ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့ရှိ BC Place Vancouver တွင် ကျင်းပသည့် ၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု B ပွဲစဉ် ကနေဒါနှင့် ကာတာအသင်းတို့ပွဲ၌ ဂိုးသွင်းအပြီး အောင်ပွဲခံစဉ်တွင် ဒဏ်ရာရကစားသမား အစ္စမေးလ်ကိုနေး၏အင်္ကျီကို ကိုင်မြှောက်ထားသည့် ကနေဒါအသင်းမှ ဆာလီဘာကို ၂၀၂၆ ခုနှစ် ဇွန် ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့ရှိ BC Place Vancouver တွင် ကျင်းပသည့် ၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု B ပွဲစဉ် ကနေဒါနှင့် ကာတာအသင်းတို့ပွဲ၌ ဂိုးသွင်းအပြီး အောင်ပွဲခံစဉ်တွင် ဒဏ်ရာရကစားသမား အစ္စမေးလ်ကိုနေး၏အင်္ကျီကို ကိုင်မြှောက်ထားသည့် ကနေဒါအသင်းမှ ဆာလီဘာကို ၂၀၂၆ ခုနှစ် ဇွန် ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ ဩဂုတ် ၂၇ ရက် (ဆင်ဟွာ)

ကနေဒါကွင်းလယ်ကစားသမား နာသန်ဆာလီဘာသည် အန်ဒါလက်ခ်အသင်းမှ စပိန်လာလီဂါကလပ် ဗီလာရီးရဲလ်သို့ ပြောင်းရွှေ့သွားကြောင်း သိရသည်။

အသက် ၂၂ နှစ်အရွယ် ဆာလီဘာသည် ၂၀၃၁ ခုနှစ် ဇွန်လအထိ ငါးနှစ်စာချုပ်တစ်ခု ချုပ်ဆိုခဲ့ပြီး ဗီလာရီးရဲလ် အသင်းတွင် ကနေဒါနိုင်ငံ အသင်းဖော်များဖြစ်သည့် Tajon Buchanan နှင့် Tani Oluwaseyi တို့နှင့် တွဲဖက် ကစားသွားမည်ဖြစ်သည်။

ဆာလီဘာသည် ဩဂုတ် ၂၆ ရက်တွင် အသင်းနှင့်အတူ ပထမဆုံးလေ့ကျင့်ခန်းဆင်းခဲ့ပြီး ဩဂုတ် ၂၈ ရက် အဝေးကွင်းသွားရောက်ယှဉ်ပြိုင်ရမည့် ဒီပို့တီပို့အလာဗက်စ်အသင်းနှင့် ပွဲတွင် စတင်ပွဲထွက်လာနိုင်သည်ဟု  မျှော်လင့်ရသည်။

CF Montreal အသင်းတွင် ကစားသမားဘဝစတင်ခဲ့သည့် ဆာလီဘာသည် အသင်းအတွက် ၇၈ ပွဲ ပါဝင်ကစားခဲ့ပြီးနောက် အန်ဒါလက်ခ်အသင်းသို့ ပြောင်းရွှေ့ခဲ့သည်။ ၎င်းက ဘရပ်ဆဲလ်အခြေစိုက် အန်ဒါလက်ခ်အသင်းတွင် ပွဲ ၅၀ ကစားခဲ့ပြီး  ၅ ဂိုး သွင်းယူနိုင်ခဲ့သည်။

ဆာလီဘာသည် ကနေဒါအမျိုးသားလက်ရွေးစင်အသင်းအတွက် ၁၈ ပွဲ ပါဝင်ကစားခဲ့ပြီး အမေရိကန်၊ မက္ကဆီကိုတို့နှင့်အတူ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် ယခုနှစ် ဖီဖာ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ကာတာအသင်းကို ၆-၀ ဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် ၁ ဂိုး သွင်းယူနိုင်ခဲ့သူဖြစ်သည်။

ယခင်ရာသီ လာလီဂါအမှတ်ပေးဇယားတွင် တတိယနေရာဖြင့် ရာသီသိမ်းခဲ့သည့် ဗီလာရီးရဲလ်အသင်းမှာ ယခုရာသီတွင် Racing Santander နှင့် အဝေးကွင်းပွဲစဉ်၌ ၂-၂ သရေရလဒ်ရရှိခဲ့သလို အက်သလက်တီကို မက်ဒရစ်နှင့် အဝေးကွင်းပွဲတွင်လည်း ၂-၂ သရေ ရလဒ်များရရှိခဲ့သည်။ (Xinhua)

-----------------------------------------

(English Version)

Canada midfielder Saliba joins Villarreal

MADRID, Aug. 26 (Xinhua) -- Canadian midfielder Nathan Saliba has joined La Liga outfit Villarreal from Anderlecht.

The 22-year-old has agreed a five-year contract until June 2031, seeing him play alongside fellow countrymen Tajon Buchanan and Tani Oluwaseyi.

Saliba had his first training session on Wednesday, and he is expected to make his debut in Friday's visit to face Deportivo Alaves.

Saliba began his career with CF Montreal, making 78 appearances before his move to Anderlecht. He played 50 matches and scored five goals in Brussels.

Saliba has made 18 appearances for Canada and was part of its squad as the country co-hosted this year's FIFA World Cup with the United States and Mexico, scoring a goal in the 6-0 win over Qatar.

After finishing third in La Liga last season, Villarreal kicked off the new season with 2-2 draws away to Racing Santander and Atletico Madrid.

Photo caption: Nathan Saliba of Canada holds up the shirt of injured player Ismael Kone as he celebrates his goal during the group B match between Canada and Qatar at the 2026 FIFA World Cup at BC Place Vancouver in Vancouver, Canada, June 18, 2026. (Xinhua/Meng Yongmin)