
လန်ဒန်၊ ဩဂုတ် ၂၅ ရက် (ဆင်ဟွာ)
ဩဂုတ် ၂၃ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် အင်္ဂလိပ်ပရီးမီးယားလိဂ်ပွဲစဉ်တွင် မန်ချက်စတာစီးတီးက အိမ်ကွင်း၌ ဘုန်းမောက်ကို တစ်ဂိုးရှုံးနိမ့်နေသော်လည်း နောက်မှလိုက်ကစားကာ ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ရာသီအဖွင့်ပွဲစဉ်ကို နိုင်ပွဲဖြင့် စတင်နိုင်ခဲ့သည်။
မန်ချက်စတာစီးတီးအသင်းမှာ ယခင်သီတင်းပတ်က ကွန်မြူနတီဒိုင်းပြိုင်ပွဲတွင် အာဆင်နယ်အသင်းကို ၀-၃ ဂိုးဖြင့် အရေးနိမ့်ခဲ့ပြီးနောက် ယခုပွဲစဉ်ကို ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ကာ ပွဲချိန် ၂၆ မိနစ်တွင် ဘုန်းမောက်၏ လျင်မြန်သော တန်ပြန်တိုက်စစ်မှတစ်ဆင့် မားကပ်စ် တာဗာနီယာက ဦးဆောင်ဂိုးသွင်းယူခဲ့ရာ စီးတီး၏ ခြေစွမ်းအပေါ် သံသယများ ပိုမိုကြီးထွားလာခဲ့သည်။
စီးတီးအနေဖြင့် ဒုတိယပိုင်းတွင် ခြေစွမ်းပြန်လည်ကောင်းမွန်လာသော်လည်း ပွဲပြီးရန် ၆ မိနစ်အလိုရောက်မှသာ ရာယန် ချာကီ ကန်တင်ပေးသည့် ထောင့်ကန်ဘောမှတစ်ဆင့် မာ့ခ် ဂူဟီက ခေါင်းတိုက်ကာ ချေပဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် ပွဲချိန် ၉၁ မိနစ်တွင် ချာကီကပင် အနိုင်ဂိုးကို ဖန်တီးပေးခဲ့ပြီး ဂျော့စကို ဂဗာဒီယောက အဖိုးတန်အနိုင်ဂိုး သွင်းယူခဲ့ကာ အဆိုပါဂိုးကို VAR ဖြင့် ပြန်လည်စစ်ဆေးပြီးနောက် ကွင်းလယ်ဒိုင်က အတည်ပြုပေးခဲ့သည်။
လီဗာပူးလ်နည်းပြသစ် အန်ဒိုနီ အီရာအိုလာမှာ ပရီးမီးယားလိဂ် ပွဲဦးထွက်အဖြစ် နယူးကာဆယ်ယူနိုက်တက်နှင့် အဝေးကွင်းပွဲစဉ်ကို ခက်ခက်ခဲခဲ စတင်ခဲ့ရပြီး ပွဲအစ ၅ မိနစ်မှာပင် လျင်မြန်သော တန်ပြန်တိုက်စစ်မှတစ်ဆင့် အန်သနီ အီလန်ဂါက အိမ်ရှင်နယူးကာဆယ်အတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သည်။
ပွဲချိန် ၅၅ မိနစ်တွင် ကိုဒီ ဂက်ပိုက ဂိုးဧရိယာအပြင်ဘက်မှ ကန်သွင်းကာ လီဗာပူးလ်အတွက် ချေပဂိုး သွင်းယူခဲ့သော်လည်း ၂ မိနစ်အကြာတွင် လူစားဝင်ကစားသမား ဂျိုး ဝီးလော့ခ်က နယူးကာဆယ်အတွက် ဦးဆောင်ဂိုး ပြန်လည်သွင်းယူခဲ့ပြန်သည်။
သို့သော် ထပ်ဆောင်းအချိန်ပို ၉ မိနစ်တွင် ဗစ်တာ မူညော့ဇ်ကို နယူးကာဆယ်နောက်ခံလူ လူးဝစ်စ် ဟောလ်က ပင်နယ်တီဧရိယာအတွင်း ပြစ်ဒဏ်ကျူးလွန်ခဲ့သဖြင့် ပင်နယ်တီရရှိခဲ့ရာ ဒေါမနစ် ဆိုဘော့ဇ်လိုင်က အမှားအယွင်းမရှိ ကန်သွင်းယူခဲ့သည့်အတွက် လီဗာပူးအနေဖြင့် အဝေးကွင်းတွင် အဖိုးတန်သရေတစ်မှတ် ရယူနိုင်ခဲ့သည်။
အခြားပွဲစဉ်တွင် အက်စတွန်ဗီလာက ဘရိုက်တန်ကို အဝေးကွင်း၌ ၄ ဂိုးပြတ် အရေးနိမ့်ခဲ့ပြီး ပွဲကစားချိန် မိနစ် ၃၀ ကျော်အကြာမှာပင် ပွဲရလဒ်မှာ ပြတ်ပြတ်သားသား ထွက်ပေါ်ခဲ့သည်။
ပွဲစပြီး ၈ မိနစ်အကြာမှာပင် ဗစ်တာ လင်ဒီလော့ဖ် ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့သည့်အတွက် ဘရိုက်တန်အသင်း အဖွင့်ဂိုးရရှိခဲ့သည်။ ပွဲချိန် ၁၈ မိနစ်တွင် မက်ဆင် ဒီကိုင်ပါက ဘရိုက်တန်အတွက် ဒုတိယဦးဆောင်ဂိုး သွင်းယူခဲ့ပြီးနောက် ဂျက်ခ် ဟင်ရှဲလ်ဝုဒ်က နှစ်မိနစ်အတွင်း နှစ်ဂိုးဆက်တိုက်သွင်းယူကာ ၄-၀ ဖြစ်စေခဲ့သည်။ ထို့နောက် ပထမပိုင်းမပြီးဆုံးမီတွင် ယာအို ဂိုးမက်စ် အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသောကြောင့် အက်စတွန်ဗီလာ၏ အခြေအနေမှာ ပိုမိုဆိုးရွားသွားခဲ့သည်။ (Xinhua)


