တရုတ်နိုင်ငံ ရှီးဇန့်ဒေသ ရစ်ခါကျယ်မြို့ ကျီလုန်ခရိုင်၌ ရွှံ့နွံပြိုကျမှုအန္တရာယ်အား ပူးတွဲကယ်ဆယ်ရေး လုပ်ဆောင်ရန်  ၂၀၂၆ ခုနှစ် ဩဂုတ် ၂၇ ရက်တွင် အနောက်ပိုင်း စစ်ဒေသကြီး လေတပ်၏ Y-20 စစ်လေယာဉ်တစ်စင်းက ယင်းစစ်ဒေသကြီး ကွပ်ကဲရေးအဖွဲ့ဝင်များကို တင်ဆောင်ကာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း လေဆိပ်တစ်ခုမှ အရေးပေါ်စတင်ပျံသန်း၍ ရှီးဇန့်ဒေသသို့ သွားရောက်နေစဉ် (ဆင်ဟွာ)

ချိန်တူး၊ ဩဂုတ် ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်ပိုင်းစစ်ဒေသကြီး လေတပ်၏ Y-20 စစ်လေယာဉ်တစ်စင်းသည် ဩဂုတ် ၂၇ ရက် နံနက် ၈ နာရီ ၀၂ မိနစ်တွင် အနောက်ပိုင်းစစ်ဒေသကြီး ကွပ်ကဲရေးအဖွဲ့ဝင်များကို တင်ဆောင်ပြီး တရုတ်နိုင်ငံ အနောက်တောင်ပိုင်း လေဆိပ်တစ်ခုမှ အရေးပေါ်စတင်ပျံသန်း၍ ရှီးဇန့်ဒေသသို့ သွားရောက်ခဲ့ကြောင်း၊ ၎င်းတို့သည် ပြည်သူ့တပ်မတော်သားများကို ဦးဆောင်၍ ရှီးဇန့်ဒေသ ရစ်ခါကျယ်မြို့ ကျီလုန်ခရိုင်၌ ရွှံ့နွံပြိုကျမှု ဘေးအန္တရာယ်ဖြစ်ပွားခြင်းအတွက် ပူးတွဲကယ်ဆယ်ရေးများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းစစ်ဒေသကြီးမှ ဩဂုတ် ၂၇ ရက်က သိရသည်။

ဩဂုတ် ၂၆ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် တရုတ်နိုင်ငံ ရှီးဇန့်ဒေသ ရစ်ခါကျယ်မြို့ ကျီလုန်ခရိုင် ကျီလုန်အဝင်အထွက်ဂိတ်၌ ရွှံ့နွံပြိုကျမှု ဘေးအန္တရာယ် ဖြစ်ပွားခဲ့ရာ လူသေဆုံးဒဏ်ရာရမှုနှင့် ပျောက်ဆုံးမှုများ ဖြစ်ပွားခဲ့သည်။ အနောက်ပိုင်းစစ်ဒေသကြီး ပူးတွဲကွပ်ကဲရေးစင်တာက ချက်ချင်းတုံ့ပြန် ဆောင်ရွက်ခဲ့ပြီး ရှီးဇန့်စစ်ဒေသ နယ်ခြားစောင့်တပ်ရင်း၊ စစ်ဒေသကြီး လေတပ်တပ်ဖွဲ့တစ်ခု၊ လက်နက်ကိုင်ရဲတပ်ဖွဲ့ ရှီးဇန့်ဒေသအဖွဲ့ချုပ် ရစ်ခါကျယ်အဖွဲ့ခွဲ စသည့် ကယ်ဆယ်ရေးအင်အားများစွာ အရေးပေါ် သွားရောက်ကူညီရန် စနစ်တကျစီစဉ်ခဲ့ရာ လမ်းရှင်းလင်းခြင်း၊ ဘေးအန္တရာယ်အခြေအနေအား စစ်ဆေးခြင်း၊ လူများကို ရှာဖွေကယ်ဆယ်ခြင်း၊ ပြည်သူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခြင်း စသည့်လုပ်ငန်းများကို လုပ်ဆောင်ခဲ့သည်။

ဒေသန္တရ ဘေးအန္တရာယ်ကယ်ဆယ်ရေး လုပ်ငန်းများအား အစွမ်းကုန် ပံ့ပိုးကူညီဆောင်ရွက်ပေးရန် အနောက်ပိုင်းစစ်ဒေသကြီးက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နှင့် လက်နက်ကိုင်ရဲတပ်ဖွဲ့ ကယ်ဆယ်ရေးအင်အားများကို ပေါင်းစည်းကွပ်ကဲ၍ တပ်မတော်သားများအား သိပ္ပံနည်းကျအသုံးပြုခြင်း၊ အန္တရာယ် အခြေအနေအရ ကယ်ဆယ်ရေး လုပ်ဆောင်ခြင်း အခြေခံမူအရ လက်ရှိကယ်ဆယ်ရေးအင်အား အခြေခံပေါ်တွင် လေကြောင်း၊ ဆေးကုသရေး၊ ပို့ဆောင်ရေး၊ အင်ဂျင်နီယာတပ်သား စသည့် အရေးပေါ် ကျွမ်းကျင်အင်အားများကို အလုံအလောက် အပြည့်အဝ ပြင်ဆင်ထားမည်ဖြစ်‌ရာ လိုအပ်ချက်အရ အချိန်မီအားဖြည့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ ရှီးဇန့်ဒေသ ရစ်ခါကျယ်မြို့ ကျီလုန်ခရိုင်၌ ရွှံ့နွံပြိုကျမှုအန္တရာယ်အား ပူးတွဲကယ်ဆယ်ရေး လုပ်ဆောင်ရန် ၂၀၂၆ ခုနှစ် ဩဂုတ် ၂၇ ရက်တွင် အနောက်ပိုင်း စစ်ဒေသကြီး လေတပ်၏ Y-20 စစ်လေယာဉ်တစ်စင်းက ယင်းစစ်ဒေသကြီး ကွပ်ကဲရေးအဖွဲ့ဝင်များကို တင်ဆောင်ပြီး တရုတ်နိုင်ငံ အနောက်တောင်ပိုင်း လေဆိပ်တစ်ခုမှ အရေးပေါ်စတင်ပျံသန်း၍ ရှီးဇန့်ဒေသသို့ သွားရောက်နေစဉ် (ဆင်ဟွာ)

-------------------

(Chinese Version)

运-20起飞 西部战区指导组赴西藏组织子弟兵开展救援

新华社成都8月27日电(刘艺、彭小明)记者27日从西部战区获悉,西部战区空军一架运-20,27日8时02分从西南某机场紧急起飞,搭载西部战区指导组赶赴西藏,组织人民子弟兵开展日喀则市吉隆县泥石流灾害联合救援。  

26日10时30分许,西藏日喀则市吉隆口岸遭受泥石流灾害,造成重大人员伤亡、失联。西部战区联指中心迅即响应,有序组织西藏军区某边防团、战区空军某部、武警西藏总队日喀则支队等多支救援力量紧急驰援,展开道路疏通、灾情勘察、人员搜救、转移群众等工作。  

为全力支援地方抢险救援,西部战区指导组将统一指挥解放军和武警部队救援力量,按照科学用兵、因情施救的原则,在现有救援力量基础上,备足备实航空、医疗、交通、工兵等应急专业力量,根据需要及时投入。(完)

图说:8月27日,西部战区空军一架运-20从西南某机场紧急起飞,搭载西部战区指导组赶赴西藏,组织人民子弟兵开展日喀则市吉隆县泥石流灾害联合救援。 新华社发(宋郑生 摄)