
မော်စကို၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံ Belgorod ဒေသတွင် မီနီဘတ်စ်တစ်စီးကို ယူကရိန်းဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် လူနှစ်ဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာစစ်ဘက်ဌာနချုပ်က သြဂုတ် ၂၈ ရက်၌ ပြောကြားခဲ့သည်။
"Belgorod ခရိုင်ရှိ Gruzskoye ရွာတွင် ယူကရိန်းစစ်တပ်၏ ဒရုန်းတစ်စင်းက အရပ်ဘက် မီနီဘတ်စ်တစ်စီးကို တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုကြောင့် လူနှစ်ဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရရှိခဲ့ကြောင်း" ရုရှား ဒေသဆိုင်ရာစစ်ဘက်ဌာနချုပ်က ကြေညာချက်၌ ပြောကြားခဲ့သည်။
ဒေသဆိုင်ရာအာဏာပိုင်များက ဒဏ်ရာရသူ ခြောက်ဦးစလုံးကို ဒေသန္တရဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
………………………
(English version)
2 killed, 6 injured as Ukrainian drone hits minibus in Russia's Belgorod region
MOSCOW, Aug. 28 (Xinhua) -- Two people were killed and six others injured in the Belgorod region after a Ukrainian drone attack targeted a minibus, the regional operational headquarters said Friday.
"In the village of Gruzskoye in the Borisov District, a Ukrainian Armed Forces drone attacked a company minibus. Two people were killed and six were injured," the operational headquarters said in a statement.
Local authorities said all six injured people had been transported to a local hospital.








