တရုတ်နိုင်ငံ ကွမ်ရှီးဒေသ နင်မင်းခရိုင် မြို့တွင်း၌ ကယ်ဆယ်ရေးသမားများက ရေဘေးသင့်ပြည်သူများအား ရွှေ့ပြောင်းပေးနေသည်ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ကွမ်ရှီးဒေသ နင်မင်းခရိုင် မြို့တွင်း၌ ကယ်ဆယ်ရေးသမားများက ရေဘေးသင့်ပြည်သူများအား ရွှေ့ပြောင်းပေးနေသည်ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် (NDRC) သည် တိုင်ဖွန်းမုန်တိုင်းနှင့် ရေကြီးရေလျှံမှုဘေးအန္တရာယ်အလွန် အရေးပေါ်ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအား ပံ့ပိုးကူညီရန် ဗဟိုအစိုးရဘတ်ဂျက်မှ ယွမ်သန်း ၅၀ ကို အရေးပေါ်စီစဉ်ချထားပေးကြောင်း၊ ယင်းဘတ်ဂျက်အား ဘေးသင့်ဒေသများရှိ ပျက်စီးသွားသော လမ်းတံတားများ၊ ရေအရင်းအမြစ်ဆိုင်ရာ အခြေခံအဆောက်အအုံများနှင့် ကျောင်းများ၊ ဆေးရုံများစသည့် အများပြည်သူဝန်ဆောင်မှု အဆောက်အအုံများ၏ ဘေးအန္တရာယ်အလွန် အရေးပေါ် ပြန်လည်ထူထောင်တည်ဆောက်ရေးအတွက် အဓိကအသုံးပြုမည်ဖြစ်ကာ ပုံမှန်ထုတ်လုပ်မှုနှင့် လူနေမှုဘဝကို တတ်နိုင်သမျှအမြန်ဆုံး ပြန်လည်ထူထောင်နိုင်ရန် တွန်းအားပေးသွားမည်ဖြစ်ကြောင်း သတင်းထောက်က ဩဂုတ် ၂၄ ရက်တွင် NDRC ထံမှ သိရသည်။

မကြာသေးမီရက်များအတွင်း ယခုနှစ်၏ ၁၉ ခုမြောက် တိုင်ဖွန်းမုန်တိုင်း “Narra” ၏ သက်ရောက်မှုကြောင့် ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ချုံကျော်၊ ဖောင်ချိန်ဆိပ်ကမ်း စသည့် ဒေသအများအပြားတွင် ဆက်တိုက် မိုးသည်းထန်စွာရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့ပြီး ပြင်းထန်သော ရေကြီးရေလျှံမှုဘေးအန္တရာယ်များ ကျရောက်ခဲ့သည်။ ဩဂုတ် ၂၄ ရက်တွင် တရုတ်နိုင်ငံ အမျိုးသား သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ လျော့ပါးရေးနှင့် ကယ်ဆယ်ရေးကော်မတီ၊ အရေးပေါ် စီမံခန့်ခွဲရေးဝန်ကြီးဌာနတို့က အမျိုးသား အဆင့် ၄ သဘာဝဘေးအန္တရာယ် အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှု စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။  (Xinhua)

...........................

(Chinese Version)

国家发展改革委安排5000万元支持广西台风洪涝灾害灾后应急恢复

新华社北京8月24日电 记者24日从国家发展改革委获悉,国家发展改革委紧急安排中央预算内投资5000万元,支持广西做好台风洪涝灾害灾后应急恢复,重点用于灾区受损道路、水利等基础设施和学校、医院等公共服务设施灾后应急恢复建设,推动尽快恢复正常生产生活秩序。  

近日,受今年第19号台风“紫檀”影响,广西壮族自治区崇左、防城港等多地出现持续性强降雨,发生严重洪涝灾害。8月24日,国家防减救灾委、应急管理部启动国家四级救灾应急响应。(完)

图说:8月23日,救援人员在广西宁明县县城转移受困群众(无人机照片)。新华社记者 周华 摄