တရုတ်-အင်ဒိုနီးရှား နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီးများ ပူးတွဲဆွေးနွေးပွဲ ဒုတိယအကြိမ် ဝန်ကြီးအဆင့်အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ၂၀၂၆ ခုနှစ် သြဂုတ် ၂၁ ရက်က ကျင်းပစဉ် (ဆင်ဟွာ)
တရုတ်-အင်ဒိုနီးရှား နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီးများ ပူးတွဲဆွေးနွေးပွဲ ဒုတိယအကြိမ် ဝန်ကြီးအဆင့်အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ၂၀၂၆ ခုနှစ် သြဂုတ် ၂၁ ရက်က ကျင်းပစဉ် (ဆင်ဟွာ)

ဂျကာတာ၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)

တရုတ်-အင်ဒိုနီးရှား နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီးများ ပူးတွဲဆွေးနွေးပွဲ ဒုတိယအကြိမ် ဝန်ကြီးအဆင့်အစည်းအဝေးကို ဩဂုတ် ၂၁ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ကျင်းပခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ကာကွယ်ရေးဝန်ကြီး တုန်ကျွင်းတို့က အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆူဂျီယိုနိုနှင့် ကာကွယ်ရေးဝန်ကြီး Sjafrie Sjamsoeddin တို့နှင့်အတူ ယင်းအစည်းအဝေးကို ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြသည်။

ဝမ်ရိက တရုတ်-အင်ဒိုနီးရှား နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီးများ ပူးတွဲဆွေးနွေးပွဲသည် တရုတ်နိုင်ငံက ကမ္ဘာတစ်ဝန်း ပထမဆုံး ထူထောင်ခဲ့သော ဝန်ကြီးအဆင့် "၂+၂" ယန္တရားဖြစ်ပြီး နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် ဆက်သွယ်ဆောင်ရွက်မှုဆိုင်ရာ ပလက်ဖောင်းသစ်အဖြစ် ပံ့ပိုးပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

ဖွံ့ဖြိုးဆဲနိုင်ငံကြီးများနှင့် ကမ္ဘာ့တောင်ဘက်ခြမ်း၏ အဓိကအဖွဲ့ဝင်များအနေဖြင့် တရုတ်နှင့် အင်ဒိုနီးရှားတို့သည် အချိန်မီ စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရမည်ဖြစ်ကြောင်း၊ ယင်းသည် နှစ်နိုင်ငံ ရှုထောင့်ထက် ကျော်လွန်၍ အနက်အဓိပ္ပာယ်ရှိပြီး ဒေသတွင်းနှင့် ကမ္ဘာ့အဆင့်တွင် ဦးဆောင်မှုနှင့် စံနမူနာပြသည့် အခန်းကဏ္ဍမှ ပါဝင်နိုင်မည်ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

အခြေအနေသစ်များအောက်တွင် တရုတ်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး အခြေခံမူကြီး ငါးရပ်နှင့် ဘန်ဒေါင်းစိတ်ဓာတ်ကို ဆက်လက်ဖော်ဆောင်ကာ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စွမ်းပကားကို စုစည်းပြီး ကမ္ဘာ့တောင်ဘက်ခြမ်း ပူးပေါင်းဆောင်ရွက်မှုကို အတူတကွ မြှင့်တင်သင့်ကြောင်း ဝမ်ရိက ဆိုသည်။

ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် ကုလသမဂ္ဂ၊ APEC နှင့် BRICS စသည့် နိုင်ငံစုံပလက်ဖောင်းများတွင် အင်ဒိုနီးရှားနိုင်ငံနှင့် မဟာဗျူဟာ ညှိနှိုင်းဆောင်ရွက်မှုကို အားကောင်းစေရန်၊ တန်းတူညီမျှ၍ စနစ်ကျသော ဗဟုအသွင်ကမ္ဘာနှင့် အားလုံးအတွက်အကျိုးရှိပြီး အားလုံးပါဝင်နိုင်သော စီးပွားရေးဆိုင်ရာ ဂလိုဘယ်လိုက်ဇေးရှင်းကို ထောက်ခံအားပေးကာ ပိုမိုတရားမျှတပြီး ကျိုးကြောင်းဆီလျော်သော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန် အဆင်သင့်ရှိကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

