စပိန်နိုင်ငံ ကော်နယ်လာမြို့ရှိ RCDE အားကစားကွင်း၌ ၂၀၂၆ ခုနှစ် ဩဂုတ် ၂၂ ရက်က အက်စပန်ညိုအသင်းနှင့် ရီးရဲလ်မက်ဒရစ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် လာလီဂါဘောလုံးပွဲစဉ်တွင် ဂျုဒ် ဘယ်လင်ဟမ် (ဝဲ-ဒုတိယ၊ ရှေ့) ၏ သွင်းဂိုးအတွက် ရီးရဲလ်မက်ဒရစ် ကစားသမားများ အောင်ပွဲခံနေစဉ် (ဆင်ဟွာ)
စပိန်နိုင်ငံ ကော်နယ်လာမြို့ရှိ RCDE အားကစားကွင်း၌ ၂၀၂၆ ခုနှစ် ဩဂုတ် ၂၂ ရက်က အက်စပန်ညိုအသင်းနှင့် ရီးရဲလ်မက်ဒရစ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် လာလီဂါဘောလုံးပွဲစဉ်တွင် ဂျုဒ် ဘယ်လင်ဟမ် (ဝဲ-ဒုတိယ၊ ရှေ့) ၏ သွင်းဂိုးအတွက် ရီးရဲလ်မက်ဒရစ် ကစားသမားများ အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ ဩဂုတ် ၂၆ ရက် (ဆင်ဟွာ)

ရီးရဲလ်မက်ဒရစ်နည်းပြ ဟိုဆေး မော်ရင်ဟိုက ၎င်းအနေဖြင့် အပြောင်းအရွှေ့ဈေးကွက်မပိတ်မီ ကစားသမားသစ် ထပ်မံခေါ်ယူရန် မလိုအပ်တော့ဟု ပြောကြားခဲ့သော်လည်း အသင်း၌ ကစားသမား အဝင်အထွက် ထပ်မံရှိလာနိုင်ခြေမရှိဟုလည်း ငြင်းဆိုခဲ့ခြင်းမရှိပေ။

ဩဂုတ် ၂၆ ရက်တွင် ရီးရဲလ်ဆိုစီဒက်အသင်းနှင့် ယှဉ်ပြိုင်ကစားမည့် လာလီဂါအိမ်ကွင်းပွဲစဉ်မတိုင်မီ ပွဲကြိုသတင်းစာရှင်းလင်းပွဲ၌ မော်ရင်ဟိုက ကစားသမားအဝင်ထက် ကစားသမားများ ထွက်ခွာနိုင်ခြေအပေါ် ပိုမိုစိုးရိမ်လျက်ရှိသည်ဟု ဆိုသည်။

"ကျွန်တော့်အတွက်တော့ အသင်းလူစာရင်းက ပြည့်စုံသွားပါပြီ။ ဒါပေမဲ့ အပြောင်းအရွှေ့စျေးကွက်က ဖွင့်ထားတုန်းဆိုတော့ ဘာတွေဖြစ်လာမလဲဆိုတာ မသိနိုင်ဘူးလေ" ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

"နှစ်ပွဲဆက်တိုက် အရန်ခုံမှာထိုင်ခဲ့ရလို့ အသင်းကနေ ထွက်ခွာချင်တယ်ဆိုပြီး ကစားသမားတစ်ယောက်ယောက် လာပြောမလားဆိုတာ အတတ်မသိနိုင်ဘူးလေ။ ကျွန်တော်မြင်ရသလောက်တော့ ကစားသမားတိုင်းက အသင်းအတွက် အပြည့်အဝ ပူးပေါင်းပါဝင်ကြပြီး စည်းစည်းလုံးလုံးရှိနေတာကို ကောင်းကောင်းခံစားမိပါတယ်။ ဒါပေမဲ့ အဲဒါကလည်း အချိန်မရွေး ဖြစ်လာနိုင်တဲ့အရာပါပဲ" ဟု မော်ရင်ဟိုက ရှင်းပြခဲ့သည်။

ဗင်နီစီယက်စ် ဂျူနီယာ၏ အကြောင်းနှင့် ပြိုင်ဘက်အသင်းပရိသတ်များအပေါ် အဆိုပါကစားသမား၏ တုံ့ပြန်ပုံနှင့်ပတ်သက်၍လည်း မော်ရင်ဟိုအား မေးမြန်းခဲ့သည်။

"သူ့အနေနဲ့ ပြိုင်ဘက်အသင်း ပရိသတ်တွေနဲ့ ဆက်ဆံတဲ့နေရာမှာ ချုပ်တည်းနိုင်မယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ပွဲအတွင်းမှာ ကန်ကျောက်တာတွေ၊ ပြစ်ဒဏ်ကျူးလွန်တာတွေ၊ ပြစ်ဒဏ်ပေးခံရတာတွေနဲ့ အဲဒီလို စိတ်ပျက်စရာကောင်းတဲ့ အရာတွေအားလုံး စုပြုံလာတာကတော့ ကွင်းလယ်ဒိုင်ရဲ့ တာဝန်ပါပဲ" ဟု မော်ရင်ဟိုက ဆိုသည်။

