
ကိဗ်၊ ဩဂုတ် ၂၅ ရက် (ဆင်ဟွာ)
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက လက်ရှိ နိုင်ငံ၏အခြေအနေများအရ ရွေးကောက်ပွဲကျင်းပရန် မဖြစ်နိုင်ကြောင်း ဩဂုတ် ၂၃ ရက်တွင် ပြောကြားခဲ့သည်ဟု Ukrinform သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
"လက်ရှိအချိန်မှာ ရွေးကောက်ပွဲကျင်းပတာဟာ နိုင်ငံကို ကွဲပြားစေမယ့် ဆူနာမီလှိုင်းလုံး တစ်ခုလို ဖြစ်လာစေမှာပါ၊ ဒါကြောင့် ကျွန်တော့်ရဲ့မဟာဗျူဟာကတော့ နိုင်ငံကို စစ်ပွဲအဆုံးသတ်နိုင်ဖို့၊ လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်တဲ့နိုင်ငံတစ်နိုင်ငံအဖြစ် ထိန်းသိမ်းစောင့်ရှောက်ဖို့ ဖြစ်ပါတယ်” ဟု ဇယ်လန်စကီးက သတင်းထောက်များအား ပြောကြားခဲ့သည်။
တိုက်ခိုက်မှုများ သို့မဟုတ် ပစ်ခတ်မှုများမရှိဘဲ မိတ်ဖက်များအနေဖြင့် ဆန္ဒမဲပေးခြင်းကို ဘေးကင်းလုံခြုံပြီး တရားဝင် ဒီမိုကရေစီနည်းကျ ကျင်းပနိုင်ရေးအတွက် တိကျသေချာသော အာမခံချက်များ ပေးမည်ဆိုပါက ယူကရိန်းနိုင်ငံအနေဖြင့် ဖြစ်နိုင်ခြေရှိသော ရွေးကောက်ပွဲကျင်းပနိုင်ရေး ဆွေးနွေးရန် အဆင်သင့်ရှိမည်ဟု ဇယ်လန်းစကီးက ပြောကြားခဲ့သည်။
ယူကရိန်း ကာကွယ်ရေးဝန်ကြီးဟောင်း Mykhailo Fedorov ကလည်း ပဋိပက္ခဖြစ်ပွားနေသည့်ကာလအတွင်း ရွေးကောက်ပွဲကျင်းပနိုင်ရန် တရားဝင်ပြီး ဘေးကင်းလုံခြုံသောနည်းလမ်းကို ယူကရိန်းနိုင်ငံအနေဖြင့် ရှာဖွေသွားမည်ဖြစ်ကြောင်း မကြာသေးမီက ပြောကြားခဲ့သည်။
သမ္မတရွေးကောက်ပွဲကို ၂၀၂၄ ခုနှစ်တွင် ကျင်းပရန် မျှော်မှန်းထားသော်လည်း ယူကရိန်းပဋိပက္ခ မြင့်တက်လာချိန်မှစ၍ စတင်ကျင့်သုံးခဲ့သည့် စစ်အုပ်ချုပ်ရေးဥပဒေကြောင့် ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်။ (Xinhua)
..........................
(English Version)
Zelensky says wartime elections impossible under current conditions
KIEV, Aug. 23 (Xinhua) -- Ukrainian President Volodymyr Zelensky on Sunday said holding elections is impossible under the country's current conditions, the Ukrinform news agency reported.
"Elections right now would be a tsunami for the country that would tear Ukraine apart. So, my strategy is to bring the country to the end of the war and preserve an independent and sovereign state," Zelensky told reporters.
Ukraine would be ready to discuss holding possible elections only if its partners provide specific guarantees that the vote could be held safely, legitimately and democratically, without strikes or shelling, Zelensky said.
Former Ukrainian Defense Minister Mykhailo Fedorov recently said that Ukraine should find a legal and safe way to hold elections even during the conflict.
A presidential election was expected to be held in 2024 but was postponed due to the country's martial law, which has been in effect since the escalation of the Ukraine crisis.
Photo caption: Ukraine's President Volodymyr Zelensky arrives at the European Union headquarters in Brussels, Belgium, on Feb. 9, 2023 for the EU member states' special summit. (Xinhua/Zheng Huansong)