တရုတ်ကာကွယ်ရေးဝန်ကြီး တုန်ကျွင်းက တရုတ်နိုင်ငံအနေဖြင့် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုအတွက် အလားအလာများကို ပိုမိုထုတ်ဖော်ရေးနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွင် ထူးခြားချက်များ ပိုမိုဖန်တီးရေးအတွက် အင်ဒိုနီးရှားနိုင်ငံနှင့် အတူဆောင်ရွက်ရန်  အသင့်ရှိကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံ နှစ်ဖက်အသီးသီး၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် ခိုင်မာသော လုံခြုံရေးအာမခံချက်များ ပံ့ပိုးပေးနိုင်ရန်အတွက် တရုတ်နိုင်ငံအနေဖြင့်  အင်ဒိုနီးရှားနိုင်ငံနှင့်အတူ  မဟာဗျူဟာမြောက်ရှုထောင့်မှတစ်ဆင့် ကာကွယ်ရေးနှင့် စစ်ဘက်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဆောင်ရွက်သွားလိုကြောင်း တုန်က ပြောကြားခဲ့သည်။

Sugiono က တရုတ်တစ်နိုင်ငံတည်းမူဝါဒအပေါ် အင်ဒိုနီးရှားနိုင်ငံ၏ အခိုင်အမာကတိပြုမှုကို ထပ်လောင်းပြောကြားလျက် အင်ဒိုနီးရှားနိုင်ငံ၏ အချုပ်အခြာအာဏာ ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် တရုတ်နိုင်ငံ၏ ခိုင်မာသော ထောက်ခံအားပေးမှုအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဆိုက်ဘာလိမ်လည်မှုတိုက်ဖျက်ရေး စသည်တို့တွင် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိသလို သတင်းထောက်လှမ်းရေးမျှဝေရေးနှင့် စွမ်းရည်မြှင့်တင်မှုကိုလည်း အရှိန်မြှင့်‌ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Sugiono က ပြောကြားခဲ့သည်။  

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။  (Xinhua)

https://english.news.cn/20260822/6bab70f394ed4c3dba5cc72b26905d89/c.html

တရုတ်-အင်ဒိုနီးရှား နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီးများ ပူးတွဲဆွေးနွေးပွဲ ဒုတိယအကြိမ် ဝန်ကြီးအဆင့်အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ၂၀၂၆ ခုနှစ် သြဂုတ် ၂၁ ရက်က ကျင်းပစဉ် (ဆင်ဟွာ)
တရုတ်-အင်ဒိုနီးရှား နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီးများ ပူးတွဲဆွေးနွေးပွဲ ဒုတိယအကြိမ် ဝန်ကြီးအဆင့်အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ၂၀၂၆ ခုနှစ် သြဂုတ် ၂၁ ရက်က ကျင်းပစဉ် (ဆင်ဟွာ)

……………………………………..……………..

(English Version)

Second Ministerial Meeting of China-Indonesia Joint Foreign and Defense Ministerial Dialogue held in Jakarta

JAKARTA, Aug. 21 (Xinhua) -- The Second Ministerial Meeting of China-Indonesia Joint Foreign and Defense Ministerial Dialogue was held in Jakarta on Friday.

Chinese Foreign Minister Wang Yi and Defense Minister Dong Jun co-chaired the meeting with Indonesian Foreign Minister Sugiono and Defense Minister Sjafrie Sjamsoeddin.

Wang said the China-Indonesia Joint Foreign and Defense Ministerial Dialogue is the first ministerial-level "2+2" mechanism China has established globally, providing a new platform for strategic communication between the two countries.

As major developing countries and key members of the Global South, China and Indonesia should foster closer solidarity and cooperation in a timely fashion, Wang said, adding this bears significance far beyond the bilateral dimension and will play an exemplary and leading role at regional and global levels.

Under new circumstances, China and Indonesia should continue to carry forward the Five Principles of Peaceful Coexistence and the Bandung Spirit, pool the strength of developing countries, and jointly advance Global South cooperation, Wang said.

China stands ready to strengthen strategic coordination with Indonesia on such multilateral platforms as the United Nations, APEC and the BRICS, advocate an equal and orderly multipolar world and universally beneficial and inclusive economic globalization, and advance the development of a more just and reasonable global governance system, he added.

Dong said that China is ready to work with Indonesia to further tap the potential for defense cooperation and create more highlights in bilateral cooperation.

China is willing to work with Indonesia to advance cooperation in defense and military development from a strategic perspective to provide solid security safeguards for their respective development, he said.

Reiterating Indonesia's firm commitment to the one-China policy, Sugiono said Indonesia appreciates China's firm support on issues concerning the safeguarding of Indonesia's national sovereignty.

Indonesia is ready to broaden its cooperation with China covering counter-terrorism, law-enforcement and the fight against cyber-fraud, while stepping up intelligence-sharing and capacity-building, Sugiono said.

https://english.news.cn/20260822/6bab70f394ed4c3dba5cc72b26905d89/c.html

Photo caption 1, 2: The Second Ministerial Meeting of China-Indonesia Joint Foreign and Defense Ministerial Dialogue is held in Jakarta, Indonesia, Aug. 21, 2026. (Xinhua/Cen Yunpeng)