လက်ဘနွန်နိုင်ငံတောင်ပိုင်းရှိ Zrariyeh မြို့တွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပျက်စီးသွားသည့် အဆောက်အဦများကို ၂၀၂၆ ခုနှစ် ဧပြီ ၉ ရက်က တွေ့ရစဥ် (ဆင်ဟွာ)
လက်ဘနွန်နိုင်ငံတောင်ပိုင်းရှိ Zrariyeh မြို့တွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပျက်စီးသွားသည့် အဆောက်အဦများကို ၂၀၂၆ ခုနှစ် ဧပြီ ၉ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ဘေရွတ်၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ)

၂၀၂၃ ခုနှစ် အောက်တိုဘာ ၈ ရက်မှစတင်၍ လက်ဘနွန်နိုင်ငံအပေါ် အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် သေဆုံးသူအရေအတွက်မှာ ၈,၉၁၅ ဦးအထိ မြင့်တက်လာသလို ဒဏ်ရာရသူအရေအတွက်မှာလည်း ၃၀,၅၄၃ ဦးရှိလာကြောင်း လက်ဘနွန် ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၏ သြဂုတ် ၂၁ ရက် ပြောကြားမှုအရ သိရသည်။

အဆိုပါဝန်ကြီးဌာန၏ အဆိုအရ ၂၀၂၆ ခုနှစ် မတ် ၂ ရက်မှစတင်၍ ယင်းတိုက်ခိုက်မှုများကြောင့် လူပေါင်း ၄,၃၄၈ ဦး သေဆုံးခဲ့ကာ ၁၂,၃၀၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တစ်ချိန်တည်းမှာပင် သြဂုတ် ၂၁ ရက်ကလည်း အစ္စရေးက လက်ဘနွန်နိုင်ငံတောင်ပိုင်းတွင် တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်ခဲ့ပြီး Bint Jbeil ခရိုင်နှင့် Nabatieh ခရိုင်များအား အဓိကပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့ကြောင်း လက်ဘနွန် အမျိုးသားသတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ဇွန်လနှောင်းပိုင်းက ဝါရှင်တန်မြို့တွင်ရရှိခဲ့သော မူဘောင်သဘောတူညီချက်တစ်ခုကို အကောင်အထည် ဖော်ဆောင်ရွက်ရန်နှင့် ၎င်းတို့၏နယ်စပ်တစ်လျှောက် လုံခြုံရေးပိုင်းဆိုင်ရာ စီစဉ်ဆောင်ရွက်မှုများကို ပိုမိုတိုးတက်ကောင်းမွန်စေရန် အစ္စရေးနှင့် လက်ဘနွန်တို့အကြား သြဂုတ်လအစောပိုင်းက ရောမမြို့တွင် (၇) ကြိမ်မြောက် ဆွေးနွေးမှုပြုလုပ်ခဲ့ပြီးနောက် တိုးတက်ပြောင်းလဲမှုများ ပေါ်ပေါက်လာခဲ့ကြောင်း ဒေသတွင်း မီဒီယာများ၏ ဖော်ပြမှုအရ သိရသည်။ (Xinhua)

.......................................

(English Version)

Lebanon's death toll from Israeli attacks since October 2023 reaches 8,915

BEIRUT, Aug. 21 (Xinhua)

The cumulative death toll from Israeli attacks on Lebanon since Oct. 8, 2023, has risen to 8,915, with 30,543 others injured, the Lebanese Ministry of Public Health said Friday.

Since March 2, 2026, the attacks have killed 4,348 people and injured 12,307 others, according to the ministry.

Meanwhile, Israeli attacks continued in southern Lebanon on Friday, mainly targeting the Bint Jbeil District and the Nabatieh District, reported the Lebanese National News Agency.

The developments came after Israel and Lebanon held the seventh round of negotiations in Rome earlier this month to advance security arrangements along their border and implement a framework agreement reached in Washington in late June, according to local media. ■

Photo caption: Photo taken on April 9, 2026 shows buildings destroyed by Israeli airstrikes in Zrariyeh, southern Lebanon.(Photo by Ali Hashisho/Xinhua)