
ပေကျင်း၊ ဩဂုတ် ၂၆ ရက် (ဆင်ဟွာ)
တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီဥက္ကဋ္ဌ ကျောက်လဲ့ကျိသည် ဥဇဘက်ကစ္စတန်သမ္မတရုံး အကြီးအကဲ Saida Mirziyoyeva နှင့် ဩဂုတ် ၂၆ ရက် နံနက်ပိုင်းက ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ကျောက်လဲ့ကျိက သမ္မတ ရှီကျင့်ဖိန်နှင့် သမ္မတ Shavkat Mirziyoyev တို့၏ မဟာဗျူဟာမြောက် ဦးဆောင်မှုအောက်တွင် တရုတ်-ဥဇဘက်ကစ္စတန် မဟာဗျူဟာအပြန်အလှန်ယုံကြည်မှုသည် ပိုမိုခိုင်မာလာပြီး လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများမှာ အောင်မြင်မှုများ ကြွယ်ဝကာ နှစ်နိုင်ငံဆက်ဆံရေးသည် ခေတ်သစ် အချိန်အခါမရွေး ဘက်စုံ မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေးအဆင့်သို့ ခုန်ပျံတက်လှမ်းခဲ့ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ဥဇဘက်ကစ္စတန်နှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်များ၏ အရေးကြီးသော သဘောတူညီချက်များကို အကောင်အထည်ဖော်ရန်၊ နိုင်ငံရေးအပြန်အလှန်ယုံကြည်မှုကို ခိုင်မာစေရန်၊ ဘက်စုံထောင့်စုံ အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်နှင့် အနက်အဓိပ္ပာယ်ကြွယ်ဝသော၊ ပိုမိုတက်ကြွသော တရုတ်-ဥဇဘက်ကစ္စတန် အေးအတူပူအမျှအသိုင်းအဝိုင်းကို အတူတကွ တည်ဆောက်ရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်အနေဖြင့် ဥဇဘက်ကစ္စတန် ဥပဒေပြုရေးအဖွဲ့အစည်းများနှင့်အတူ ခင်မင်ရင်းနှီးသော ဆက်ဆံရေးကို အားကောင်းစေကာ ဥပဒေပြုရေးနှင့် ကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းအတွေ့အကြုံများကို နက်ရှိုင်းစွာ ဖလှယ်ရန်၊ ကိုယ်စီနိုင်ငံတို့၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရှင်သန်အားကောင်းလာရေးအား ပံ့ပိုးကူညီရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
Saida Mirziyoyeva က တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်ခြင်း ၁၀၅ နှစ်ပြည့်ကို ဂုဏ်ပြုခဲ့ပြီး ဥဇဘက်ကစ္စတန်နိုင်ငံသည် တရုတ်နိုင်ငံတစ်ခုတည်းမူဝါဒကို အခိုင်အမာလိုက်နာကြောင်း၊ သမ္မတရှီကျင့်ဖိန်အဆိုပြုသော ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီး ၄ ရပ်ကို ထောက်ခံကြောင်း၊ နှစ်နိုင်ငံ ဥပဒေပြုရေးအဖွဲ့အစည်းများအကြား ခင်မင်ရင်းနှီးသော ဆက်ဆံရေးကို အားကောင်းစေရန်၊ စီးပွားရေး၊ သယ်ယူပို့ဆောင်ရေး၊ ပညာရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
.................................
(Chinese Version)
赵乐际会见乌兹别克斯坦总统办公厅主任米尔济约耶娃
新华社北京8月26日电 全国人大常委会委员长赵乐际26日上午在北京会见乌兹别克斯坦总统办公厅主任米尔济约耶娃。
赵乐际表示,在习近平主席和米尔济约耶夫总统战略引领下,中乌战略互信更加巩固,务实合作成果丰硕,双边关系跃升为新时代全天候全面战略伙伴关系。中方愿同乌方一道,落实两国元首重要共识,筑牢政治互信,深化全方位互利合作,携手构建富有内涵、更具活力的中乌命运共同体。中国全国人大愿同乌立法机构加强友好交往,深化立法、监督工作经验交流,助力各自国家发展振兴。
米尔济约耶娃祝贺中国共产党成立105周年,表示乌方恪守一个中国原则,支持习近平主席提出的四大全球倡议,期待加强两国立法机构友好交往,深化经济、交通、教育、反恐等领域合作。(完)
图说:8月26日,全国人大常委会委员长赵乐际在北京会见乌兹别克斯坦总统办公厅主任米尔济约耶娃。 新华社记者 王晔 摄








