
ပေကျင်း၊ ဩဂုတ် ၂၆ ရက် (ဆင်ဟွာ)
အီရန်အပေါ် ပိတ်ဆို့အရေးယူမှုတွင် ပါဝင်ခြင်းမရှိသော နိုင်ငံများအပေါ် တုံ့ပြန်အရေးယူမှုများ ပြုလုပ်ရန် အမေရိကန်ဘက်က စီစဉ်နေကြောင်း သတင်းဖော်ပြချက်များနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က ဩဂုတ် ၂၅ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ မေးခွန်းများကို ဖြေကြားရာ၌ အပြည်ပြည်ဆိုင်ရာဥပဒေ အခြေခံမရှိဘဲ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အခွင့်အာဏာအပ်နှင်းမှုမပါရှိသော တရားမဝင် တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှုများကို ပြတ်ပြတ်သားသား ဆန့်ကျင်သည်ဟု တရုတ်နိုင်ငံဘက်က အကြိမ်ကြိမ် ထုတ်ဖော်ပြောကြားခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
စီးပွားရေးစစ်ပွဲနှင့် အဆုံးစွန် ဖိအားပေးခြင်းတို့သည် ပြဿနာကို ဖြေရှင်းရာတွင် အထောက်အကူမပြုဘဲ ပဋိပက္ခများကို ပိုမိုပြင်းထန်လာစေကာ ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်စေပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှင့် ဘဏ္ဍာရေး တည်ငြိမ်မှုကို ပျက်ပြားစေသလို အခြားနိုင်ငံများ၏ တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားများကို ထိခိုက်စေမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ပထမဦးစားပေး ဆောင်ရွက်ရမည့်အရာမှာ ပဋိပက္ခ အခြေအနေများ ပြေလည်လျော့ပါးသွားအောင် ဖော်ဆောင်ပြီး ဆွေးနွေးညှိနှိုင်းရေး လမ်းကြောင်းပေါ်သို့ အမြန်ဆုံး ပြန်လည်ရောက်ရှိရေးပင် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နှင့် အီရန်တို့၏ ပူးပေါင်းဆောင်ရွက်မှုသည် အပြည်ပြည်ဆိုင်ရာဥပဒေ မူဘောင်အတွင်း၌သာ အမြဲမပြတ် ဆောင်ရွက်ခြင်းဖြစ်၍ နှောင့်ယှက်ဖျက်ဆီးမှု မခံရသင့်ကြောင်း လျင်ကျန့်က ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် ဆက်စပ်လှုပ်ရှားမှုများကို အနီးကပ် စောင့်ကြည့်လျက်ရှိပြီး မိမိတို့၏ တရားဝင် အခွင့်အရေးနှင့် အကျိုးစီးပွားများကို ပြတ်ပြတ်သားသား ကာကွယ်စောင့်ရှောက်ရန် လိုအပ်သော အစီအမံအားလုံးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
----------------
(Chinese Version)
外交部:中国同伊朗的合作始终在国际法框架内进行
新华社北京8月25日电(记者马卓言、吴梦桐)针对有报道说美方计划对不参与制裁伊朗的国家采取反制措施,外交部发言人林剑25日在例行记者会上表示,中方已多次表明,坚决反对没有国际法依据、未经联合国安理会授权的非法单边制裁。经济战、极限施压无助于解决问题,只会进一步激化矛盾冲突,造成风险外溢,扰乱全球经济金融秩序,损害他国正当权益。当务之急是推动局势降温,尽快回归对话谈判轨道。
林剑说,中国同伊朗的合作始终在国际法框架内进行,不应受到干扰破坏。中方正密切关注相关动向,将采取一切必要措施,坚定维护自身权益。








