
ဂျကာတာ၊ ဩဂုတ် ၂၅ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း နူဆာတန်ဂါရာပြည်နယ် အနီးတစ်ဝိုက် ပင်လယ်ပြင်၌ ဩဂုတ် ၁၅ ရက်က လှုပ်ခတ်ခဲ့သော ပြင်းအား ၇.၇ အဆင့်ရှိ ငလျင်ကြောင့် လူ ၁၀၀ သေဆုံးခဲ့ပြီး ၁,၆၀၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ လက်ရှိတွင် လူဦးရေ ၁၈၀,၀၀၀ ကျော်သည် ဘေးလွတ်ရာသို့ ရှောင်တိမ်းနေရသည့် အခြေအနေ ရှိနေဆဲဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံ အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု အေဂျင်စီ (BNPB) က ဩဂုတ် ၂၄ ရက်တွင် ပြောကြားခဲ့သည်။
သက်ဆိုင်ရာဌာနများသည် ငလျင်ဒဏ်သင့်ပြည်သူများထံသို့ ကယ်ဆယ်ရေးပစ္စည်းများ အဆက်မပြတ် ပို့ဆောင်ပေးလျက်ရှိပြီး ဝေးလံသောဒေသမှ ဘေးလွတ်ရာရှောင်တိမ်းသော ပြည်သူများအတွက် အကူအညီ ပံ့ပိုးပေးခြင်းများလည်း ပါဝင်ကြောင်း BNPB တာဝန်ရှိပုဂ္ဂိုလ် Suharyanto က ထိုနေ့တွင် ကျင်းပသော အွန်လိုင်းသတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
လက်ရှိတွင် နောက်ဆက်တွဲငလျင် ၆,၄၀၉ ကြိမ် မှတ်တမ်းတင်ရရှိထားပြီးဖြစ်ကာ ၎င်းအနက် ငလျင်လှုပ်ခတ်မှု ၃၃ ကြိမ်သည် ပြင်းအား အဆင့် ၅.၀ သို့မဟုတ် အဆင့် ၅.၀ နှင့်အထက်ရှိကြောင်း၊ အင်အားအပြင်းဆုံး နောက်ဆက်တွဲငလျင်၏ ပြင်းအားမှာ ၆.၂ အဆင့်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ မိုးလေဝသ၊ ရာသီဥတုနှင့် ဘူမိရူပဗေဒ အေဂျင်စီက အဓိကငလျင်ကြီး လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲငလျင် လှုပ်ခတ်မှုသည် သီတင်းပတ် သုံးပတ်မှ လေးပတ်အထိ ကြာမြင့်နိုင်ကြောင်း၊ သို့သော် လှုပ်ခတ်သည့် ကြိမ်နှုန်းနှင့် ပြင်းအားသည် တစ်ဆင့်ချင်း လျော့ကျလာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
-----------------------------------------------------------
(Chinese Version)
印尼强震死亡人数升至100人
新华社雅加达8月24日电(记者李斯博)印度尼西亚国家抗灾署24日说,8月15日发生在东努沙登加拉省附近海域的7.7级地震已造成100人死亡、1603人受伤,目前仍有逾18万人处于避难状态。
印尼国家抗灾署负责人苏哈扬托在当天举行的线上新闻发布会上说,相关部门正持续向受灾人员运送救援物资,包括向偏远地区的避难人员提供援助。
他还说,目前已记录到6409次余震,其中33次震级达到或超过5.0级,最强余震为6.2级。近几日余震活动总体呈减弱趋势。
印尼气象、气候和地球物理局表示,主震发生后,余震可能持续三至四周,但发生频率和强度将逐步下降。(完)
图说1:8月15日,在印度尼西亚弗洛勒斯岛,一名男子查看在地震中被损毁的房屋。新华社发(阿里芬摄)








