
တီဟီရန်၊ ဩဂုတ် ၂၆ ရက် (ဆင်ဟွာ)
အီရန်နှင့် အိုမန်တို့က ဟော်မုဇ်ရေလက်ကြား ရေကြောင်းလမ်း အသစ်နှင့် စပ်လျဉ်း၍ ရရှိထားသော နားလည်မှုအရ ပါရှန်ပင်လယ်ကွေ့သို့ ဝင်ရောက်သည့် ရေကြောင်းလမ်းသည် အီရန်ရေပြင်အား ဖြတ်သန်းသွားမည်ဖြစ်ကြောင်း၊ ပါရှန်ပင်လယ်ကွေ့မှ ထွက်ခွာသော ရေကြောင်းလမ်းသည် အိုမန်နှင့် အီရန်၏ ရေကြောင်းလမ်းများအား ဖြတ်သန်းသွားမည်ဖြစ်ကြောင်း၊ မည်သည့်စစ်သင်္ဘောမဆို အဆိုပါရေလက်ကြားမှ ဖြတ်သန်းသွားပိုင်ခွင့်မရှိဘဲ ကုန်သင်္ဘောများကိုသာ ဖြတ်သန်းသွားလာခွင့်ပြုမည်ဖြစ်ကြောင်း အီရန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Kazem Gharibabadi က ပြောကြားခဲ့သည်ဟု အီရန် အစ္စလာမ်မစ် သမ္မတနိုင်ငံ ရုပ်သံလွှင့်ဌာန (IRIB) ဩဂုတ် ၂၅ ရက်ညပိုင်း သတင်းအရ သိရသည်။
Kazem Gharibabadi က အီရန်နှင့် အိုမန်အကြား ရရှိထားသော နားလည်မှုသည် ဟော်မုဇ်ရေလက်ကြားအား ချက်ချင်းဖွင့်လှစ်သည်ဟု မဆိုလိုကြောင်း၊ အထက်ပါ ဖြတ်သန်းသွားလာမှု အစီအစဉ်သည် ယာယီအစီအမံသာ ဖြစ်ကြောင်း၊ နှစ်နိုင်ငံက နောက်ဆက်တွဲအနေဖြင့် ရက်ပေါင်း ၃၀ မှ ၆၀ အတွင်း ရာသက်ပန် ရေကြောင်းလမ်း အသစ်တစ်ခု သတ်မှတ်ရန်အတွက် ဆွေးနွေးညှိနှိုင်းမှု လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အီရန်၏ တောင်းဆိုချက်နှင့် အချက်အလက်များကို ဖြည့်ဆည်းပေးခြင်းမရှိပါက ဟော်မုဇ်ရေလက်ကြားကို ဆက်လက်ပိတ်ဆို့သွားမည်ဖြစ်ကြောင်း Kazem Gharibabadi က အလေးထားပြောကြားခဲ့သည်။ ရေလက်ကြားအား ပြန်လည်ဖွင့်လှစ်ရန် လိုအပ်ချက်များတွင် လက်ဘနွန်စစ်မြေပြင် အပါအဝင် စစ်ပွဲအားလုံးကို လုံးဝအဆုံးသတ်ရန်၊ ပိတ်ဆို့မှုများအား ပယ်ဖျက်ရန်၊ ယီမင်အရေးကိစ္စအား လျော်ကန်စွာ ဖြေရှင်းရန်တို့ ပါဝင်ကြောင်း၊ ထို့ပြင် အမေရိကန်အနေဖြင့် ထိုမတိုင်ခင် မထမ်းဆောင်ထားသည့် ကတိအားလုံးကို ဘက်စုံ မဖြစ်မနေ ထမ်းဆောင်ရမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုခဲ့သည်။
အမေရိကန်က ဟော်မုဇ်ရေလက်ကြားရှိ ရေမြုပ်မိုင်းအားလုံးအား ရှင်းလင်းပြီးပြီ ဟူသောပြောဆိုချက်သည် “ဝါဒဖြန့်ချိမှု မုသားစကား” သာဖြစ်ကြောင်း၊ အီရန်အနေဖြင့် အဆိုပါဒေသသို့ ဝင်ရောက်သော အမေရိကန် မိုင်းရှင်းလင်းရေးသင်္ဘောများကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း Kazem Gharibabadi က ပြောကြားခဲ့သည်။
အမေရိကန် သမ္မတ ထရမ့်က ဟော်မုဇ်ရေလက်ကြား “နိုင်ငံတကာရေပြင်” အတွင်းရှိ ရေမြှုပ်မိုင်းအားလုံးကို ရှင်းလင်းခြင်း သို့မဟုတ် ဖောက်ခွဲခြင်း လုပ်ဆောင်ပြီးဖြစ်ကြောင်း၊ အမေရိကန်အနေဖြင့် အီရန်ဘက်က ရေမြှုပ်မိုင်း ထားရှိသည့် လုပ်ရပ်အပေါ် “လုံးဝသည်းညည်းမခံရေး” မူဝါဒ ကျင့်သုံးကြောင်း၊ မိုင်းအသစ်ထားရှိသည့် မည်သည့် သင်္ဘောမဆို ချက်ချင်းဖျက်ဆီးခံရမည်ဖြစ်ကြောင်း ဩဂုတ် ၂၅ ရက် အစောပိုင်းတွင် ပြောကြားခဲ့သည်။ (Xinhua)
-----------------------------------------------------------
(Chinese Version)
伊朗称霍尔木兹海峡临时航线谅解达成 仅限商船通行
新华社德黑兰8月25日电 据伊朗伊斯兰共和国广播电视台25日晚报道,伊朗外交部副部长加里巴巴迪表示,根据伊朗与阿曼就霍尔木兹海峡航线新达成的谅解,进入波斯湾的航线将途经伊朗水域,离开波斯湾的航线将途经阿曼和伊朗水域,任何军舰不得通过该海峡,只允许商船通行。
加里巴巴迪表示,伊朗与阿曼之间的谅解并不意味着立即开放霍尔木兹海峡,上述通行安排为临时措施,两国后续将在30至60天内就划设一条新的永久航线展开谈判。
加里巴巴迪强调,如果伊朗的要求和条件得不到满足,霍尔木兹海峡将继续关闭。他表示,重开海峡的前提条件包括彻底结束黎巴嫩战线在内的所有战事、解除封锁、妥善解决也门问题,此外,美国必须全面履行其此前未能履行的所有承诺。
加里巴巴迪说,美国声称已清除霍尔木兹海峡水雷的说法是“宣传谎言”,伊朗将打击进入该区域的美国扫雷舰。
美国总统特朗普25日稍早时称,霍尔木兹海峡“国际水域”内的所有水雷均已被清除或引爆,美方对伊朗布设水雷行为实行“零容忍”政策,任何船只若布设新水雷,将立即被摧毁。(完)
图说:这是5月29日在阿曼北部小镇海塞卜拍摄的滞留在霍尔木兹海峡水域的商船(手机照片)。新华社记者温新年摄