........................................................................
(English Version)
Manchester City, Liverpool snatch points through late goals in Premier League
LONDON, Aug. 23 (Xinhua) -- Manchester City came from a goal down to open its English Premier League campaign with a 2-1 home win over Bournemouth on Sunday.
Manchester City went into the game following last weekend's 3-0 Community Shield defeat to Arsenal, and doubts over its form increased when Marcus Tavernier put Bournemouth ahead following a swift counterattack in the 26th minute.
City recovered well in the second half, but it was not until six minutes from time that Marc Guehi headed home from a Rayan Cherki corner.
Cherki turned provider again in the 91st minute for Josko Gvardiol to poke home the winning goal, which was confirmed after a VAR check.
Andoni Iraola's reign as Liverpool coach got off to a difficult start away to Newcastle United, as Anthony Elanga put the home side ahead following a counterattack after just five minutes.
Cody Gakpo leveled with a shot from outside the area in the 55th minute, but substitute Joe Willock restored Newcastle's lead just two minutes later.
Liverpool rescued a point as Dominik Szoboszlai kept his nerve to convert from the penalty spot in the ninth minute of stoppage time after Victor Munoz was brought down by Lewis Hall.
Aston Villa was thrashed 4-0 away to Brighton in a game that was effectively over after half an hour.
Victor Lindelof's own goal put Brighton ahead after just eight minutes. Maxim De Cuyper doubled Brighton's lead in the 18th minute before two goals from Jack Hinshelwood in the space of two minutes made it 4-0.
Things went from bad to worse for Aston Villa before halftime when Joao Gomes was sent off.
Photo caption 1: Liverpool's Dominik Szoboszlai celebrates after scoring the opening goal during the English Premier League match between Liverpool FC and Tottenham Hotspur FC in Liverpool, Britain, on March 15, 2026. (Xinhua)
Photo caption 2: Liverpool's Jeremie Frimpong (R) and Cody Gakpo celebrate their fifth goal, an own goal scored by West Ham United's Axel Disasi during the English Premier League match between Liverpool and West Ham United in Liverpool, Britain, on Feb. 28, 2026. (Xinhua)








