
ဒိုဟာ၊ ဩဂုတ် ၂၇ ရက် (ဆင်ဟွာ)
အီရန်က မည်သည့်အချိန်တွင် ဆွေးနွေးညှိနှိုင်းမှု၌ ပြန်လည်ပါဝင်မည်နည်းအပေါ် မျှော်မှန်းချက်နှင့် စပ်လျဉ်း၍ အမေရိကန် သမ္မတ ထရမ့်က ၎င်းအနေဖြင့် “အချိန်ဇယားမရှိ” သလို “အလျင်မလို” ကြောင်း ဩဂုတ် ၂၆ ရက်တွင် ကာတာ Al Jazeera ရုပ်မြင်သံကြားလိုင်း၏ တွေ့ဆုံမေးမြန်းမှုကို ဖြေကြားရာ၌ ပြောကြားခဲ့သည်။
Al Jazeera ရုပ်မြင်သံကြားလိုင်း၏ ဩဂုတ် ၂၆ ရက် သတင်းဖော်ပြချက်အရ ဆွေးနွေးညှိနှိုင်းမှုတွင် အီရန် ပြန်လည်ပါဝင်လာရန်အတွက် အချိန်မည်မျှပေးထားသနည်းဟူသော မေးခွန်း၍ စပ်လျဉ်း၍ ထရမ့်က ဖြေကြားရာတွင် “ကျွန်တော့်မှာ အချိန်ဇယားမရှိပါဘူး၊ လုံးဝမရှိဘူး။ ကျွန်တော်အလျင်မလိုပါဘူး” ဟု ဆိုခဲ့သည်။ “ကျွန်တော်တို့က အခု အလွန်ကြီးမားတဲ့ အောင်မြင်မှုကို ရရှိနေပါတယ်။ သူတို့ (အီရန်) က ဆိုးရွားတဲ့ ငွေကြေးဖောင်းပွမှုကို ရင်ဆိုင်နေရပြီး စီးပွားရေးက ပြိုလဲနေပါတယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
စီးပွားရေးအစီအမံများ ဆောင်ရွက်ခြင်းသည် စစ်ရေးတိုက်ခိုက်မှုထက် ပိုမိုထိရောက်မှုရှိသလော ဟူသော မေးခွန်းအတွက် ထရမ့်က “ကျွန်တော်ကတော့ နှစ်မျိုးလုံး ထိရောက်မှုရှိတယ်လို့ ထင်ပါတယ်” ဟု ဆိုခဲ့သည်။
အီရန်နိုင်ငံနှင့် ပြုလုပ်သော ဆွေးနွေးပွဲများ ရပ်တန့်သွားခဲ့ခြင်းကြောင့် အမေရိကန်သမ္မတ ထရမ့်က သြဂုတ် ၁၉ ရက်တွင် အီရန်နိုင်ငံအပေါ် “ပျက်သုဉ်းစေနိုင်သည့် စီးပွားရေးဆိုင်ရာ လှုပ်ရှားမှုများ” ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ အီရန်အား “စီးပွားရေးအရ အထီးကျန်စေမည့်” အသစ်တစ်ကြိမ် ပိတ်ဆို့အရေးယူမှု အစီအမံများ စတင်လုပ်ဆောင်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Scott Bessent က ဩဂုတ် ၂၄ ရက်တွင် ကြေညာခဲ့သည်။
အီရန်သမ္မတ မာဆော့ ပါဇက်ရှ်ကီရမ်က အီရန်အစိုးရသည် အစီအမံလုပ်ဆောင်ပြီးဖြစ်သဖြင့် အမေရိကန်က စစ်ပွဲအတွင်း၌ မည်သည့်ရလဒ်များ မရရှိသကဲ့သို့ပင် ၎င်း၏လက်ရှိအဆင့် စီးပွားရေးအစီအမံများ ဆောင်ရွက်ခြင်းသည်လည်း မည်သည့်ရလဒ်မျှ ရရှိမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်ဟု အီရန်ကျောင်းသားများသတင်းဌာန (ISNA) ၏ ဩဂုတ် ၂၆ ရက် သတင်းဖော်ပြချက်အရ သိရသည်။ (Xinhua)
-------------------
(Chinese Version)
特朗普:对于伊朗何时重返谈判“没有时间表”
新华社多哈8月26日电 美国总统特朗普26日在接受卡塔尔半岛电视台采访时表示,对于预计伊朗何时重返谈判,他“没有时间表”,而且“不着急”。
据半岛电视台26日报道,被问及给伊朗多长时间重返谈判时,特朗普回答说:“我没有时间表,完全没有。我不着急。”他还说:“我们正在取得非常大的胜利。他们(伊朗)面临严重的通货膨胀,经济正在崩溃。”
当被问及经济措施是否比军事打击更有效时,特朗普表示:“我认为两者都有效。”
由于与伊朗谈判停滞,特朗普19日宣布对伊朗实施“毁灭性经济行动”。美国财政部长贝森特24日宣布发起对伊朗“经济孤立”的新一轮制裁措施。据伊朗学生通讯社26日报道,伊朗总统佩泽希齐扬表示,鉴于伊朗政府已采取措施,美国现阶段经济施加不会取得任何成果,就像其在战事中未能取得任何成果一样。(完)
图说:5月1日,美国总统特朗普在首都华盛顿白宫南草坪接受媒体采访。新华社发(李源清摄)








