တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လျင်ကျန့်အား ၂၀၂၆ ခုနှစ် ဩဂုတ် ၂၄ ရက်တွင် ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ- Ministry of Foreign Affairs of the People’s Republic of China)
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လျင်ကျန့်အား ၂၀၂၆ ခုနှစ် ဩဂုတ် ၂၄ ရက်တွင် ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ- Ministry of Foreign Affairs of the People’s Republic of China)

ပေကျင်း၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ)

အီရန်နှင့် ကုန်သွယ်မှုပြုလုပ်သည့် နိုင်ငံများအား ဒုတိယအဆင့် အရေးယူပိတ်ဆို့မှုများ ပြုလုပ်မည်ဟု အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Bessent က ခြိမ်းခြောက်ခဲ့ကြောင်း သတင်းဖော်ပြချက်များနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က ဩဂုတ် ၂၄ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာ၌ အရေးယူပိတ်ဆို့မှုနှင့် ဖိအားပေးမှုများသည် ပြဿနာကို ဖြေရှင်းရန် အထောက်အကူမပြုဘဲ တင်းမာမှုများကိုသာ ပိုမိုမြင့်တက်စေကာ အခြေအနေကို ပိုမိုဆိုးရွားစေမည်ဖြစ်ကြောင်း၊ မည်သည့်ဘက်အတွက်မျှ အကျိုးမရှိကြောင်း ထောက်ပြပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးအား ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန်၊ ပဋိပက္ခများကို ပိုမိုပြင်းထန်လာစေနိုင်ပြီး ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ဘဏ္ဍာရေးတည်ငြိမ်မှုကို ရိုက်ခတ်စေနိုင်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ခြင်းမှ ရှောင်ရှားရန်နှင့် တွေ့ဆုံဆွေးနွေး အဖြေရှာရေး၊ နိုင်ငံရေးအရ အဖြေရှာရေး လမ်းကြောင်းမှန်ပေါ်သို့ အမြန်ဆုံး ပြန်လည်ရောက်ရှိလာကြရန် တိုက်တွန်းနှိုးဆော်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် သက်ဆိုင်ရာ အခြေအနေ အပြောင်းအလဲများကို အနီးကပ် စောင့်ကြည့်သွားမည်ဖြစ်ပြီး မိမိ၏ တရားဝင် အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ရန် လိုအပ်သော အရေးယူဆောင်ရွက်မှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

-----------------

(Chinese Version)

外交部回应美方威胁对伊朗贸易伙伴实施二级制裁

新华社北京8月24日电(记者吴梦桐、万倩仪)就有报道称美国财长贝森特威胁将对与伊朗进行贸易的国家实施二级制裁,外交部发言人林剑24日在例行记者会上答问时指出,制裁、施压无助于解决问题,只会加剧紧张、升级局势,不符合任何一方利益。中方呼吁各方保持理性克制,避免采取可能进一步激化矛盾冲突、冲击全球经济发展和金融稳定的举措,尽快回到对话谈判、政治解决的正确轨道上来。中方将密切关注相关动向,并采取必要措施维护自身正当权益。