
ကျန်းကျိုး (ဖူကျန့်)၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ)
မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ကျန်းကျိုးမြို့ နန်ကျင့်ခရိုင်သည် “ဖူကျန့် မြေထည်အဆောက်အဦ” ယဉ်ကျေးမှုခရီးသွားအမှတ်တံဆိပ်၊ ယွင်းဆွေရောင် ရှုခင်းသာဧရိယာ စသည့် အဓိက ယဉ်ကျေးမှုခရီးသွားအရင်းအမြစ်များကို မှီခိုအားထားကာ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်ရေးကို နက်ရှိုင်းစွာ ဆောင်ရွက်လျက်ရှိသည်။ ရှေးဟောင်းအဆောက်အအုံများကို အကာအကွယ်ပေး၍ ရှင်သန်လာစေရန် ဆောင်ရွက်ခြင်း၊ ဟက်က (Hakka) လူမျိုးတို့၏ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များနှင့် ဒေသခံ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို အမွေဆက်ခံ လက်ဆင့်ကမ်းခြင်းတို့ဖြင့် တောတောင်ရေမြေ သာယာလှပသော ရှေးဟောင်းကျေးရွာများတွင် ရှင်သန်စွမ်းအားအသစ်များ ပေါ်ထွက်လာစေခဲ့သည်။
၂၀၂၅ ခုနှစ်မှ ယခုနှစ် ဇွန်လအထိ “ဖူကျန့် မြေထည်အဆောက်အဦ” (နန်ကျင့်) ရှုခင်းသာ ဧရိယာသို့ ခရီးသွားဧည့်သည် အကြိမ်ရေ ၉.၄၇၆ သန်းကို လာရောက်ခဲ့ပြီး ခရီးသွားဧည့်သည်ဝင်ရောက်မှု ဝင်ကြေးလက်မှတ်ရောင်းချမှုမှ ဝင်ငွေ ယွမ် ၆၄၄.၆၂၁၆ သန်း ရရှိခဲ့သည်။ (Xinhua)
…………………………..
(Chinese Version)
活力中国调研行|福建南靖:山水古村迸发文旅新活力
新华社照片,漳州(福建),2026年8月21日
近年来,福建省漳州市南靖县依托“福建土楼”文旅品牌、云水谣景区等核心文旅资源,深耕文旅融合发展,保护性活化古建,传承客家非遗与乡土文脉,让山水古村迸发新活力。 从2025年至今年6月,福建土楼(南靖)景区共接待游客947.6万人次,旅游门票收入64462.16万元。
图说1:这是8月20日拍摄的位于南靖县书洋镇的省级文物保护单位“东歪西斜”裕昌楼(无人机照片)。 新华社记者林善传摄
图说2:这是8月20日拍摄的位于南靖县书洋镇的省级文物保护单位“东歪西斜”裕昌楼及周围景观(无人机照片)。新华社记者林善传摄








