တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ဥဇဘက်ကစ္စတန် သမ္မတရုံး အကြီးအကဲ Saida Mirziyoyeva တို့ ၂၀၂၆ ခုနှစ် ဩဂုတ် ၂၆ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ဥဇဘက်ကစ္စတန် သမ္မတရုံး အကြီးအကဲ Saida Mirziyoyeva တို့ ၂၀၂၆ ခုနှစ် ဩဂုတ် ၂၆ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၂၇ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဥဇဘက်ကစ္စတန်သမ္မတရုံး အကြီးအကဲ Saida Mirziyoyeva နှင့် ဩဂုတ် ၂၆ ရက်က ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ရိက ဥဇဘက်ကစ္စတန် သမ္မတ Mirziyoyev ထံသို့ သမ္မတ ရှီကျင့်ဖိန်၏ ရင်းနှီးစွာ နှုတ်ခွန်းဆက်စကားအား တစ်ဆင့်ပြောကြားခဲ့ပြီး နှစ်နိုင်ငံ ခေါင်းဆောင်များ၏ မဟာဗျူဟာမြောက် လမ်းညွှန်မှုအောက်တွင် တရုတ်-ဥဇဘက်ကစ္စတန် ဆက်ဆံရေးသည် ခုန်ပျံကျော်လွှားမှုအသွင် ဖွံ့ဖြိုးတိုးတက်မှုများကို ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ဥဇဘက်ကစ္စတန်နိုင်ငံ၏ ယုံကြည်အားကိုးထိုက်သည့် စစ်မှန်သောမိတ်ဖက် အစဉ်အမြဲဖြစ်ရာ တရုတ်နိုင်ငံ၏ ပင်မအကျိုးစီးပွားနှင့် သက်ဆိုင်သည့် ကိစ္စရပ်များတွင် ဥဇဘက်ကစ္စတန်နိုင်ငံက ဆက်လက်၍ ခိုင်ခိုင်မာမာ ထောက်ပံ့ပေးမည်ဟု ယုံကြည်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဥဇဘက်ကစ္စတန်နိုင်ငံနှင့်အတူ တရုတ်-ဥဇဘက်ကစ္စတန် ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍသစ်ကို အတူတကွ ရေးသားဖော်ဆောင်လိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

Saida Mirziyoyeva ကလည်း သမ္မတ ရှီကျင့်ဖိန်ထံသို့ သမ္မတ Mirziyoyev မှ ပြောကြားသော ရင်းနှီးနွေးထွေးသည့် နှုတ်ခွန်းဆက်စကားကို တစ်ဆင့်ပြောကြားခဲ့ပြီး ဥဇဘက်ကစ္စတန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ အဆင့်မြင့်အလွှာ ဆက်ဆံရေးများကို ထိန်းသိမ်းသွားရန်နှင့် နယ်ပယ်အသီးသီးရှိ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစေရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

--------------------------------------------------------------------------------------

(Chinese Version)

王毅会见乌兹别克斯坦总统办公厅主任米尔济约耶娃

新华社北京8月26日电(记者邵艺博)中共中央政治局委员、外交部长王毅26日在北京会见乌兹别克斯坦总统办公厅主任米尔济约耶娃。   

王毅转达习近平主席对米尔济约耶夫总统的亲切问候,表示在两国领导人战略引领下,中乌关系取得跨越式发展。中国始终是乌方可信赖、可依靠的真诚伙伴,相信乌方在涉及中方核心利益问题上将继续予以坚定支持。中方愿同乌方一道,书写中乌友好合作新篇章。   

米尔济约耶娃转达米尔济约耶夫总统对习近平主席的诚挚问候,表示乌方期待同中方保持高层交往,深化各领域务实合作。(完)

1. 8月26日,中共中央政治局委员、外交部长王毅在北京会见乌兹别克斯坦总统办公厅主任米尔济约耶娃。 新华社记者 岳月伟 摄