
မော်စကို၊ သြဂုတ် ၂၀ ရက် (ဆင်ဟွာ)
ရုရှားစီးပွားရေးသည် အသင့်အတင့် တိုးတက်လျက်ရှိပြီး ၂၀၂၆ ခုနှစ် ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး (GDP) မှာ ၁ ရာခိုင်နှုန်းခန့် တိုးတက်လာမည်ဟု ခန့်မှန်းထားကြောင်း ရုရှားသမ္မတ ပူတင်က ၂၀၂၆ ခုနှစ် ဩဂုတ် ၁၉ ရက်တွင် ပြောကြားခဲ့သည်။
ရုရှားနိုင်ငံ၏ စီးပွားရေးတိုးတက်မှုသည် စက်မှုလုပ်ငန်း အဆောက်အအုံများနှင့် အခြေခံအဆောက်အအုံများ တိုက်ခိုက်ခံရခြင်း စသည့် ပြင်ပအကြောင်းရင်းများ၏ သက်ရောက်မှုကို ခံနေရကြောင်း ၂၀၂၆ ခုနှစ် ဩဂုတ် ၁၉ ရက်၌ ကျင်းပသော မဟာဗျူဟာမြောက် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသားစီမံကိန်းများ ကော်မတီ အစည်းအဝေးတွင် ပူတင်က ထည့်သွင်းပြောကြားခဲ့သည်။ သို့သော်လည်း ရုရှား၏ ကုန်သွယ်ရေး အခြေခံအဆောက်အအုံများသည် ထိရောက်ခိုင်မာစွာ ဆက်လက်လည်ပတ်လျက်ရှိကြောင်း၊ အရေးတကြီး ပြန်လည်ထူထောင်ရန် လိုအပ်နေသော ရုရှား၏ ထောက်ပံ့ပို့ဆောင်ရေး၊ သိုလှောင်နိုင်စွမ်းရည်နှင့် ပတ်သက်၍ ရုရှားအစိုးရအနေဖြင့် သင့်လျော်သော စီမံကိန်းများကို ရေးဆွဲသင့်ကြောင်း ၎င်းက ဆိုသည်။
၂၀၂၅ ခုနှစ်မှစတင်၍ ရုရှား၏ ကြီးမားသော စီမံကိန်းအများအပြားသည် အဓိက ရင်းနှီးမြှုပ်နှံမှု အဆင့်ကို ကျော်လွန်သွားခဲ့ပြီဖြစ်ရာ စုစုပေါင်းရင်းနှီးမြှုပ်နှံမှု အရှိန်အဟုန်မှာ အနည်းငယ် နှေးကွေးသွားခဲ့ကြောင်း ပူတင်က ဆက်လက်ပြောကြားခဲ့သည်။ လက်ရှိလုပ်ဆောင်ရမည့် တာဝန်မှာ ရင်းနှီးမြှုပ်နှံမှု စက်ဝန်းသစ်တစ်ခုကို စတင်ရန်၊ စီးပွားရေးလုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ပိုမိုဖန်တီးပေးရန်နှင့် စက်မှုလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းနှင့် အိမ်ရာဆောက်လုပ်ရေးလုပ်ငန်း စသည်တို့ ဖွံ့ဖြိုးတိုးတက်စေရန် ဖြစ်ကြောင်း သိရသည်။
ရုရှား၏ ဒုတိယသုံးလပတ် GDP သည် ယမန်နှစ် အလားတူကာလထက် ၁.၃ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး ယင်းတိုးတက်မှုနှုန်းမှာ ရုရှားနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနက ခန့်မှန်းထားသည့် ၀.၉ ရာခိုင်နှုန်းထက် ကျော်လွန်ခဲ့ကြောင်း ရုရှားဖက်ဒရေးရှင်း အမျိုးသား စာရင်းအင်းဌာနက ယခင်ထုတ်ပြန်ခဲ့သော ကနဦး ခန့်မှန်းချက် အချက်အလက်များအရ သိရသည်။ (Xinhua)
------------------
(Chinese Version)
普京:俄罗斯经济温和增长
新华社莫斯科8月19日电(记者侯鸣)俄罗斯总统普京19日说,俄罗斯经济呈现温和增长,2026年国内生产总值(GDP)预计增长约1%。
普京当天在战略发展和国家项目委员会会议上表示,俄经济增长受到工业设施、基础设施遭袭等外部因素影响。尽管如此,俄贸易基础设施依然高效稳健运转。关于亟需恢复的俄物流和仓储能力,俄政府应制定相应方案。
普京说,2025年以来,俄许多大型项目过了主要投资阶段,整体资本投资速度有所放缓。当前任务是启动新的投资周期,为企业提供更多投资机会,发展工业、农业、服务业和住房建设等。
俄罗斯联邦国家统计局此前公布的初步估算数据显示,俄二季度GDP比去年同期增长1.3%,增幅超过俄经济发展部预测的0.9%。
1. 2025年9月5日,俄罗斯总统普京在符拉迪沃斯托克出席第十届东方经济论坛全体会议时发表讲话。新华社发(郭飞洲摄)








