ပေကျင်း ၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ)

လက်ရှိတွင် တရုတ်နိုင်ငံ၏ နွေရာသီ သီးနှံရိတ်သိမ်းဝယ်ယူမှုရာသီမှာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ တရုတ် အမျိုးသား ကောက်ပဲသီးနှံနှင့် မဟာဗျူဟာမြောက် အရန်ပစ္စည်းများ စီမံခန့်ခွဲရေးဦးစီးဌာနက ဩဂုတ် ၂၄ ရက်တွင် ထုတ်ပြန်သည့် နောက်ဆုံး ရရှိသော ကိန်းဂဏန်း အချက်အလက်များအရ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တစ်နိုင်ငံလုံးရှိ ကောက်ပဲသီးနှံ ရောင်းဝယ်လုပ်ကိုင်သူ စီးပွားရေးအဖွဲ့အစည်းအားလုံး၏ ဂျုံ ဝယ်ယူမှုပမာဏ စုစုပေါင်းမှာ တန်ချိန် သန်း ၉၀ ကျော်ရှိကြောင်း သိရသည်။

တောင်ပိုင်းဒေသထွက် ကောက်စော လုံးရှည်ဆန် ဈေးကွက်အတွင်းသို့ အမြောက်အမြား စတင်ဝင်ရောက်လာခဲ့ပြီဖြစ်သည်။ ဒေသအသီးသီး၏ ဝယ်ယူရေး လုပ်ငန်းများကို စနစ်တကျ စတင်ဆောင်ရွက်လျက်ရှိပြီး ဝယ်ယူမှုဖြစ်စဉ်မှာလည်း အလုံးစုံ ချောမွေ့လျက်ရှိသည်။

တိုက်ရိုက် စိုက်ပျိုးရေး လုပ်ကိုင်သူ တောင်သူများ၏ အကျိုးစီးပွားကို ကာကွယ်ရန်အတွက် ဩဂုတ်လမှစ၍ တရုတ်နိုင်ငံ သက်ဆိုင်ရာ ဌာနများသည် ကျန်းရှီးနှင့် ဟူနန် ပြည်နယ်နှစ်ခုတွင် ကောက်စောလုံးရှည်ဆန် အနိမ့်ဆုံး အာမခံဈေးဖြင့် ဝယ်ယူရေး စီမံချက်ကို လည်းကောင်း၊ ဟဲနန် ပြည်နယ်တွင် ဂျုံသီးနှံများအတွက် နိုင်ငံတော် အနိမ့်ဆုံး ဝယ်ယူဈေးနှုန်း သတ်မှတ်ပြဋ္ဌာန်းချက် စီမံချက်ကို လည်းကောင်း တစ်ဆက်တည်း စတင်ခဲ့ကြောင်း၊ မူဝါဒဆိုင်ရာ အနိမ့်ဆုံး အာမခံပေးနိုင်မှု အခန်းကဏ္ဍကို အသုံးချကာ ဈေးကွက်မျှော်မှန်းချက်ကို တည်ငြိမ်စေကြောင်း အမျိုးသား ကောက်ပဲသီးနှံနှင့် မဟာဗျူဟာမြောက် အရန်ပစ္စည်းများ စီမံခန့်ခွဲရေး ဦးစီးဌာနမှ သက်ဆိုင်ရာ တာဝန်ရှိသူက ပြောကြားခဲ့သည်။

နောက်တစ်ဆင့်တွင် အမျိုးသား ကောက်ပဲသီးနှံနှင့် မဟာဗျူဟာမြောက် အရန်ပစ္စည်းများ စီမံခန့်ခွဲရေးဦးစီးဌာနသည် ဈေးကွက်အခြေပြု ဝယ်ယူရေးနှင့် မူဝါဒဆိုင်ရာ ဝယ်ယူသိုလှောင်ရေးတို့ကို ပေါင်းစပ်ဆောင်ရွက်သည့် မူကို လက်ကိုင်ထားသည်။ မိုးရွာသွန်းမှု အပါအဝင် မိုးလေဝသ အပြောင်းအလဲများကို အစဉ်မပြတ် စောင့်ကြည့်လေ့လာလျက်ရှိပြီး သက်ဆိုင်ရာ ပြည်နယ်များတွင် ကောက်ပဲသီးနှံအခြောက်ခံရေးနှင့် ဝယ်ယူသိုလှောင်ရေးကို အားဖြည့်ဆောင်ရွက်စေပြီး၊ အဝယ်စီမံချက်များကို ပိုမိုအဆင်ပြေအောင် ညှိနှိုင်းပေးခြင်းဖြင့် တောင်သူများ ရိတ်သိမ်းပြီးချိန် သီးနှံလေလွင့်ပြုန်းတီးမှု နည်းပါးအောင် ကူညီလျှော့ချပေးသွားမည် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သီးနှံ ထုတ်လုပ်မှု-ရောင်းချမှု ပူးပေါင်းဆောင်ရွက်ရေးနှင့် တောင်သူ-လုပ်ငန်းရှင် ချိတ်ဆက်မှုများကို နက်ရှိုင်းအောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး တောင်သူများ သီးနှံ ရောင်းချရေး အဆင်ပြေ ချောမွေ့စေရန် အာမခံပေးကာ စျေးကွက်တည်ငြိမ်စွာ လည်ပတ်နိုင်ရေးကို တွန်းအားပေး ဆောင်ရွက်သွားမည်ဖြစ်သည်။ (Xinhua)

----------------------

(Chinese Version)

全国累计收购小麦超9000万吨

 新华社北京8月24日电(记者古一平)目前,我国夏粮旺季收购进入高峰。国家粮食和物资储备局24日发布最新数据显示,全国各类粮食经营主体累计收购小麦超9000万吨。南方早籼稻迎来集中上市。各地收购工作有序开展,收购进展整体顺利。

  国家粮食和物资储备局有关负责同志表示,为保护种粮农民利益,8月以来,国家有关部门先后在江西、湖南两省启动早籼稻最低收购价执行预案,在河南省启动小麦最低收购价执行预案,发挥政策托底作用,稳定市场预期。

  下一步,国家粮食和物资储备局将坚持市场化收购和政策性收储相结合,持续跟踪降雨等天气变化,指导有关省份强化烘干收储,优化收购安排,帮助农户减少粮食产后损失。同时,深化粮食产销合作和农企对接,保障农民售粮顺畅,促进市场平稳运行。