
ပေကျင်း၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ (UAE) တို့သည် တရုတ်နိုင်ငံ ရှင်းကျန်းဒေသ ဟယ်ထျန်ဒေသခွဲတွင် ဩဂုတ်လကုန်ပိုင်းမှ စက်တင်ဘာလလယ်ပိုင်းအထိ တရုတ်-ယူအေအီး “Falcon Shield 2026” လေတပ်ပူးတွဲလေ့ကျင့်မှုများ လုပ်ဆောင်ကာ ကွပ်ကဲရေးဆိုင်ရာ လေ့ကျင့်ခန်း၊ ပျံသန်းမှုလေ့ကျင့်ခန်း၊ တပ်ဖွဲ့ဝင်များ ရောနှောဖွဲ့စည်းသော လေ့ကျင့်မှု စသည့် အစီအစဉ်များ ပြုလုပ်သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာနထံမှ ဩဂုတ် ၂၁ ရက်က သိရသည်။
၎င်းမှာ တရုတ်-ယူအေအီး နှစ်နိုင်ငံ လေတပ်များ၏ စတုတ္ထအကြိမ် ယင်းကဲ့သို့သော ပူးတွဲကျင့်မှုများ ပြုလုပ်ခြင်းဖြစ်ပြီး လေ့ကျင့်မှုပါဝင်သော တပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်ရေးဗျူဟာအဆင့်ကို မြှင့်တင်ရန်၊ တပ်မတော်နှစ်ရပ်အကြား အစဉ်အလာ ချစ်ကြည်ရေးနှင့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)
--------------------------------------------------------------------------------------
(Chinese Version)
中国与阿联酋将举行“猎鹰盾牌-2026”空军联合训练
新华社北京8月21日电(记者王春涛)记者21日从国防部获悉,8月下旬至9月中旬,中国与阿联酋两国空军将在新疆和田举行中阿“猎鹰盾牌-2026”空军联合训练,开展指挥推演、飞行训练、实兵混编演练等活动。
这是中阿两国空军第4次举办该系列联训,旨在提升参训部队技战术水平,深化两军传统友谊与务实合作。(完)








