၂၅ ကြိမ်မြောက် တရုတ်-အိန္ဒိယ နယ်နိမိတ်အရေး အထူးကိုယ်စားလှယ်များ ဆွေးနွေးပွဲကို တရုတ်နိုင်ငံ ပေကျင်းမြို့၌ 
၂၀၂၆ ခုနှစ် ဩဂုတ် ၂၅ ရက်က ကျင်းပခဲ့ရာ တရုတ်နိုင်ငံဘက်မှ အထူးကိုယ်စားလှယ်ဖြစ်သော တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိနှင့် အိန္ဒိယနိုင်ငံဘက်မှ အထူးကိုယ်စားလှယ်၊ အိန္ဒိယနိုင်ငံ အမျိုးသား လုံခြုံရေးအကြံပေးပုဂ္ဂိုလ် Ajit Doval တို့ တွေ့ဆုံဆွေးနွေးနေစဉ် (ဆင်ဟွာ)
၂၅ ကြိမ်မြောက် တရုတ်-အိန္ဒိယ နယ်နိမိတ်အရေး အထူးကိုယ်စားလှယ်များ ဆွေးနွေးပွဲကို တရုတ်နိုင်ငံ ပေကျင်းမြို့၌ ၂၀၂၆ ခုနှစ် ဩဂုတ် ၂၅ ရက်က ကျင်းပခဲ့ရာ တရုတ်နိုင်ငံဘက်မှ အထူးကိုယ်စားလှယ်ဖြစ်သော တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိနှင့် အိန္ဒိယနိုင်ငံဘက်မှ အထူးကိုယ်စားလှယ်၊ အိန္ဒိယနိုင်ငံ အမျိုးသား လုံခြုံရေးအကြံပေးပုဂ္ဂိုလ် Ajit Doval တို့ တွေ့ဆုံဆွေးနွေးနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၂၆ ရက် (ဆင်ဟွာ)

၂၅ ကြိမ်မြောက် တရုတ်-အိန္ဒိယ နယ်နိမိတ်အရေး အ   ထူးကိုယ်စားလှယ်များ ဆွေးနွေးပွဲကို တရုတ်နိုင်ငံ ပေကျင်းမြို့၌ ဩဂုတ် ၂၅ ရက်တွင် ကျင်းပခဲ့သည်။ တရုတ်နိုင်ငံဘက်မှ အထူးကိုယ်စားလှယ်ဖြစ်သော တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိနှင့် အိန္ဒိယနိုင်ငံဘက်မှ အထူးကိုယ်စားလှယ်၊ အိန္ဒိယနိုင်ငံ အမျိုးသား လုံခြုံရေးအကြံပေးပုဂ္ဂိုလ် Ajit Doval တို့သည် တရုတ်-အိန္ဒိယ နယ်နိမိတ်အရေးနှင့် နှစ်ဖက်ဆက်ဆံရေး စသည်တို့နှင့်စပ်လျဉ်း၍ ဘက်စုံနက်ရှိုင်းမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပွင့်လင်းရိုးသားမှုရှိစွာ ဆွေးနွေးဖလှယ်ခဲ့သည်။

ထိုသို့ ဆွေးနွေးရာတွင် ဝမ်ရိက တရုတ်-အိန္ဒိယ ဆက်ဆံရေး ကောင်းမွန်တည်ငြိမ်စွာ တိုးတက်ခြင်းသည် နှစ်နိုင်ငံပြည်သူများ၏ အခြေခံအကျိုးစီးပွားနှင့်ကိုက်ညီရာ ကမ္ဘာနှင့်မဟာဗျူဟာ အနက်အဓိပ္ပာယ်ရှိကြောင်း ပြောကြားခဲ့သည်။

