တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် ဟွိုင်အန်းမြို့ ဟုန်ဇယ်ခရိုင် ချဟယ်မြို့နယ်တွင် ဆင်ကြာစေ့ ဆွတ်ခူးနေသည့် တောင်သူများအား ၂၀၂၆ ခုနှစ် ဩဂုတ် ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် ဟွိုင်အန်းမြို့ ဟုန်ဇယ်ခရိုင် ချဟယ်မြို့နယ်တွင် ဆင်ကြာစေ့ ဆွတ်ခူးနေသည့် တောင်သူများအား ၂၀၂၆ ခုနှစ် ဩဂုတ် ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟွိုင်အန်း (ကျန်းဆူး)၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် ဟွိုင်အန်းမြို့ ဟုန်ဇယ်ခရိုင် ချဟယ်မြို့နယ်သည် ဂေဟစနစ်ကောင်းမွန်သော မြေဆီလွှာနှင့် ရေအရင်းအမြစ်များ ပိုင်ဆိုင်ထားပြီး ထိုဒေသမှထွက်ရှိသော ဆင်ကြာစေ့သည် “ရေအောက်ဂျင်ဆင်း” ဟု နာမည်ကျော်ကြားသည်။ “၁၉၉၅ ခုနှစ်လွန်ဖွား” ကွန်ပျူတာမေဂျာဖြင့် ဘွဲ့ရထားသည့် ကျောင်းသား ချန်ခိန်သည် မြို့ပြတွင် အလုပ်အကိုင်အခွင့်အလမ်းများကို စွန့်လွှတ်ကာ မိဘများ၏ ဆင်ကြာစေ့စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို ဆက်ခံဆောင်ရွက်ရန် ကျေးလက်သို့ ပြန်လာခဲ့ပြီး ကျေးလက်ဒေသ ပြန်လည်ရှင်သန်တိုးတက်ရေးတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည်။

ချန်ခိန်သည် စိုက်ပျိုးနည်းစနစ်များကို ဆန်းသစ်တီထွင်၍ အဆင့်မြှင့်တင်ကာ တရုတ် မူ ၅၈၀ ကျယ်ဝန်းသော ဆင်ကြာစေ့စိုက်ခင်းကို စံချိန်မီစွာ စီမံခန့်ခွဲလျက်ရှိသည်။ ၎င်းသည် ခေတ်မီစက်ကိရိယာများကို ထည့်သွင်းအသုံးပြုကာ ဆင်ကြာစေ့ ရွေးချယ်ခွဲခြားခြင်း၊ အခွံခွာခြင်းနှင့် ဆေးကြောခြင်းတို့အား တစ်သားတည်း ပေါင်းစပ်လုပ်ဆောင်မှုကို အကောင်အထည်ဖော်ခဲ့ပြီး ဈေးကွက်အမျိုးမျိုးအတွက် ထုပ်ပိုးမှုပုံစံအမျိုးမျိုးကိုလည်း တစ်ပြိုင်နက် ထုတ်လုပ်ခဲ့သည်။

၎င်း၏ ပညာရပ်ဆိုင်ရာ အားသာချက်ကို အသုံးချကာ အွန်လိုင်းနှင့် အော့ဖ်လိုင်း ပေါင်းစပ်ထားသော ရောင်းချမှုစနစ်ကို တည်ဆောက်ခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် အော့ဖ်လိုင်း လက်ကားရောင်းချမှု ၂၀၀,၀၀၀ ကီလိုဂရမ်နှင့် အွန်လိုင်းမှ တိုက်ရိုက်ထုတ်လွှင့်ရောင်းချမှုမှတစ်ဆင့် လက်လီရောင်းချမှု  ၂၅,၀၀၀ ကီလိုဂရမ်ကျော်ကို ဖော်ဆောင်နိုင်ခဲ့သည်။

ချန်ခိန်သည် ကျေးရွာအိမ်နီးချင်းများ၏ ဝင်ငွေတိုးတက်ရေးကိုလည်း တက်ကြွစွာ ကူညီဆောင်ရွက်ခဲ့သည်။ တစ်နှစ်ပတ်လုံး ပုံသေ အလုပ်အကိုင် အခွင့်အလမ်းနေရာ ၁၀ ခု ဖန်တီးပေးပြီး အလုပ်များသည့်ရာသီတွင် ရွာခံဝန်ထမ်း ၃၀ ကျော်ကို အလုပ်ခန့်ထားကာ တောင်သူများထံမှ ဆင်ကြာစေ့များကို တစ်ပြေးညီဝယ်ယူပေးခြင်းဖြင့် ဒေသတွင်းထုတ်လုပ်မှုလုပ်ငန်း ပမာဏကို အင်အားတောင့်တင်းအောင် ဆောင်ရွက်ပေးခဲ့သည်။ ထိုသို့အားဖြင့် အသိပညာနှင့် ကျွမ်းကျင်မှုများကို အသုံးပြု၍ ကျေးလက်စက်မှုလုပ်ငန်း ရှင်သန်စွမ်းအားကို အသက်ဝင်လာစေကာ ဆင်ကြာစေ့က ဒေသခံပြည်သူများကို ချမ်းသာကြွယ်ဝစေသော ထူးခြားသည့်ထုတ်လုပ်မှုလုပ်ငန်းတစ်ခု ဖြစ်လာခဲ့သည်။ (Xinhua)

................................

(Chinese Version)

芡实为业 逐梦乡土——江苏淮安“95后”新农人赋能乡村振兴

新华社照片,淮安(江苏),2026年8月21日

江苏省淮安市洪泽区岔河镇生态水土优良,所产芡实素有“水中人参”的美誉。“95后”计算机专业本科毕业生陈恳,放弃城市发展机遇,返乡接续父辈的芡实种养事业,扎根乡土投身乡村振兴。

陈恳创新升级种植模式,标准化运营580亩芡实基地。他引入现代化设备,实现芡实筛选、去壳、清洗一体化作业,同步推出多规格包装适配多元市场。他凭借专业优势搭建线上线下融合销售体系,2025年线下批发出货40万斤,线上依托直播带货实现零售超5万斤。

陈恳还积极带动乡邻增收,常年提供10个固定就业岗位,旺季吸纳30余名村民务工,统一收购农户芡实,壮大本土产业规模,用知识与技能激活乡土产业活力,使芡实成为本地富民特色产业。

图说1:8月21日,在江苏省淮安市洪泽区岔河镇,农民在采摘芡实(无人机照片)。 新华社发(殷潮摄)

图说2:8月21日,在江苏省淮安市洪泽区岔河镇,陈恳(右)用手机拍摄芡实推介短视频素材。新华社发(殷潮摄)