ပေကျင်း၊ ဩဂုတ် ၂၆ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာရေးရာဌာနနှင့် အမေရိကန် အာရှလူမှုအသင်း (Asia Society) တို့ အတူတကွ ကြီးမှူးကျင်းပသည့် တတိယအကြိမ် တရုတ်-အမေရိကန် Track 1.5 ဆွေးနွေးပွဲကို ဩဂုတ် ၂၅ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပခဲ့ရာ အဓိကအကြောင်းအရာခေါင်းစဉ်မှာ “အပြုသဘောဆောင်သော မဟာဗျူဟာမြောက် တည်ငြိမ်မှု - ခေတ်သစ် တရုတ်-အမေရိကန် လက်တွေ့ပူးပေါင်းဆောင်ရွက်မှု” ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲသို့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာရေးရာဌာန ဝန်ကြီး လျိုဟိုင်ရှင်း တက်ရောက်၍ အဓိကအမှာစကား ပြောကြားခဲ့သည်။ တရုတ်နိုင်ငံဘက်မှ သက်ဆိုင်ရာဌာန၊ ဒေသန္တရအစိုးရ၊ Think Tank ၊ အဆင့်မြင့်ပညာရေး တက္ကသိုလ်ကျောင်းနှင့် အမေရိကန် အာရှလူမှုအသင်း ပူးတွဲဥက္ကဋ္ဌ John L. Thornton စသည့် အမေရိကန် မဟာဗျူဟာမြောက်လောက၊ စက်မှုစီးပွားလောကမှ လူပုဂ္ဂိုလ်များ တရုတ်နိုင်ငံ ပြည်တွင်းပြည်ပ ကိုယ်စားလှယ်ပေါင်း ၄၀ ခန့်လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

နှစ်ဖက်က ပွင့်လင်းမှု၊ နက်ရှိုင်းမှု အပြုသဘောဆောင်မှုရှိစွာ ဖလှယ်ခဲ့ကြပြီး တရုတ်-အမေရိကန် ဆက်ဆံရေးသည် အထူးပင်အရေးကြီးကြောင်း၊ လက်ရှိနှစ်နိုင်ငံဆက်ဆံရေးမှာ အရေးကြီးအဆင့်တွင် ရောက်ရှိနေသည်ဟု ယူဆကြောင်း ဆွေးနွေးပွဲ တက်ရောက်သူများက ဆိုကြသည်။

နှစ်ဖက်အနေဖြင့် နှစ်နိုင်ငံအကြီးအကဲများ ရရှိထားသည့် အရေးကြီးသဘောတူညီချက်ကို အတူတကွ ကောင်းမွန်စွာအကောင်အထည်ဖော်၍ တရုတ်-အမေရိကန် အပြုသဘောဆောင်သော မဟာဗျူဟာမြောက် တည်ငြိမ်မှု ဆက်ဆံရေး အခြေအနေအသစ်ကို အခြေခံကာ ချိတ်ဆက်ဆွေးနွေးမှု တိုးမြှင့်ခြင်း၊ နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှု မြှင့်တင်ခြင်း၊ ကုန်သွယ်စီးပွားရေး၊ ပြည်သူအချင်းချင်းဖလှယ်မှု၊ ဒေသန္တရ၊ ဆေးကုသရေး၊ ဉာဏ်ရည်တု (AI) ၊ စားနပ်ရိက္ခာဖူလုံမှု စသည့်ကဏ္ဍ ပူးပေါင်းဖလှယ်မှုများကို မြှင့်တင်ခြင်း၊ ကွဲလွဲမှုများအား လျော်ကန်စွာစီမံခြင်းတို့ဖြင့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို အတူတကွရင်ဆိုင်သင့်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။ (Xinhua)

--------------------

(Chinese Version)

第三届中美1.5轨对话举行

新华社北京8月25日电(记者曹嘉玥)8月25日,由中共中央对外联络部和美国亚洲协会共同主办的第三届中美1.5轨对话在北京举行,主题为“建设性战略稳定——新时代中美务实合作”。中联部部长刘海星出席并发表主旨讲话。中方有关部门、地方政府、智库、高校以及美国亚洲协会董事会共同主席桑顿等美战略界、工商界人士约40名中外代表参加。  

双方进行坦诚、深入、建设性交流,认为中美关系至关重要,当前两国关系正处于重要节点。双方应共同落实好两国元首达成的重要共识,立足中美建设性战略稳定关系新定位,加强沟通对话,增进政治互信,促进经贸、人文、地方、医疗、人工智能、粮食安全等领域交流合作,妥善处理分歧,共同应对全球性挑战。(完)