
ဟယ်ကျယ် (ဆန်းတုန်း)၊ ဩဂုတ် ၂၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ဟယ်ကျယ်မြို့ ချောင်ရှန့်ခရိုင်သည် တရုတ်နိုင်ငံတစ်ဝန်းတွင် မူလဖန်တီးသော ဟန့်ဖူဝတ်စုံ ထုတ်လုပ်ရာနေရာအနေဖြင့် ၂၀၂၅ ခုနှစ်တွင် ဟန့်ဖူဝတ်စုံ အရောင်းပမာဏသည် ယွမ် ၁၃ ဘီလီယံရှိပြီး တစ်နိုင်ငံလုံး ဈေးကွက်ဝေစုထက်ဝက်အား ပိုင်ဆိုင်ထားကြောင်း သိရသည်။
လက်ရှိတွင် ချောင်ရှန့်ခရိုင်တွင် ဟန့်ဖူဝတ်စုံ လုပ်ငန်းကုမ္ပဏီများ ၂,၈၂၂ ခု၊ အွန်လိုင်းဆိုင် ၁၅,၆၂၇ ဆိုင်၊ ဟန့်ဖူဝတ်စုံ အော့ဖ်လိုင်း လက်တွေ့စမ်းဝတ်ကြည့်နိုင်သောဆိုင် ၂၂၄ ဆိုင်၊ ဟန့်ဖူဝတ်စုံလုပ်ငန်း လုပ်ကိုင်သူပေါင်း ၁၀၀,၀၀၀ နီးပါးအထိ တိုးတက်လာပြီဖြစ်ရာ မူလဖန်တီးထုတ်လုပ်မှု၊ ဒီဇိုင်းရေးဆွဲမှုမှသည် ပိတ်ညှပ်၍ ပက်တံဆွဲမှု၊ ပန်းချည်ထိုး၊ ဆေးရိုက်မှု ထိုမှတစ်ဆင့် အွန်လိုင်းတွင် အရောင်းမြှင့်တင်မှု၊ ရောင်းချပြီးနောက် ဝန်ဆောင်မှုပေးခြင်း စသည့် ပြည့်စုံသော လုပ်ငန်းကွင်းဆက်တစ်ခု ပုံပေါ်လာပြီဖြစ်သည်။
တိုးတက်နေပြီဖြစ်သည့် ဟန့်ဖူဝတ်စုံလုပ်ငန်းကွင်းဆက်နှင့် ပြောင်းလွယ်ပြင်လွယ်ဖြစ်သည့် ထုတ်လုပ်နိုင်မှုစွမ်းရည်ဖြင့် ချောင်ရှန့်ခရိုင်သည် ကုန်ထုတ်လုပ်ငန်းအလားအလာကို အရုပ်အင်္ကျီ၊ တိုင်းရင်းသားဝတ်စုံမှ လူပုံစံတူစက်ရုပ် ဝတ်စုံ စသည့် လမ်းကြောင်းအသစ်များအထိ အရှိန်မြှင့် တိုးချဲ့လျက်ရှိသည်။ ထိုသို့အားဖြင့် အစဉ်အလာနှင့် ခေတ်မီမှု၊ ဝတ်စုံနှင့် နည်းပညာတို့ ပေါင်းဆုံရာနေရာ၌ ခရိုင်ဒေသ ကုန်ထုတ်လုပ်ငန်း စဉ်ဆက်မပြတ် အဆင့်မြှင့်တင်၊ ရှင်သန်စွမ်းအားများဖြင့် တိုးတက်လျက်ရှိသော အဆင့်မြင့်တိုးတက်လမ်းတစ်ခုကို ဖောက်လုပ်နိုင်ခဲ့ပေသည်။ (Xinhua)
---------------------
(Chinese Version)
活力中国调研行|汉服新经济 曹县正澎湃
新华社照片,菏泽(山东),2026年8月28日
山东省菏泽市曹县作为全国原创汉服主产地,2025年汉服销售额达130亿元,占据全国半数市场份额。目前曹县汉服企业发展到2822家,网店15627个,汉服线下体验店224家,汉服从业者接近10万人,已形成从原创研发、设计制作,到裁剪打版、绣花印花,再到网络营销、售后服务的完整产业链。
依托成熟的汉服产业链与柔性制造能力,曹县正将产业势能向娃衣、民族服饰乃至人形机器人服饰等新赛道加速延伸,在传统与潮流、服饰与科技的交汇处,蹚出一条县域产业持续升级、活力澎湃的进阶之路。
图说1:8月27日,工作人员在曹县穿越大唐汉服基地与客户线上沟通。 新华社记者 戴明轩 摄
图说2:8月27日,设计师在曹县有爱云仓汉服基地设计室设计汉服。新华社记者 戴明轩 摄








