ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာရှိ အမျိုးသားလွှတ်တော် အဆောက်အအုံ၌ သမ္မတရွေးကောက်ပွဲ ပြီးစီးပြီးနောက် Mirza Fakhrul Islam Alamgir (ရှေ့တန်း၊ ယာဘက် ဒုတိယ) လက်ဝှေ့ယမ်း နှုတ်ဆက်နေပုံကို ၂၀၂၆ခုနှစ် သြဂုတ် ၂၀ ရက်က တွေ့ ရစဉ် (ဆင်ဟွာ)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာရှိ အမျိုးသားလွှတ်တော် အဆောက်အအုံ၌ သမ္မတရွေးကောက်ပွဲ ပြီးစီးပြီးနောက် Mirza Fakhrul Islam Alamgir (ရှေ့တန်း၊ ယာဘက် ဒုတိယ) လက်ဝှေ့ယမ်း နှုတ်ဆက်နေပုံကို ၂၀၂၆ခုနှစ် သြဂုတ် ၂၀ ရက်က တွေ့ ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတအဖြစ် Mirza Fakhrul Islam Alamgir တာဝန်ထမ်းဆောင်ခြင်းအတွက် ဝမ်းမြောက်ကြောင်း ဂုဏ်ပြုသဝဏ်လွှာကို ဩဂုတ် ၂၄ ရက်တွင် ပေးပို့ခဲ့သည်။

သဝဏ်လွှာတွင် ရှီကျင့်ဖိန်က တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်တို့သည် အစဉ်အလာအရ ခင်မင်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံများဖြစ်ကြောင်း၊ သံတမန်ဆက်ဆံရေးထူထောင်သည့် ၅၁ နှစ်တာကာလအတွင်း နှစ်နိုင်ငံသည် အပြန်အလှန် လေးစားမှုနှင့် တန်းတူညီမျှရှိမှုဖြင့် အစဉ်အမြဲ ဆက်ဆံခဲ့ကြပြီး နှစ်ဖက်သည် အပြန်အလှန်၏ ပင်မအကျိုးစီးပွားများနှင့် အရေးကြီးသော စိုးရိမ်မှုများဆိုင်ရာ ကိစ္စရပ်များတွင် အပြန်အလှန် ထောက်ခံအားပေးခဲ့ကြကြောင်း၊ မိမိတို့ ကိုယ်စီ ခေတ်မီအသွင်ပြောင်းလမ်းကြောင်းပေါ်တွင် အတူတကွ လက်တွဲဆောင်ရွက်ခဲ့ကြပြီး နှစ်နိုင်ငံဆက်ဆံရေးသည် နိုင်ငံတကာ အခြေအ‌နေပြောင်းလဲမှု စမ်းသပ်ချက်များကို ရင်ဆိုင်ကျော်လွှားနိုင်ခဲ့ကြောင်း ထောက်ပြခဲ့သည်။

ရှီကျင့်ဖိန်က ၎င်းအနေဖြင့် တရုတ်-ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကို အထူးအလေးထားကြောင်း၊ အဆွေတော် Alamgir သမ္မတနှင့်အတူ ကြိုးပမ်းဆောင်ရွက်ကာ အစဉ်အလာ ခင်မင်ရင်းနှီးမှုကို ဆက်လက်ထိန်းသိမ်းရန်၊ မဟာဗျူဟာမြောက် ဆက်သွယ်ဆောင်ရွက်မှုကို အားကောင်းစေရန်၊ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အရည်အသွေးမြင့် အတူတကွ တည်ဆောက်မှုကို မြှင့်တင်ရန်၊ နယ်ပယ်အသီးသီးတွင် ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်၊ ခေတ်သစ် တရုတ်-ဘင်္ဂလားဒေ့ရှ် အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်မှုကို ဆက်လက်နက်ရှိုင်းစွာ ခိုင်မာစေရန်နှင့် နှစ်နိုင်ငံပြည်သူများအား ပိုမိုကောင်းမွန်စွာ အကျိုးပြုနိုင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

……………………

(Chinese Version)

习近平致电祝贺阿拉姆吉尔就任孟加拉国总统

新华社北京8月24日电 8月24日,国家主席习近平致电阿拉姆吉尔,祝贺他就任孟加拉人民共和国总统。  

习近平指出,中国和孟加拉国是传统友好邻邦。建交51年来,两国始终相互尊重、平等相待,双方在涉及彼此核心利益和重大关切问题上相互支持,在实现各自现代化道路上携手同行,两国关系经受住国际风云变幻考验。我高度重视中孟关系发展,愿同阿拉姆吉尔总统一道努力,赓续传统友谊,加强战略沟通,推进高质量共建“一带一路”,深化各领域交流合作,引领新时代中孟命运共同体建设不断走深走实,更好造福两国人民。(完)

图说:8月20日,在孟加拉国首都达卡的国民议会大厦,米尔扎·法赫尔·伊斯兰·阿拉姆吉尔(前右二)在总统选举结束后挥手致意。新华社发