
ပေကျင်း၊ ဩဂုတ် ၂၅ ရက် (ဆင်ဟွာ)
ကာဇက်စတန်နိုင်ငံက ဩဂုတ် ၂၃ ရက်တွင် လွှတ်တော်တစ်ရပ်စနစ်ဖြစ်သော ကူရူလ်တိုင် လွှတ်တော်၏ ပထမအကြိမ် ရွေးကောက်ပွဲ ကျင်းပမှုနှင့်စပ်လျဉ်း၍ မေးမြန်းမှုကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လျင်ကျန့်က ကာဇက်စတန်နိုင်ငံ ကူရူလ်တိုင် ရွေးကောက်ပွဲကို မကြာသေးမီက အောင်မြင်စွာ ကျင်းပခဲ့ရာ တရုတ်နိုင်ငံအနေဖြင့် ယင်းအပေါ် ဂုဏ်ပြုကြောင်း ဩဂုတ် ၂၄ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ဖြေကြားခဲ့သည်။
“ကာဇက်စတန်နိုင်ငံက လွတ်လပ်ပြီး မိမိကိုယ်တိုင်ရပ်တည်တဲ့၊ မိမိနိုင်ငံ အခြေအနေနဲ့ ကိုက်ညီတဲ့ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်း လျှောက်လှမ်းခြင်းကို ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံနဲ့ ရာသက်ပန် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်အနေနဲ့ တရုတ်နိုင်ငံက ထောက်ခံပါတယ်။ ကာဇက်စတန်နိုင်ငံက နိုင်ငံတော် ရေရှည်တည်ငြိမ်အေးချမ်းမှု၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက် စည်ပင်ဝပြောမှုအား ထိန်းသိမ်းထားခြင်းကို ဝမ်းမြောက်စွာ တွေ့မြင်လိုပါတယ်။ ကာဇက်စတန်နိုင်ငံက နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းတွင် ပိုမိုကြီးမားတဲ့ အောင်မြင်မှုအသစ်များ ရရှိနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်” ဟု လျင်ကျန့်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေနဲ့ တရုတ်-ကာဇက်စတန်ဆက်ဆံရေးကို များစွာအလေးထားကြောင်း၊ ကာဇက်စတန်နိုင်ငံနှင့်အတူကြိုးပမ်း၍ နှစ်နိုင်ငံအကြီးအကဲများ ရရှိထားသည့် အရေးကြီး သဘောတူညီချက်များကို သေချာကောင်းမွန်စွာ အကောင်အထည်ဖော်ပြီး ဘက်စုံထောင့်စုံ အပြန်အလှန်အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေကာ တရုတ်-ကာဇက်စတန် ဆက်ဆံရေး အဆင့်သစ်သို့ အဆက်မပြတ်တက်လှမ်းရန် တွန်းအားပေးလိုကြောင်း လျင်ကျန့်က ပြောကြားခဲ့သည်။ (Xinhua)
--------------------------------------------------------------------------------------------------------------------------------------
(Chinese Version)
外交部:中方祝贺哈萨克斯坦库鲁尔泰选举顺利举行
新华社北京8月24日电(记者吴梦桐、曹嘉玥)外交部发言人林剑24日在例行记者会上就哈萨克斯坦23日举行一院制议会库鲁尔泰首届选举答问时表示,哈萨克斯坦库鲁尔泰选举日前顺利举行,中方对此表示祝贺。
“作为友好邻邦和永久全面战略伙伴,中方支持哈萨克斯坦走独立自主、符合本国国情的发展道路,乐见哈萨克斯坦保持国家长治久安、经济发展繁荣,祝愿哈萨克斯坦在国家建设事业中取得新的更大成就。”林剑说。
林剑表示,中方高度重视发展中哈关系,愿同哈方一道努力,认真落实好两国元首达成的重要共识,深化全方位互利合作,推动中哈关系不断迈上新台阶。(完)