"ကျွန်တော်သာ ပွဲစတာနဲ့ ကန်ကျောက်ခံရမယ်ဆိုရင် ကျွန်တော့်ရဲ့ ပင်ကိုစရိုက်နဲ့ဆို တစ်မိနစ်အကြာမှာတင် အနီကတ်ထိသွားနိုင်တယ်။ ကွင်းလယ်ဒိုင်က အဲဒီနေရာမှာ ရှိနေရမှာဖြစ်ပြီး ကစားသမားတွေ အားလုံးကိုရော ပွဲစဉ်တစ်ခုလုံးကိုပါ ကာကွယ်ထိန်းကျောင်းပေးရမယ့်သူပါ" ဟုလည်း ၎င်းက ပြောသည်။

"အဲဒီအချိန်မျိုးမှာ ဗင်နီစီယက်စ်ကို ကူညီဖို့ သိပ်ခက်ခဲသွားပြီလို့ ကျွန်တော်ထင်တယ်။ ဒါပေမဲ့ ပြိုင်ဘက်အသင်းတွေရဲ့ အိမ်ကွင်းတွေမှာ သူ့ရဲ့ပြုမူဆက်ဆံပုံကတော့ ကျွန်တော်တို့ ပြုပြင်ပေးလို့ရတဲ့ အရာတစ်ခုပါ" ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

အဆိုပါ ပေါ်တူဂီနိုင်ငံသားနည်းပြက ၎င်းနှင့် ပြိုင်ပွဲကြီးကြပ်သူများကြားက ဆက်ဆံရေးနှင့် ပတ်သက်၍လည်း ဆွေးနွေးပြောဆိုခဲ့ပြီး စပိန်ဒိုင်များအပေါ် ယုံကြည်သည်ဟု ဆိုသည်။

"ကျွန်တော် စပိန်ဒိုင်တွေကို ယုံကြည်လားလို့ မေးရင်တော့ ကျွန်တော်ဖြေနေကျအတိုင်းပဲ ဖြေမှာပါ။ ပွဲတစ်ပွဲမစခင်တိုင်းမှာ ကွင်းလယ်ဒိုင်ကို ကျွန်တော် အမြဲယုံကြည်တယ်။ ပွဲပြီးသွားရင်တော့ တစ်ခါတလေမှာ တချို့အရာတွေကို သဘောမကျတာမျိုးတွေ ရှိတတ်တာပေါ့" ဟု ၎င်းက ပြောကြားခဲ့ပြီး စပိန်ဒိုင်များ၏ ဖြောင့်မတ်မှုကို ယုံကြည်သည်ဟု ထပ်လောင်းပြောဆိုခဲ့သည်။

မော်ရင်ဟိုက ၎င်း၏နည်းပြဘဝ အစောပိုင်းကာလများနှင့် နှိုင်းယှဉ်ပါက ပိုမိုတည်ငြိမ်လာပြီး စိတ်ခံစားချက်များကို ပိုမိုထိန်းချုပ်လာနိုင်ပြီဟု ခံစားမိကြောင်း ပြောကြားခဲ့သော်လည်း ထိုသို့သော တည်ငြိမ်အေးဆေးမှုကို ထိန်းထားနိုင်ရေးမှာ ယခုရာသီ၌ စိန်ခေါ်မှုဖြစ်လာမည်ဖြစ်ကြောင်း ဝန်ခံခဲ့သည်။ (Xinhua)

..........................................................................

(English Version)

Mourinho says Real Madrid squad set but leaves transfer door open

MADRID, Aug. 25 (Xinhua) -- Real Madrid coach Jose Mourinho said he does not need any new signings before the transfer window closes, although he refused to rule out further business at the club.

Speaking ahead of Wednesday's La Liga home game against Real Sociedad, Mourinho appeared more concerned about possible departures than arrivals.

"For me the squad is closed, but with the market still open, you never know what might happen," Mourinho said.

"You don't know if a player will come to you and say they want to leave because you've benched them for two consecutive matches. I see everyone very involved and with a great sense of unity, but it's something that can always happen," he explained.

Mourinho was also asked about Vinicius Jr. and the Brazilian winger's reactions to opposing fans.

"I think he can control his relationship with the opposing crowd. But in the game, kicks, fouls, penalties, and all that accumulation of frustration, that's the referee's responsibility," Mourinho said.

"I start the match and get kicked; with my personality, maybe I'd get a red card a minute later. The referee is the one who has to be there and the one who has to protect all the players and the game."

"At that point, I think it's very hard to help Vini. But in his relationship with opposing stadiums, that's something we can work on," Mourinho said.

The Portuguese coach also discussed his own relationship with match officials and expressed confidence in Spanish referees.

"Do I trust Spanish refereeing? I always say the same thing. Before each match, I always trust the referee. After the match? Sometimes there are things I don't like," he said, adding that he believed in the "honesty of Spanish referees."

Mourinho said he now felt "calmer, with more control over my emotions" than earlier in his career, although he acknowledged that maintaining that composure would be tested during the season.

Photo caption 1: Real Madrid's players celebrates a goal of Jude Bellingham (2nd L, front) during the La Liga football match between RCD Espanyol and Real Madrid CF in RCDE Stadium, Cornella, Spain, Aug. 22, 2026. (Photo by Joan Gosa/Xinhua)

Photo caption 2: Vinicius Jr. of Real Madrid celebrates his goal during the La Liga football match between Real Madrid and Real Sociedad in Madrid, Spain, Feb. 14, 2026. (Photo by Gustavo Valiente/Xinhua)