မကြာသေးမီနှစ်များက သမ္မတ ရှီကျင့်ဖိန်နှင့် ဝန်ကြီးချုပ် မိုဒီတို့သည် ကာဇန်မြို့၊ ထျန်းကျင်းမြို့တို့တွင် အောင်မြင်စွာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အရေးကြီးသဘောတူညီချက်များ ရရှိခဲ့ရာ နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်တိုးတက်ရေးအတွက် ရှင်းလင်းသော လမ်းညွှန်ချက်ပေးခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံနှင့်အတူ နှစ်နိုင်ငံဆက်ဆံရေးကို မြင့်မားသော မဟာဗျူဟာနှင့် ရေရှည်ရှုထောင့်မှ ကိုင်တွယ်စီမံသွားလိုကြောင်း၊ ချစ်ကြည်သင့်မြတ်သည့် အိမ်နီးချင်းမိတ်ဆွေ၊ အပြန်အလှန် အောင်မြင်ဖြစ်ထွန်းစေသည့် မိတ်ဖက်အဖြစ် “နဂါးနှင့် ဆင် ပနံသင့်စွာ အတူယှဉ်တွဲနေထိုင်ခြင်း” ကို ဖော်ဆောင်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဝမ်ရိက နှစ်ဖက်အနေဖြင့် သမိုင်းအတွေ့အကြုံကို အနှစ်ချုပ်သုံးသပ်ကာ နယ်နိမိတ်အရေးကို နှစ်နိုင်ငံ ဆက်ဆံရေး၏ သင့်လျော်သည့်နေရာအနေအထားတွင် ထားရှိရန်၊ ရှေ့သို့ ခိုင်ခိုင်မာမာ လျှောက်လှမ်းရန်၊ ရပ်တန့်မနေ၊ နောက်ဆုတ်မနေ၊ လမ်းလွဲမနေရန်လည်းကောင်း၊ စေ့စပ်ဆွေးနွေးရေး၊ ငြိမ်းချမ်းရေး၊ ညှိနှိုင်းဆွေးနွေးရေး၊ ပူးပေါင်းဆောင်ရွက်ရေးကို ပင်မရေစီးကြောင်းအဖြစ် ထားရှိရန် ဆောင်ရွက်ကာ နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန် တည်ငြိမ်စွာ တိုးတက်စေရေးအတွက် အပြုသဘောအကြောင်းတရားများ ဖြည့်တင်းသင့်ကြောင်း ပြောကြားခဲ့သည်။

Ajit Doval က နှစ်နိုင်ငံ အကြီးအကဲများ၏ ဦးဆောင်မှုအောက်တွင် အိန္ဒိယ-တရုတ် ဆက်ဆံရေးသည် မှန်ကန်သောလမ်းကြောင်းသို့ ပြန်လည်ရောက်ရှိကာ ကဏ္ဍစုံ ပူးပေါင်းဖလှယ်မှုများ တည်ငြိမ်ကောင်းမွန်စွာ ရှေ့ဆက်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ မဟာဗျူဟာညှိနှိုင်းဆွေးနွေးမှုများကို တစ်ဆင့်တိုး နီးကပ်စွာ ဆောင်ရွက်သွားရန်၊ အပြန်အလှန်အကျိုးဖြစ်ထွန်းသည့် ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ရန်၊ ဘက်စုံညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်၊ နယ်စပ်ဒေသကို ထိရောက်စွာ စီမံထိန်းချုပ်ရန်၊ နယ်နိမိတ်အရေး ဖြေရှင်းမှုနည်းလမ်းများကို ရှာဖွေရန်၊  အိန္ဒိယ-တရုတ် ဆက်ဆံရေး ကောင်းမွန်တိုးတက်မှု အရှိန်မြှင့်တင်ရေးကို တွန်းအားပေးရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထို့အပြင် နှစ်ဖက်က နယ်နိမိတ်ပိုင်းခြားမှု စေ့စပ်ဆွေးနွေးရေးကို တွန်းအားပေးဆောင်ရွက်ရန်၊ နယ်စပ်ဒေသ စီမံထိန်းချုပ်ရေးကို ကောင်းမွန်စွာ ဆောင်ရွက်ရန်၊ ယန္တရားတည်ဆောက်ရေးကို ကောင်းမွန်ပြည့်စုံစေရန်၊ နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် စသည့် အကြောင်းအရာများနှင့်စပ်လျဉ်း၍ နက်ရှိုင်းစွာ ဖလှယ်ခဲ့ပြီး အပြန်အလှန် လေးစားမှု၊ အပြန်အလှန် ခွင့်လွှတ်နားလည်းပေးမှုစိတ်ဓာတ်ကို အရင်းခံကာ တရားမျှတမှုနှင့် ကျိုးကြောင်းဆီလျှော်မှုရှိ၍ နှစ်ဖက်စလုံး လက်ခံနိုင်သော နယ်နိမိတ်အရေး ဖြေရှင်းမှုနည်းလမ်းများကို ရှာဖွေရန် ထပ်လောင်းပြောကြားခဲ့သည်။ နှစ်ဖက်အနေဖြင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးခြင်းမှတစ်ဆင့် နယ်နိမိတ်ပြဿနာကို ကောင်းမွန်သင့်လျော်စွာ ဆက်လက်ဖြေရှင်းပြီး နယ်စပ်တည်ငြိမ်အေးချမ်းရေးကို အတူတကွ ကာကွယ်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

