါလီ၊ ဩဂုတ် ၂၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအကူအညီဖြင့် ရဝမ်ဒါ၌ တည်ဆောက်သည့် မာဆာကာဆေးရုံ တိုးချဲ့ပြုပြင် တည်ဆောက်ခြင်းစီမံကိန်း လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ဩဂုတ် ၂၈ ရက်တွင် ရဝမ်ဒါနိုင်ငံ မြို့တော်ကီဂါလီ၌ ကျင်းပခဲ့သည်။
လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားတွင် ရဝမ်ဒါနိုင်ငံ ကျန်းမာရေးဝန်ကြီး Sabin Nsanzimana က အမှာစကားပြောကြားရာ၌ တိုးချဲ့ပြုပြင်တည်ဆောက်သည့် မာဆာကာဆေးရုံသည် ရဝမ်ဒါနိုင်ငံတွင် လက်ရှိပမာဏအကြီးဆုံး ဆေးရုံဖြစ်သည်သာမက ဒေသသွင်း အတိုင်းအတာ အတွင်း၌လည်း ထိပ်တန်းနေရာ၌ ရပ်တည်လျက်ရှိကြောင်း၊ အဆိုပါစီမံကိန်းသည် ရဝမ်ဒါ-တရုတ် ချစ်ကြည်ရင်းနှီးမှုနှင့် မိတ်ဖက်ဆက်ဆံရေး၏ ပြယုဂ်ဖြစ်ကြောင်း၊ ၎င်းအား အဆင်ပြေချောမွေ့စွာ တည်ဆောက်ပြီးစီး၍ လွှဲပြောင်းပေးအပ်ခြင်းသည် ရဝမ်ဒါ-တရုတ် ကျန်းမာရေးဆေးကုသမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွင် အရေးကြီး သမိုင်းဝင်မှတ်ကျောက်တိုင် ရရှိခြင်းကို သင်္ကေတပြုနေကြောင်း၊ ယင်းကိုအခြေခံပြု၍ ရဝမ်ဒါ-တရုတ် ကျန်းမာရေးဆေးကုသမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့နက်ရှိုင်းစေရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ရဝမ်ဒါနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ကောင်းဝန်ချီက မာကာဆာဆေးရုံသည် တရုတ်-ရဝမ်ဒါ ချစ်ကြည်ရင်းနှီးမှုအား ကိုယ်တိုင်တွေ့ကြုံခဲ့သူနှင့် သက်သေထူသူဖြစ်ကြောင်း၊ လွန်ခဲ့သည့် ၂၀၁၁ ခုနှစ်မှစ၍ တရုတ်နိုင်ငံ အကူအညီဖြင့် တည်ဆောက်သည့် မာကာဆာဆေးရုံကို တရားဝင် စတင်အသုံးပြုခဲ့ကြောင်း၊ ယခုအကြိမ် တိုးချဲ့ပြုပြင်တည်ဆောက်မှု အောင်မြင်စွာ လုပ်ဆောင်ပြီးစီးခြင်းကြောင့် မာကာဆာဆေးရုံ အသစ်သည် လိုအပ်သောဆေးဝါးနှင့် စက်ပစ္စည်းဆိုင်ရာ ဘက်စုံထောင့်စုံ၊ သမိုင်းဝင် ပြောင်းလဲမှုနှင့် တိုးတက်မှုများကို ဖော်ဆောင်နိုင်ခဲ့ကြောင်း၊ အနာဂတ်ကို မျက်နှာမူ၍ တရုတ်နိုင်ငံသည် ရဝမ်ဒါနိုင်ငံနှင့်အတူ စိတ်တူကိုယ်တူ လက်တွဲ၍ ပူးတွဲဆေးပညာစင်တာ အတူတည်ဆောက်မှု၊ လူရည်ချွန် ပျိုးထောင်မှု အစီအစဉ်အား နက်ရှိုင်းစွာဖော်ဆောင်ခြင်း၊ နည်းပညာညှိနှိုင်းတွဲဖက် အားဖြည့်မှုကို မြှင့်တင်ခြင်း စသည့် ကဏ္ဍကြီးသုံးရပ်တွင် အာရုံစိုက်ကာ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ ထဲထဲဝင်ဝင်ဖော်ဆောင်ပြီး ကျန်းမာရေးလုပ်ငန်း အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို အတူတကွ မြှင့်တင်သွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံနှင့် ရဝမ်ဒါနိုင်ငံသည် ကျန်းမာရေးဆေးကုသမှုနယ်ပယ်၌ ကာလကြာရှည်စွာ အနီးကပ် ပူးပေါင်းဆောင်ရွက်မှုကို ထိန်းသိမ်းထားကြောင်း၊ ၁၉၈၂ ခုနှစ်မှစ၍ တရုတ်နိုင်ငံသည် ရဝမ်ဒါနိုင်ငံသို့ သွားရောက်၍ ဆေးကုသမှုဆိုင်ရာ ကူညီမှုပေးရန် ကျန်းမာရေးဝန်ထမ်း ၂၆ သုတ် စေလွှတ်ခဲ့ပြီးဖြစ်ကာ မာဆာကာဆေးရုံနှင့် Kibungo ဆေးရုံတို့တွင် ပုံမှန်ဆေးကုသမှုများ လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။ (Xinhua)


---------------------
(Chinese Version)
中国援卢旺达马萨卡医院改扩建项目移交仪式举行
新华社基加利8月29日电(记者刘佑民 鞠银河)中国援卢旺达马萨卡医院改扩建项目移交仪式28日在卢首都基加利举行。
卢旺达卫生部长萨宾·恩桑齐马纳在移交仪式上致辞表示,改扩建的马萨卡医院不仅是卢旺达规模最大的医院,在地区范围内也位居前列。该项目是卢中友谊与伙伴关系的象征,其顺利完工并移交,标志着卢中医疗卫生合作迎来重要里程碑,期待以此为基础拓展深化卢中医疗卫生合作。
中国驻卢旺达大使高文棋表示,马萨卡医院是中卢友谊的亲历者和见证者。早在2011年,中国援建的马萨卡医院就已正式投用。本次改扩建工程圆满完成,让全新的马萨卡医院实现了软硬件全方位、历史性的蜕变与跨越。面向未来,中方愿与卢方携手同心,聚焦共建联合医学中心、深耕人才培育工程、强化科技协同赋能等三大领域深耕务实合作,共促卫生健康事业高质量发展。
中国与卢旺达在医疗卫生领域保持着长期密切合作。1982年以来,中国已派出26批医务人员赴卢旺达开展医疗援助,分别在马萨卡医院和基本戈医院开展日常诊疗。(完)
图说1:这是8月28日在卢旺达首都基加利拍摄的马萨卡医院住院楼。新华社发(西里尔·恩德格亚摄)
图说2:8月28日,在卢旺达首都基加利,中国驻卢旺达大使高文棋(右)与卢旺达卫生部长萨宾·恩桑齐马纳在移交仪式上合影。新华社发(西里尔·恩德格亚摄)








