အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ရှိ အမေရိကန်ဘဏ္ဍာရေးဌာန အဆောက်အအုံကို ၂၀၂၆ ခုနှစ် ဩဂုတ် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ရှိ အမေရိကန်ဘဏ္ဍာရေးဌာန အဆောက်အအုံကို ၂၀၂၆ ခုနှစ် ဩဂုတ် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ ဩဂုတ် ၂၅ ရက် (ဆင်ဟွာ)

အမေရိကန်သည် အီရန်ကို တစ်ဆင့်တိုးဖိအားပေးရန် ဩဂုတ် ၂၄ ရက်မှစတင်ကာ အီရန်အား “စီးပွားရေးအရ အထီးကျန်စေမည့်” ပိတ်ဆို့အရေးယူမှု အစီအမံအသစ်များ စတင်လုပ်ဆောင်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Scott Bessent က ယင်းနေ့ မွန်းလွဲပိုင်းတွင် သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး ကြေညာခဲ့သည်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC) က ဩဂုတ် ၂၄ ရက်တွင် ထုတ်ပြန်သော ကြေညာချက်အရ အမေရိကန်သည် ထိုနေ့မှစတင်ကာ အီရန်အပေါ် စီးပွားရေးပိတ်ဆို့အရေးယူမှုအတိုင်းအတာကို လေကြောင်း၊ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှု၊ ရွှေ၊ ရေကြောင်းသယ်ယူပို့ဆောင်ရေးနှင့် နည်းပညာလုပ်ငန်း စသည့် နယ်ပယ် ၅ ခုအထိ တိုးချဲ့ခဲ့ကြောင်း သိရသည်။ အမေရိကန်အနေဖြင့် အီရန်နှင့်ပတ်သက်သည့် ခွင့်ပြုချက်များစွာကိုလည်း ရပ်ဆိုင်းမည်ဖြစ်ပြီး ပညာရေးဆိုင်ရာ လှုပ်ရှားမှုနှင့် ဝန်ဆောင်မှု အချို့၊ ကိုယ်ပိုင်ငွေလွှဲမှုများ၊ အားကစားနှင့် ပညာရပ်ဆိုင်ရာ ဖလှယ်မှုများ စသည့်တို့ ပါဝင်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ ထို့အပြင် အီရန်နှင့်ဆက်စပ်သော အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်နှင့် သင်္ဘော ၆၀ ခန့်ကို ပိတ်ဆို့အရေးယူမှုစာရင်းတွင် ထည့်သွင်းလိုက်ရာ နျူကလီးယားနှင့် ဒုံးကျည်နည်းပညာ၊ ဆိုက်ဘာလှုပ်ရှားမှု၊ ရေနံကုန်သွယ်မှု စသည်တို့ ပါဝင်သည်။

Bessent က အမေရိကန်သည် အီရန်အစိုးရ အပြည့်အဝအထီးကျန်ဖြစ်သည်အထိ ၎င်း၏ စီးပွားရေးအသက်သွေးကြောတိုင်းကို ဖြတ်တောက်ပစ်ရန် အီရန်၏ ကမ္ဘာတစ်ဝန်း ဘဏ္ဍာရေးဆက်သွယ်မှုများအပေါ် “ပြင်းထန်သောတိုက်ခိုက်မှုများ” စတင်ခဲ့သည်ဟု ပြောကြားခဲ့သည်။ ၎င်းက “ဒီနေ့ကစပြီး ဘဏ္ဍာရေးဌာနနဲ့ အခြားဌာနများက ပိတ်ဆို့အရေးယူမှုများကို တင်းကျပ်စေပြီး အီရန်အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့နဲ့ အီရန်အစိုးရရဲ့ အလားအလာရှိတဲ့ ဝင်ငွေအအရင်းမြစ်တိုင်းကို ပိတ်ဆို့သွားမှာဖြစ်တယ်” ဟု ဆိုသည်။

