တရုတ်နိုင်ငံ ရှီးဇန့်ဒေသ ကျီလုန်ခရိုင်တွင် ရှေ့ဆက်မည့်လမ်းတွင် အတားအဆီးများအား ရှင်းလင်းဖယ်ရှားနေသည့် စက်ယန္တရားကြီးများကို ၂၀၂၆ ခုနှစ် ဩဂုတ် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ရှီးဇန့်ဒေသ ကျီလုန်ခရိုင်တွင် ရှေ့ဆက်မည့်လမ်းတွင် အတားအဆီးများအား ရှင်းလင်းဖယ်ရှားနေသည့် စက်ယန္တရားကြီးများကို ၂၀၂၆ ခုနှစ် ဩဂုတ် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လားဆ၊ ဩဂုတ် ၂၉ ရက် (ဆင်ဟွာ)

ဩဂုတ် ၂၉ ရက် နံနက် ၁ နာရီအထိ ရဲ့ဆော်ကျေးရွာသား ၂ ဦးကို ကယ်ထုတ်ထားပြီဖြစ်ရာ ကျီလုန် ရွှံ့နွံပြိုကျမှုဘေးအန္တရာယ်ကြောင့် သေဆုံးသူ ၇ ဦး၊ ပျောက်ဆုံးသူ ၅၅၄ ဦး ရှိပြီဖြစ်ကြောင်း တရုတ်နိုင်ငံ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အရေးပေါ်စီမံခန့်ခွဲမှုဌာနမှ သိရသည်။

လက်ရှိတွင် ကယ်ဆယ်ရေးလုပ်ငန်းအသီးသီးကို အားသွန်ခွန်စိုက် စနစ်တကျ ဆောင်ရွက်လျက်ရှိသည်။ အလွှာအသီးသီးမှ အချိန်ပြည့်နှင့် အချိန်ပိုင်း ကယ်ဆယ်ရေးအင်အား ၂,၁၄၁ ဦး ရောက်ရှိလာပြီး သဘာဝအရင်းအမြစ် စသည့် အခြားနယ်ပယ်များမှ ပညာရှင် ၈၆ ဦးကို စုဖွဲ့စေလွှတ်လျက် သက်ဆိုင်ရာကိရိယာများ ယူဆောင်ကာ ပတ်ဝန်းကျင်ရှိ တောင်စောင်းများ၊ လမ်းများနှင့် အခြားအဓိကနေရာများတွင် ဘူမိဘေးအန္တရာယ်ဖြစ်နိုင်ခြေအလားအလာ ရှာဖွေစစ်ဆေးခြင်းကို အားကောင်းစေရန် စီစဉ်ထားကြောင်း သိရသည်။

ထို့အပြင် သဘာဝရေတားတမံအတွက် လူ ၅ ဦးပါဝင်သော စောင့်ကြည့်ရေးကင်းစခန်းတစ်ခု ဖွဲ့စည်းထားကာ နောက်ဆက်တွဲဘေးအန္တရာယ်များကို ခိုင်ခိုင်မာမာတားဆီးရန် အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်လျက်ရှိကြောင်း၊ မီးသတ်နှင့် ကယ်ဆယ်ရေးအဖွဲ့၊ ကျေးရွာစုနှင့် မြို့နယ်အဆင့် အမာခံဝန်ထမ်း စုစုပေါင်း အကြိမ်ရေ ၅၀၅ ကြိမ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရှေ့တန်းသို့ စေလွှတ်ထားပြီး လမ်း ၁.၀၂ ကီလိုမီတာက အတားအဆီးများအား ရှင်းလင်းဖယ်ရှားနိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ ရှီးဇန့်ဒေသ ကျီလုန်ခရိုင်တွင် ကူညီကယ်ဆယ်ရေး အင်အားများက ဒရုန်သုံး၍ ဘေးဒဏ်သင့်အချက်အချာ နေရာသို့ အထောက်အပံ့ပစ္စည်းများ ပို့ဆောင်နေသည်ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၂၉ ရက် နံနက်ပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)

--------------------------------------------------------------------------------------

(Chinese Version)

西藏吉隆泥石流灾害已致7人遇难 554人失联

新华社拉萨8月29日电 记者从西藏自治区应急管理厅获悉,截至29日1时,已救出热索村群众2人,吉隆泥石流灾害已造成7人遇难,554人失联。

目前,各项抢险救援工作有力有序推进。已到位各级专兼职救援力量2141人,组织自然资源等领域专业力量86人,携带相关设备,加强周边山体、道路等重点区域地质灾害隐患排查,设置一个5人观测哨对堰塞湖进行实时监测,坚决防范次生灾害;组织消防救援、乡镇干部共505人次深入一线开展救援;已抢通道路1.02公里。(完)

1.     8月29日,大型机械在救灾前沿抢通道路。新华社记者 姜帆 摄

2.     8月29日清晨,救援力量使用无人机向受灾核心区吊运物资。新华社记者 姜帆 摄