အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ရှိ အိမ်ဖြူတော်ကို ၂၀၂၆ ခုနှစ် ဇွန်လ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ရှိ အိမ်ဖြူတော်ကို ၂၀၂၆ ခုနှစ် ဇွန်လ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဩဂုတ် ၂၄ ရက် (ဆင်ဟွာ)

အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Scott Bessent က ဩဂုတ် ၂၃ ရက် ညပိုင်းတွင် လူမှုကွန်ရက်၌ အမေရိကန်နှင့် အီရန်တို့အကြား စစ်ရေးသည် “အဆုံးသတ်အဆင့်” သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဖော်ပြခဲ့ပြီး တီဟီရန် “အထီးကျန်ပြီး အကူအညီမဲ့” သည်အထိ အီရန်အစိုးရ၏ “စီးပွားရေး အသက်သွေးကြောတိုင်း” ကို ဖြတ်တောက်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။

Bessent က ထရမ့်အစိုးရသည် အီရန်၏ စစ်ရေးစွမ်းရည်ကို ဖြိုခွဲပစ်ခဲ့ပြီး ၎င်း၏ စစ်လက်နက်ပစ္စည်းစက်ရုံအားလုံးနီးပါးကို ဖျက်ဆီးပစ်ကာ အီရန်၏ နျူကလီးယားအစီအစဉ်ကို “မြေမြှုပ်ခဲ့သည်” ဟု ပြောကြားခဲ့သည်။

ယင်းမတိုင်မီ ၎င်းသည် ဗြိတိန်သတင်းစာ Financial Times ဆောင်းပါးတစ်ပုဒ်တွင် အမေရိကန်သည် အီရန်ကို “သမိုင်းတစ်လျှောက် အကြီးမားဆုံးသော ဘဏ္ဍာရေးတိုက်ခိုက်မှု” ကို စတင်လုပ်ဆောင်လျက် တစ်ချိန်တည်းတွင် အီရန်အစိုးရထံ ဘဏ္ဍာရေးဆိုင်ရာ အကူအညီပေးသည့် မည်သည့်နိုင်ငံမဆို အလားတူ အထီးကျန်မှုကို ရင်ဆိုင်ရမည်ဖြစ်သည်ဟု ခြိမ်းခြောက်ခဲ့သည်။

Bessent က ဩဂုတ် ၂၄ ရက်တွင် သတင်းစာရှင်းလင်းပွဲ ကျင်းပရန် စီစဉ်ထားပြီး အီရန်အား စေ့စပ်ညှိနှိုင်းရေးစားပွဲသို့ ပြန်လည်ရောက်ရှိစေရန် ဖိအားပေးမှုဆိုင်ရာ တိကျသော အစီအမံများကို ထုတ်ပြန်နိုင်ဖွယ်ရှိသည်။ (Xinhua)

.......................

(Chinese Version)

美财长称美伊战事进入“终局”

新华社华盛顿8月23日电 美国财政部长贝森特23日晚在社交媒体上说,美国同伊朗的战事正进入“终局”,扬言要切断伊朗政权“每一条经济命脉”,直至德黑兰“孤立无援”。  

贝森特说,特朗普政府已瓦解伊朗的军事能力,摧毁其几乎所有军工厂,并“掩埋”了伊朗核计划。  

他此前在英国《金融时报》刊文称,美国正对伊朗发起“有史以来规模最大的金融攻势”,同时威胁,任何向伊朗政权提供金融支持的国家都将面临同等孤立。  

贝森特定于24日举行新闻发布会,或将公布对伊施压具体举措,以迫使伊朗重返谈判桌。(完)

图说:这是6月14日在美国首都华盛顿拍摄的白宫。新华社记者 李睿 摄