Bessent က အမေရိကန်ဘက်အနေဖြင့် “မီးခိုးရောင်နယ်ပယ် လုပ်ဆောင်ချက်” ဟု ဆိုသည့်အရာများကို လက်ခံမည်မဟုတ်ဘဲ သက်ဆိုင်ရာနိုင်ငံများက အရေးယူဆောင်ရွက်မှုမရှိပါက အမေရိကန်ဘဏ္ဍာရေးဌာနက တစ်ဖက်သတ်အရေးယူမှုများ ပြုလုပ်မည်ဟု ပြောကြားခဲ့သည်။ အီရန်အတွက် ငွေကြေးခဝါချမှု ပြုလုပ်ပေးသည့် မည်သည့်အဖွဲ့အစည်းမဆို ဒေါ်လာစနစ်မှ ဖယ်ရှားခံရမည်ဖြစ်ကြောင်း၊ အမေရိကန်သမ္မတ ထရမ့်သည် အီရန်နှင့် အဆက်အသွယ်ဖြတ်တောက်ရန် တိကျသောတောင်းဆိုချက်များနှင့်စပ်လျဉ်း၍ နိုင်ငံအများအပြားမှ ခေါင်းဆောင်များအား ဖုန်းဆက်ပြောကြားလျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

အီရန်သမ္မတရုံး၏ ဩဂုတ် ၂၄ ရက် သတင်းအရ အီရန်သမ္မတ မာဆော့ ပါဇက်ရှ်ကီရမ်က ထိုနေ့တွင် အမေရိကန်အနေဖြင့် “အီရန်နဲ့ ဆက်ဆံရာမှာ ၎င်း၏အပြောအဆိုနဲ့ လုပ်ရပ်တွေကို ပြောင်းလဲသင့်တယ်” ဟု ပြောကြားခဲ့ပြီး အာဏာနှင့် ဗိုလ်ကျကြီးစိုးမှုကို အားကိုးခြင်းသည် သက်ဆိုင်ရာလုပ်ငန်းစဉ်ကို ပိုမိုရှုပ်ထွေးစေရုံသာဖြစ်မည်ဟု ဆိုသည်။ ထိုနေ့တွင်ပင် အီရန်ထိပ်တန်းခေါင်းဆောင်၏ အကြံပေးပုဂ္ဂိုလ် Mohammad Mokhber က အမေရိကန်၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်ရာတွင် အီရန်၏ တုံ့ပြန်မှုသည် ယခင်ကထက် ပိုမိုပြတ်သားလိမ့်မည်ဟု ပြောကြားခဲ့သည်။  (Xinhua)

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ရှိ အမေရိကန်ဘဏ္ဍာရေးဌာန အဆောက်အအုံကို ၂၀၂၆ ခုနှစ် ဩဂုတ် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ရှိ အမေရိကန်ဘဏ္ဍာရေးဌာန အဆောက်အအုံကို ၂၀၂၆ ခုနှစ် ဩဂုတ် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

.............................

(Chinese Version)

美宣布对伊朗实施“经济孤立”新措施加大施压

新华社纽约8月24日电(记者刘亚南 徐静)美国财政部长贝森特24日下午召开新闻发布会,宣布美国当日发起对伊朗“经济孤立”的新一轮制裁措施,以进一步加大对伊施压。  

据美财政部外国资产控制办公室24日发布的公告,美国从当日起把对伊朗经济制裁范围扩大到航空、数字资产、黄金、航运和技术行业等5个领域。公告称,美国还将暂停多项涉伊朗的许可,涉及部分教育活动和服务、个人汇款、体育和学术交流等。此外,约60个伊朗相关实体、个人和船只被列入制裁清单,覆盖核与导弹技术、网络行动、石油贸易等。  

贝森特说,美国针对伊朗在全球的金融联系发起“猛攻”,旨在切断伊朗政府每条经济生命线,直至其完全孤立。他称:“从今天开始,财政部和其他部门将收紧制裁并封锁伊朗伊斯兰革命卫队和伊朗政府每一项潜在收入来源。”

贝森特还称,美方不再接受所谓“灰色区域运作”,若相关国家不采取措施,美财政部将采取单方面行动。任何为伊朗洗钱的实体将被移出美元体系。美国总统特朗普正在就停止与伊朗往来的具体要求致电多方领导人。  

据伊朗总统府24日消息,伊朗总统佩泽希齐扬当天表示,美国“应改变与伊朗打交道时的言辞和做法”,依靠强权和霸凌只会使相关进程更加复杂。同天,伊朗最高领袖顾问穆赫贝尔表示,面对美方威胁,伊朗的回应将比以往更加坚决。(完)

图说:这是8月24日在美国首都华盛顿拍摄的财政部大楼。新华社记者 李睿 摄