
ဝူယွမ်၊ ဩဂုတ် ၂၈ ရက် (ဆင်ဟွာ)
သာယာလှပသည့်ကျေးလက်ရှုခင်းများနှင့် ကောင်းမွန်စွာထိန်းသိမ်းထားသော ရှေးဟောင်းရိုးရာကျေးရွာများကြောင့် ဝူယွမ်ခရိုင်သည် လူသိများကျော်ကြားသည့် ခရိုင်တစ်ခုဖြစ်သည်။
တရုတ်နိုင်ငံ၏ခရီးသွားနေရာသတ်မှတ်သည့်အဆင့်တွင် အမြင့်ဆုံးဖြစ်သည့် 5A အဆင့် သတ်မှတ်ခံရသည့် ခရီးသွားဆွဲဆောင်ရာနေရာနှစ်ခုနှင့် 4A အဆင့်နေရာ ၁၂ ခု ရှိသည့် ဝူယွမ်ခရိုင်တွင် ကျေးလက်ခရီးသွားလုပ်ငန်း မြှင့်တင်လျက်ရှိပြီး ဆက်စပ်သောအလုပ်အကိုင်နှင့် စွန့်ဦးတီထွင်လုပ်ငန်းများမှတစ်ဆင့် ဒေသခံနေထိုင်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးလျက်ရှိသည်။
ယနေ့အချိန်တွင် ဝူယွမ်ခရိုင်သည် ကျေးလက်နေအိမ်ဧည့်ဂေဟာပေါင်း ၁,၃၀၀ ကျော်ရှိရာ နေရာတစ်ခုဖြစ်ပြီး ခရီးသွားလုပ်ငန်းမှ အလုပ်အကိုင် ၈၀,၀၀၀ ကျော် တိုက်ရိုက်ပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။ (Xinhua)
--------------------------------------
(English Version)
Rural tourism thrives in Wuyuan County, E China
Wuyuan County is known for its picturesque countryside and well-preserved traditional villages.
With two national 5A-rated tourist attractions and 12 national 4A-rated attractions, the county has been promoting rural tourism and creating more employment opportunities for local residents through tourism-related employment and entrepreneurship.
Today, Wuyuan is home to more than 1,300 rural homestays, while the tourism industry directly supports more than 80,000 jobs.
Photo caption: (1) A drone photo taken on Aug. 26, 2026 shows a view of a homestay in Wuyuan County, east China's Jiangxi Province. (Xinhua/Hu Chenhuan)
Photo caption: (2) A tourist enjoys her leisure time at a homestay in Wuyuan County, east China's Jiangxi Province, on Aug. 27, 2026. (Xinhua/Hu Chenhuan)








