
ဘရပ်ဆဲလ်၊ ဩဂုတ် ၂၅ ရက် (ဆင်ဟွာ)
ယူကရိန်းက အရေးတကြီးလိုအပ်သော ပဲ့ထိန်းဒုံးကျည်ကာကွယ်ရေး စနစ်၊ ကျည်ဆန်လက်နက်နှင့် ရေဒါ စသည်တို့အား ဝယ်ယူရာတွင် အသုံးပြုရန်အတွက် ဥရောပကော်မရှင်က ဩဂုတ် ၂၄ ရက်တွင် ယူကရိန်းထံသို ကာကွယ်ရေးအကူအညီ ယူရို ၆.၁ ဘီလီယံ ပံ့ပိုးပေးရန် ခွင့်ပြုခဲ့သည်။
ဥရောပကော်မရှင်က ယခုအကြိမ်ဝယ်ယူသည့် စက်ပစ္စည်းအများစုသည် ဥရောပသမဂ္ဂ ကာကွယ်ရေးလုပ်ငန်းကုမ္ပဏီများမှဖြစ်ကြောင်း၊ ဥရောပသမဂ္ဂအနေဖြင့် လက်ကျန်ပစ္စည်းများအား ညှိနှိုင်းပေးခြင်း၊ အမှာစာ ဦးစားပေးမှုအစီအစဉ်ကို ပြင်ဆင်ခြင်းနှင့် ထုတ်လုပ်မှုမြှင့်တင်ခြင်း စသည့်နည်းလမ်းများဖြင့် ယူကရိန်းအပေါ် လက်နက်ပစ္စည်းများ လွှဲပြောင်းပေးအပ်မှုကို ပမာဏအများအပြား မြှင့်တင်သွားမည်ဖြစ်ကြောင်း ထိုနေ့တွင် ကြေညာချက်ထုတ်ပြန် ပြောကြားခဲ့သည်။
အဆိုပါအရင်းအနှီးငွေသည် ဥရောပသမဂ္ဂက ယူကရိန်းထံသို့ ပံ့ပိုးပေးသော ယူကရိန်းအား ကူညီမှု ချေးငွေ ယူရို ၉၀ ဘီလီယံမှ ဖြစ်ကြောင်း ကြေညာချက်တွင် ဆိုထားသည်။ ယူကရိန်းအတွက် ၂၀၂၆ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ ဘဏ္ဍာရေးနှင့် စစ်ရေးဆိုင်ရာ ထောက်ပံ့မှု ပံ့ပိုးပေးရန် ဥရောပသမဂ္ဂသည် ယူကရိန်းထံသို့ ချေးငွေ ယူရို ၉၀ ဘီလီယံ ပံ့ပိုးမှုအား ဧပြီလတွင် တရားဝင် ခွင့်ပြုပေးခဲ့သည်။
၂၀၂၂ ခုနှစ်မှစ၍ ဥရောပသမဂ္ဂနှင့် ၎င်း၏အဖွဲ့ဝင်နိုင်ငံများသည် ယူကရိန်းထံသို့ စုစုပေါင်း ယူရို ၂၂၀.၂ ဘီလီယံ တန်ဖိုးရှိသည့် ထောက်ပံ့မှုများ ပံ့ပိုးပေးခဲ့ပြီးဖြစ်ရာ ၎င်းအနက် ယူရို ၃.၈ ဘီလီယံမှာ ပိတ်ဆို့ခံထားရသော ရုရှား၏ပိုင်ဆိုင်မှုများမှ ရရှိသည့် အကျိုးအမြတ်များဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ (Xinhua)
--------------------------------------------------------------------------------------------------------------------------------------
(Chinese Version)
欧盟新批准61亿欧元对乌克兰军援
新华社布鲁塞尔8月24日电(记者张兆卿 张馨文)欧盟委员会24日批准向乌克兰提供61亿欧元国防援助,用于采购乌克兰急需的导弹防御系统、弹药和雷达等。
欧盟委员会当天发表声明说,此次采购的大部分装备来自欧盟防务企业。欧盟将通过调配库存、调整订单优先次序和扩大生产等方式,大幅增加对乌克兰的装备交付。
声明说,这笔资金出自欧盟向乌克兰提供的900亿欧元乌克兰援助贷款。欧盟4月正式批准向乌克兰提供900亿欧元贷款,为乌提供2026年至2027年的财政与军事支持。
声明说,自2022年以来,欧盟及其成员国已向乌克兰提供总计2202亿欧元支持,其中38亿欧元来自被冻结俄罗斯资产产生的收益。(完)
图说:这是2025年4月2日在比利时布鲁塞尔欧盟总部外拍摄的欧盟旗帜。新华社记者赵丁喆摄








