
ကိုင်ရို၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ)
တရုတ်နှင့် အီဂျစ် နှစ်နိုင်ငံ လေတပ်၏ " Eagles of Civilization-2026" ပူးတွဲလေ့ကျင့်မှုကို ဒေသစံတော်ချိန် ဩဂုတ် ၂၃ ရက်တွင် အီဂျစ် လေတပ်စခန်း တစ်ခု၌ ပထမဆုံး ပျံသန်းမှု စတင်ခဲ့သည်။
ကျယ်လောင်လှသော မြည်ဟိန်းသံကြီးများနှင့်အတူ တရုတ် လေတပ်၏ J-16 တိုက်လေယာဉ်နှင့် အီဂျစ် လေတပ် တိုက်လေယာဉ်တို့သည် ပြေးလမ်းအတိုင်း အရှိန်ယူ၍ ကောင်းကင်ထက်သို့ ပျံတက်သွားခဲ့ကြသည်။ နှစ်ဖက်စလုံးသည် လက်တွေ့စစ်မြေပြင်တိုက်ပွဲ အခြေအနေများနှင့်အညီ အလယ်အလတ်နှင့် အနီးကပ် လေကြောင်းတိုက်ပွဲ ရင်ဆိုင်မှုများကို လေ့ကျင့်ဆောင်ရွက်ခဲ့ကြသည်။
တရုတ် လေတပ်သည် ယခုအကြိမ် ပူးတွဲလေ့ကျင့်မှုတွင် ပါဝင်ရန် တိုက်လေယာဉ်၊ ဆီဖြည့်လေယာဉ်၊ အထူးလေယာဉ်နှင့် ရဟတ်ယာဉ် စသည့် လေယာဉ်အမျိုးအစား အမြောက်အမြားကို အသုံးပြု၍ စစ်ဆင်ရေးစနစ်အပြည့်အစုံဖြင့် ပါဝင်ဆင်နွှဲခြင်းဖြစ်ကြောင်း သိရသည်။ နှစ်ဖက်စလုံးသည် လေကြောင်းတိုက်ပွဲ နည်းဗျူဟာများ၊ ဝေဟင်စိုးမိုးမှု စစ်ဆင်ရေးများနှင့် စစ်ဆင်ရေးနယ်မြေအတွင်း ရှာဖွေကယ်ဆယ်ရေး စသည့် စစ်ရေးလေ့ကျင့်မှု ကဏ္ဍများကို အဓိကထား ဆောင်ရွက်သွားမည်ဖြစ်သလို စစ်အင်အား ဖြန့်ကြက်အသုံးပြုမှု လေ့ကျင့်ရေးများ လုပ်ဆောင်သွားမည် ဖြစ်သည်။
“ဒီ ပူးတွဲလေ့ကျင့်ရေးမှာ တစ်ယောက်ချင်း၊ နှစ်ယောက်ချင်း အခြေခံ လေကြောင်းတိုက်ပွဲရင်ဆိုင်မှုတွေကနေ အဖွဲ့လိုက် ပူးတွဲစစ်ဆင်ရေးအဆင့်အထိ တဖြည်းဖြည်း တိုးမြှင့်လုပ်ဆောင်သွားတာပါ။ ဒါမှလည်း နှစ်ဖက် လေယာဉ်မှူးတွေ အတွဲပိုညီလာပြီး နည်းဗျူဟာပိုင်းနဲ့ လက်တွေ့ စစ်ဆင်နိုင်စွမ်းတွေ ပိုတိုးတက်လာမှာ ဖြစ်ပါတယ်”ဟု လေတပ် တပ်ဖွဲ့တစ်ခုမှ လေသူရဲ စိန်ဟောက်က ပြောကြားခဲ့သည်။
ယခုနှစ်သည် တရုတ်နှင့် အီဂျစ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်သည့် ၇၀ နှစ်ပြည့် နှစ်ပတ်လည် ဖြစ်သည်။ ယခုအကြိမ်သည် နှစ်နိုင်ငံ လေတပ်အကြား အဆိုပါ ပူးတွဲလေ့ကျင့်မှုအစီအစဉ်ကို ဒုတိယအကြိမ်မြောက် ကျင်းပခြင်း ဖြစ်သည်။ နှစ်နိုင်ငံ လေတပ်သည် အပြန်အလှန် ယုံကြည်မှုနှင့် အစဉ်အလာ ချစ်ကြည်ရေးကို ဆက်လက်တိုးမြှင့်ကာ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစွာ လုပ်ဆောင်သွားမည်ဖြစ်ပြီး ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ပူးတွဲထိန်းသိမ်းသွားမည်ဖြစ်သည်။ (Xinhua)

------------------------------------------
(Chinese Version)
中埃“文明之鹰-2026”空军联合训练迎来首个飞行日
新华社开罗8月24日电(闫超 邓栋之)当地时间8月23日,中国与埃及两国空军“文明之鹰-2026”联合训练在埃及空军某基地,迎来首个飞行日。
巨大的轰鸣声中,中国空军歼-16战机与埃及空军战机滑行升空。双方紧贴实战背景,展开中距、近距空战对抗。
据了解,中国空军派出歼击机、加油机、特种机、直升机等多型战机,成体系参加这次联训。双方将重点开展空战战术、制空作战、战斗搜救等课目训练,并进行兵力运用演练。
“联训从‘1对1’和‘2对2’的基础性空战对抗,逐步向体系化的联合作战推进,有利于提升双方飞行员的默契度、技战术水平和实战能力。”空军某部飞行员沈浩介绍。
今年是中埃两国建交70周年。这是两国空军第二次举办该系列联训。两国空军将持续增进互信与传统友谊,深化务实合作,共同维护地区和平稳定。
1. 歼-35A飞机在滑行(资料照片)。新华社发(陈阳 摄)
2. 2024年9月3日,在埃及阿拉曼开幕的首届埃及航展上,中国空军运-20进行飞行展示。新华社发(周雪峰 摄)








