တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ချင်းသောင်မြို့ရှိ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှု (SCO) စံပြဇုန်အတွင်းရှိ တရုတ်-SCO ဒေသန္တရ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု စံပြဇုန် ပို့ဆောင်ရေး နည်းလမ်းမျိုးစုံ ပူးတွဲပို့ဆောင်ရေးစင်တာသို့ ဝင်ရောက်လာသော ကုန်ရထားတစ်စင်းအား ၂၀၂၅ ခုနှစ် ဩဂုတ် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ချင်းသောင်မြို့ရှိ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှု (SCO) စံပြဇုန်အတွင်းရှိ တရုတ်-SCO ဒေသန္တရ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု စံပြဇုန် ပို့ဆောင်ရေး နည်းလမ်းမျိုးစုံ ပူးတွဲပို့ဆောင်ရေးစင်တာသို့ ဝင်ရောက်လာသော ကုန်ရထားတစ်စင်းအား ၂၀၂၅ ခုနှစ် ဩဂုတ် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၂၈ ရက် (ဆင်ဟွာ)

ယခုနှစ်သည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) တည်ထောင်သည့် ၂၅ နှစ်မြောက်ဖြစ်သည်။ တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟွမ်လျင်က တရုတ်နိုင်ငံနှင့် SCO အခြားအဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှုပမာဏသည် ၂၀၀၁ ခုနှစ်တွင် ကန်ဒေါ်လာ ၁၂.၁ ဘီလီယံ ရှိရာမှ ၂၀၂၅ ခုနှစ်တွင် ကန်ဒေါ်လာ ၅၂၃.၅ ဘီလီယံအထိ တိုးပွားလာခဲ့ပြီး တရုတ်နိုင်ငံ နိုင်ငံခြားကုန်သွယ်မှု စုစုပေါင်းပမာဏ၏ ၈ ရာခိုင်နှုန်းရှိကြောင်း၊ အခြားအဖွဲ့ဝင်နိုင်ငံများအပေါ် စွမ်းအင်သစ် မော်တော်ယာဉ်၊ လစ်သီယံဘက်ထရီ၊ နေရောင်ခြည်စွမ်းအင်သုံး ထုတ်ကုန် စသည့် “ထုတ်ကုန်အသစ်သုံးမျိုး” ၊ နယ်စပ်ဖြတ်ကျော် e-commerce တင်ပို့မှုများ မြန်နှုန်းမြင့် တိုးတက်လာကြောင်း ဩဂုတ် ၂၇ ရက်တွင် ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ မိတ်ဆက်ပြောကြားခဲ့သည်။

“၂၅ နှစ်တာကာလအတွင်းမှာ တရုတ်နိုင်ငံက ‘ရှန်ဟိုင်းစိတ်ဓာတ်’ ကို အစဉ်အမြဲ အရင်းခံပြီး SCO အခြားအဖွဲ့ဝင်နိုင်ငံများနဲ့အတူ လက်တွဲတိုးတက်မှုဖော်ဆောင်ကာ အကျိုးအမြတ်များ အတူမျှဝေခြင်းဖြင့် ဒေသတွင်းစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွင် ကြွယ်ဝသောရလဒ်များ ရရှိရန် တွန်းအားပေးခဲ့ပါတယ်” ဟု ဟွမ်လျင်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံက SCO အခြားအဖွဲ့ဝင်နိုင်ငံများအပေါ် ရင်းနှီးမြှုပ်နှံမှုပမာဏ အဆက်မပြတ် တိုးချဲ့လာခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ်တွင် လုပ်ငန်းကဏ္ဍအားလုံး၌ ကန်ဒေါ်လာ ၃.၃ ဘီလီယံ တိုက်ရိုက်ရင်းနှီးမြှုပ်နှံခဲ့ကြောင်း၊ ရင်းနှီးမြှုပ်နှံသည့်ကဏ္ဍများတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့၊ သတ္တုလုပ်ငန်း၊ အခြေခံအဆောက်အအုံ၊ စွမ်းအင်သစ်၊ မော်တော်ယာဉ်၊ ဓာတုစက်မှုလုပ်ငန်း စသည်တို့ ပါဝင်ကြောင်း၊ ထို့ပြင် စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဇုန် ၃၀ ကျော်ကိုလည်း ရင်းနှီးမြှုပ်နှံတည်ဆောက်ခဲ့ခြင်းဖြင့် နိုင်ငံအသီးသီးက ကုန်ထုတ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုစွမ်းရည် မြှင့်တင်ရန် အားဖြည့်ပေးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် SCO အဖွဲ့ဝင်နိုင်ငံ၊ စောင့်ကြည့်နိုင်ငံနှင့် ဆွေးနွေးမှုမိတ်ဖက်နိုင်ငံများကို မျက်နှာမူသည့် စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အရည်အသွေးမြင့်လှုပ်ရှားမှု အစီအစဉ်ကို ဆက်လက် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှု လွတ်လပ်၍ အဆင်ပြေချောမွေ့မှုအား မြှင့်တင်ကာ ဝန်ဆောင်မှုကုန်သွယ်ရေး၊ ဒစ်ဂျစ်တယ်ကုန်သွယ်ရေးအား ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုနှင့် ထောက်ပံ့မှု လုပ်ငန်းကွင်းဆက် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး ဒေသတွင်းစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွင် အဆင့်သစ်သို့ ထပ်မံဝင်ရောက်နိုင်ရန် တွန်းအားပေးသွားမည်ဖြစ်ကြောင်း ဟွမ်လျင်က ပြောကြားခဲ့သည်။ (Xinhua)

---------------------

(Chinese Version)

中国与上合组织其他成员国贸易额占我外贸总额8%

新华社北京8月27日电(记者王聿昊、谢希瑶)今年是上海合作组织成立25周年。商务部新闻发言人黄玲在27日举行的例行新闻发布会上介绍,中国与上合组织其他成员国贸易额从2001年的121亿美元增长至2025年的5235亿美元,占我外贸总额的8%,对其他成员国“新三样”产品、跨境电商出口快速增长。  

“25年来,中国始终秉持‘上海精神’,与上合组织其他成员国携手发展、共享红利,推动区域经济合作取得丰硕成果。”黄玲说,中国对上合组织其他成员国投资规模不断扩大,2025年全行业直接投资33亿美元,投资领域涵盖油气、矿产、基础设施、新能源、汽车、化工等,并投资建设30余家经贸合作区,助力各国提升产业发展能力。  

黄玲表示,中方将持续实施面向上合组织成员国、观察员国和对话伙伴的经贸合作高质量发展行动计划,促进贸易投资自由化便利化,发展服务贸易、数字贸易,深化产供链合作,推动区域经济合作再上新台阶。(完)

图说:2025年8月27日,一列货运列车驶入位于上合示范区内的中国-上海合作组织地方经贸合作示范区多式联运中心(无人机照片)。新华社记者 李紫恒 摄