၂၅ ကြိမ်မြောက် တရုတ်-အိန္ဒိယ နယ်နိမိတ်အရေး အထူးကိုယ်စားလှယ်များ ဆွေးနွေးပွဲကို တရုတ်နိုင်ငံ ပေကျင်းမြို့၌ 
၂၀၂၆ ခုနှစ် ဩဂုတ် ၂၅ ရက်က ကျင်းပခဲ့ရာ တရုတ်နိုင်ငံဘက်မှ အထူးကိုယ်စားလှယ်ဖြစ်သော တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိနှင့် အိန္ဒိယနိုင်ငံဘက်မှ အထူးကိုယ်စားလှယ်၊ အိန္ဒိယနိုင်ငံ အမျိုးသား လုံခြုံရေးအကြံပေးပုဂ္ဂိုလ် Ajit Doval တို့ တွေ့ဆုံဆွေးနွေးနေစဉ် (ဆင်ဟွာ)
၂၅ ကြိမ်မြောက် တရုတ်-အိန္ဒိယ နယ်နိမိတ်အရေး အထူးကိုယ်စားလှယ်များ ဆွေးနွေးပွဲကို တရုတ်နိုင်ငံ ပေကျင်းမြို့၌ ၂၀၂၆ ခုနှစ် ဩဂုတ် ၂၅ ရက်က ကျင်းပခဲ့ရာ တရုတ်နိုင်ငံဘက်မှ အထူးကိုယ်စားလှယ်ဖြစ်သော တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိနှင့် အိန္ဒိယနိုင်ငံဘက်မှ အထူးကိုယ်စားလှယ်၊ အိန္ဒိယနိုင်ငံ အမျိုးသား လုံခြုံရေးအကြံပေးပုဂ္ဂိုလ် Ajit Doval တို့ တွေ့ဆုံဆွေးနွေးနေစဉ် (ဆင်ဟွာ)

--------------------------------------------------------------------------------------

(Chinese Version)

中印边界问题特别代表在北京举行会晤

新华社北京8月25日电(记者伍岳)中印边界问题特别代表第25次会晤25日在北京举行。中方特别代表、中共中央政治局委员、中央外办主任王毅同印方特别代表、国家安全顾问多瓦尔就中印边界问题和双边关系等进行了全面深入、友好坦诚的沟通。   

王毅表示,中印关系健康稳定发展符合两国人民根本利益,具有全球和战略意义。近年来,习近平主席和莫迪总理在喀山、天津两次会晤,达成一系列重要共识,为两国关系改善发展指明方向。中方愿同印方从战略高度和长远角度把握两国关系,做睦邻友好的朋友、相互成就的伙伴,实现“龙象共舞”。   

王毅表示,双方应总结历史经验,将边界问题置于双边关系适当位置,坚持向前走,不停滞、不倒退、不偏航,让对话、和平、协商、合作成为主流,为两国关系健康稳定发展注入积极因素。   

多瓦尔表示,在两国领导人引领下,印中关系重回正轨,各领域交流合作稳步推进。印方愿同中方进一步密切战略沟通,拓展互惠合作,深化多边协作,有效管控边境地区,探索边界问题解决方案,推动印中关系加快改善发展。   

双方就推进划界谈判、做好边境管控、完善机制建设、推进跨境合作等深入沟通,重申将本着相互尊重、相互谅解精神,寻求公平合理、双方都能接受的边界问题一揽子解决方案。双方将继续通过对话协商妥善处理边界问题,共同维护边境和平安宁。(完)

1. 8月25日,中印边界问题特别代表第25次会晤在北京举行。中方特别代表、中共中央政治局委员、中央外办主任王毅同印方特别代表、国家安全顾问多瓦尔就中印边界问题和双边关系等进行了全面深入、友好坦诚的沟通。 新华社记者 张领 摄