
ကင်ရှာဆာ၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ)
ကွန်ဂိုနိုင်ငံ (DRC) သည် လက်ရှိ ဖြစ်ပွားနေသော အီဘိုလာရောဂါကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းမှုများ အရှိန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၂၁ ရက်က အီဘိုလာကာကွယ်ဆေး ပထမအသုတ် လက်ခံရရှိခဲ့သလို လက်ရှိတွင် အီဘိုလာရောဂါဖြစ်ပွားမှုအနေဖြင့် လူ ၅,၀၀၀ ကျော် ကူးစက်ခံထားရပြီး ၂,၅၀၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။
DRC ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ မြို့တော် ကင်ရှာဆာရှိ N'djili အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ Ervebo ကာကွယ်ဆေး စုစုပေါင်း ၁၆,၅၂၀ ပုလင်း (dose) ရောက်ရှိခဲ့ပြီး ဩဂုတ် ၂၁ ရက်မှ ၂၄ ရက်အတွင်း စုစုပေါင်း ကာကွယ်ဆေး ၅၀,၁၂၀ dose ရောက်ရှိလာမည်ဟု မျှော်လင့်ရကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် အာဖရိက ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာတို့က ကွန်ဂိုနိုင်ငံ (DRC) အစိုးရ၏ တောင်းဆိုချက်အရ ကာကွယ်ဆေးထောက်ပံ့ရေး နိုင်ငံတကာညှိနှိုင်းရေးအဖွဲ့က Ervebo အီဘိုလာကာကွယ်ဆေး ၇၀,၀၀၀ dose ကနဦး ချက်ချင်းထုတ်ပေးရန် ခွင့်ပြုခဲ့ကြောင်း ဩဂုတ် ၂၀ ရက်တွင် ပြောကြားခဲ့သည်။
Ervebo ကာကွယ်ဆေးသည် Zaire အီဘိုလာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသည့် အီဘိုလာရောဂါ ကူးစက်ပျံ့နှံ့မှုများအတွက် အသုံးပြုရန် လိုင်စင်ရရှိထားပြီးအကြံပြုခြင်းခံထားရသော်လည်း လက်ရှိရောဂါဖြစ်ပွားမှုကို ဖြစ်စေသည့် Bundibugyo အမျိုးအစား အီဘိုလာဗိုင်းရပ်စ်အပေါ် ၎င်း၏ ထိရောက်မှုမှာ မသေချာသေးပေ။
ခွဲဝေပေးထားသော ဆေးများအနက် dose ၂၀,၀၀၀ ကို Bundibugyo အမျိုးအစားဗိုင်းရပ်စ်အပေါ် ကာကွယ်ဆေး၏ သက်ရောက်မှုကို အကဲဖြတ်ရန် Phase 3 စမ်းသပ်မှုတွင် အသုံးပြုမည်ဖြစ်ပြီး dose ၅၀,၀၀၀ အား ရှေ့တန်းမှ ကူညီနေသူများနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် အသုံးပြုရန် ရည်ရွယ်ထားသည်။
နိုင်ငံတစ်ဝန်း ရောဂါကူးစက်မှုများ ဆက်လက်ဖြစ်ပွားနေချိန်၌ ကာကွယ်ဆေးများ ရောက်ရှိလာခြင်း ဖြစ်သည်။ (Xinhua)
…………….
(English Version)
DR Congo receives 1st batch of Ebola vaccine doses as outbreak kills over 2,500
KINSHASA, Aug. 22 (Xinhua) -- The Democratic Republic of the Congo (DRC) on Friday received the first batch of Ebola vaccine doses as it stepped up efforts to contain the ongoing outbreak that has infected more than 5,000 people and killed over 2,500.
A total of 16,520 doses of the Ervebo vaccine arrived at the N'djili International Airport in the capital Kinshasa, according to the DRC health ministry.
A total of 50,120 doses are expected to arrive between Aug. 21 and 24, the ministry said.
The World Health Organization and the Africa Centers for Disease Control and Prevention said Thursday that the International Coordinating Group on Vaccine Provision had approved an immediate initial release of 70,000 doses of Ervebo following a request from the DRC government.
Ervebo is licensed and recommended for outbreaks caused by Zaire ebolavirus, but its effectiveness against the Bundibugyo virus, which is responsible for the current outbreak, remains uncertain.
Of the allocation, 20,000 doses will be used in a Phase 3 clinical trial to assess the vaccine's impact against the Bundibugyo virus, while 50,000 doses are intended for frontline and health workers.
The vaccines arrived as transmission remains active across the country.
Photo caption: Medical workers carry out disinfection work at an Ebola treatment center in Bunia, the capital of Ituri Province in the Democratic Republic of the Congo, July 6, 2026. (Xinhua)








