တရုတ်နိုင်ငံ စီချွမ်းပြည်နယ် အားပါ့ ဇန့်လူမျိုး၊ ချန်းလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ကျင်းချွမ်းခရိုင် ပါးကျောင်တျောင်းကျေးရွာရှိ ဧည့်ရိပ်သာတစ်ခု၏ အတွင်းပိုင်းမြင်ကွင်းကို ၂၀၂၆ ခုနှစ် ဩဂုတ် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ စီချွမ်းပြည်နယ် အားပါ့ ဇန့်လူမျိုး၊ ချန်းလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ကျင်းချွမ်းခရိုင် ပါးကျောင်တျောင်းကျေးရွာရှိ ဧည့်ရိပ်သာတစ်ခု၏ အတွင်းပိုင်းမြင်ကွင်းကို ၂၀၂၆ ခုနှစ် ဩဂုတ် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အားပါ့ (စီချွမ်း)၊ ဩဂုတ် ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ စီချွမ်းပြည်နယ် အားပါ့ ဇန့်လူမျိုး၊ ချန်းလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ကျင်းချွမ်းခရိုင်သည် ကွင်းဆက်အပြည့် ထောက်ပံ့ကူညီရေးမူဝါဒများ ချမှတ်ကာ “တစ်နေရာမှ စတင်ထိုးဖောက်ခြင်း” ဖြင့် ဒေသတစ်ခုလုံး၏ ဧည့်ရိပ်သာကွန်ရက်ကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေခဲ့သည်။

ထိုခရိုင်ရှိ အန်းနင်မြို့နယ်သည် အစိုးရ၊ ကျေးရွာအုပ်စု၊ “ရွာသားအသစ်များ” (ဘက်စုံ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ) နှင့် “ရွာသားဟောင်းများ” ဟူသော အခန်းကဏ္ဍလေးရပ်ကို ရှင်းလင်းစွာ သတ်မှတ်ကာ ညှိနှိုင်းဆောင်ရွက်ရေး ယန္တရားများ အသုံးချခြင်းဖြင့် “ဒေသခံမူလပုံစံကို ထိန်းသိမ်းခြင်း + ခေတ်မီဝန်ဆောင်မှုများ ထည့်သွင်းခြင်း” ဟူသော လည်ပတ်ဆောင်ရွက်မှုပုံစံကို ဆန်းသစ်တီထွင်ခဲ့သည်။

ထို့အပြင် ပရော်ဖက်ရှင်နယ်အဖွဲ့များ ခေါ်ယူကာ ပါးကျောင်တျောင်းကျေးရွာ၊ မုမာဆန်းတောင်ပေါ်ရှိ အသုံးမပြုသော တောင်သူအိမ်ဟောင်းများကို အဆင့်မြင့် ဧည့်ရိပ်သာများအဖြစ် ပြောင်းလဲတည်ဆောက်ကာ ကော်ဖီဆိုင်၊ ရိုးရာလက်မှုပညာအလုပ်ရုံ စသည့် မျိုးကွဲစုံလင်သော လုပ်ငန်းပုံစံများကို တဖြည်းဖြည်း ပြုစုပျိုးထောင်ပြီး ရှိရင်းစွဲ အရင်းအမြစ်များကို အသက်သွင်းလျက် ရွာသားများအတွက် အလုပ်အကိုင်များ ဖန်တီးပေးခဲ့ရာ ကျေးလက်ဒေသပြန်လည်ရှင်သန်ရေးအတွက် ထိရောက်သော စူးစမ်းရှာဖွေမှုတစ်ခု ဖြစ်လာခဲ့သည်။ (Xinhua)

...........................

(Chinese Version)

山顶“荒村”变民宿 多元业态助振兴

新华社照片,阿坝(四川),2026年8月27日

四川省阿坝藏族羌族自治州金川县推出全链条扶持政策,以“单点突破”带动全域民宿版图不断发展。该县安宁镇通过明确政府、村集体、“新村民”(复合型创业者)、“老村民”四元角色,借助协作机制创新推出“保留乡土肌理+植入现代服务”的运营模式,引入专业团队将八角碉村牧马山上的荒废闲置农房改造为精品民宿,逐步培育咖啡吧、非遗工坊等多元业态,盘活现有资源,带动村民就业,成为乡村振兴的有效探索。

图说1:8月27日拍摄的金川县安宁镇八角碉村一家民宿内景。 新华社发(兰红光 摄)

图说2:8月27日拍摄的金川县安宁镇八角碉村一家民宿外景。新华社发(兰红光 摄)