ခရိုအေးရှားနိုင်ငံ မြို့တော် ဇာဂရပ်ဘ်၌ မောင်းနှင်နေသည့် မောင်းသူမဲ့တက္ကစီအား ၂၀၂၆ ခုနှစ် ဩဂုတ် ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ခရိုအေးရှားနိုင်ငံ မြို့တော် ဇာဂရပ်ဘ်၌ မောင်းနှင်နေသည့် မောင်းသူမဲ့တက္ကစီအား ၂၀၂၆ ခုနှစ် ဩဂုတ် ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဇာဂရပ်ဘ်၊ ဩဂုတ် ၂၇ ရက် (ဆင်ဟွာ)

ခရိုအေးရှားနိုင်ငံအခြေစိုက် Verne ကုမ္ပဏီသည် ယခုနှစ် ဧပြီလအစောပိုင်းတွင် ခရိုအေးရှားနိုင်ငံ မြို့တော် ဇာဂရက်ဘ်၌ စီးပွားဖြစ် မောင်းသူမဲ့တက္ကစီဝန်ဆောင်မှုကို စတင်မိတ်ဆက်ခဲ့သည်။ Verne ကုမ္ပဏီသည် တရုတ်ကုမ္ပဏီ Pony.ai နှင့် BAIC New Energy တို့၏ Arcfox Alpha T5 ယာဉ်မော်ဒယ်ကို အခြေခံကာ ပူးပေါင်းတီထွင်ထုတ်လုပ်ထားသော မျိုးဆက်သစ် မောင်းသူမဲ့ယာဉ်မော်ဒယ်ကို အသုံးပြုထားပြီး Pony.ai ၏ သတ္တမမျိုးဆက် အလိုအလျောက်မောင်းနှင်စနစ် တပ်ဆင်ထားသည်။ ဤမောင်းသူမဲ့တက္ကစီဝန်ဆောင်မှုသည် ကနဦးအဆင့်တွင် ဇာဂရက်ဘ်မြို့လယ်နှင့် လေဆိပ်စသည့် နေရာများ လွှမ်းခြုံထားပြီး ဧရိယာအနေဖြင့် စတုရန်းကီလိုမီတာ ၁၀၀ ခန့်ရှိကာ ဝန်ဆောင်မှုကနဦးအဆင့်တွင် ယာဉ်အတွင်း၌ လုံခြုံဘေးကင်းရေးဝန်ထမ်းပါရှိကြောင်း သိရသည်။ (Xinhua)

.............................

(Chinese Version)

克罗地亚的无人驾驶出租车

新华社照片,萨格勒布,2026年8月26日

克罗地亚韦尔内公司今年4月初在克首都萨格勒布推出商业化无人驾驶出租车服务。韦尔内公司采用的是中国企业小马智行与北汽新能源基于极狐阿尔法T5车型共同研发量产的新一代无人驾驶车型,搭载了小马智行第七代自动驾驶系统。这一无人驾驶出租车初期服务区域覆盖萨格勒布市中心及机场等地,面积约100平方公里,服务初期车内配有安全员。

图说:这是8月19日在克罗地亚首都萨格勒布拍摄的行驶中的无人驾驶出租车。 新华社记者 马震 摄