
ဘန်ကောက်၊ ဩဂုတ် ၂၅ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံ ရယောင်းပြည်နယ် နိခွန်ဖတ်ထနာခရိုင်၌ ဩဂုတ် ၂၅ ရက် နံနက်ပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူ ၂ ဦး သေဆုံး၍ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းနိုင်ငံ မီဒီယာများ၏ ထိုနေ့ သတင်းဖော်ပြချက်အရ သိရသည်။
အသက် ၃၀ နှစ်အရွယ် အမျိုးသားတစ်ဦးသည် လမ်းဘေးဈေးဆိုင်၌ ရေဝယ်ယူချိန်တွင် ဆိုင်ရှင်နှင့် အငြင်းပွားမှု ဖြစ်ပွားခဲ့ကြောင်း၊ ထို့နောက် သေနတ်ယူ၍ပြန်လာကာ သေနတ်ဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့ကြောင်း၊ ဆိုင်ရှင်နှင့် ၎င်း၏သူငယ်ချင်းဖြစ်သူတို့သည် သေနတ်ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့ပြီး အခြား ၂ ဦးမှာ ဒဏ်ရာရရှိ၍ ဆေးကုသမှုခံယူရန် ပို့ဆောင်ခဲ့ကြောင်း၊ ရဲတပ်ဖွဲ့က အချင်းဖြစ်ပွားရာနေရာ၌ ၉ မီလီမီတာ ပစ္စတိုသေနတ် ကျည်ခွံ ၁၀ ခု တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ကနဦးစစ်ဆေးချက်များအရ သိရသည်။
အချင်းဖြစ်ပွားပြီးနောက် သံသယရှိသူသည် ကားမောင်းနှင်၍ ထွက်ပြေးသွားခဲ့ရာ နောက်ပိုင်းတွင် ရဲတပ်ဖွဲ့၏ တားဆီးထိန်းချုပ်ခြင်းခံခဲ့ရသည်။ လက်ရှိတွင် အမှုနှင့်သက်ဆိုင်ရာ အသေးစိတ်အကြောင်းအရာများအား စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)
--------------------------------------------------------------------------------------------------------------------------------------
(Chinese Version)
泰国罗勇府发生枪击案致2死2伤
新华社曼谷8月25日电(记者赵彩琳 常天童)据泰国媒体25日报道,当日凌晨,泰国罗勇府尼空帕他那县发生一起枪击事件,造成2人死亡、2人受伤。
警方初步调查显示,一名30多岁的男子在路边商店买水时与店主发生争执,随后取枪返回,连续开枪。店主及其朋友中枪身亡,另有2人受伤送医。警方在现场发现10枚9毫米手枪弹壳。
事发后,嫌疑人驾车逃离,随后被警方拦截控制。目前,案件相关细节仍在调查中。(完)
图说:8月10日,警方人员在泰国暖武里府的枪击事件现场调查。新华社发








