
မက်ဒရစ်၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ)
အက်သလက်တီကိုမက်ဒရစ်အသင်းသည် အသက် ၂၁ နှစ်အောက် အီတလီလက်ရွေးစင် ဘယ်နောက်ခံလူ Matteo Ruggeri ကို ပရီးမီးယားလိဂ်ကလပ် အက်စတွန်ဗီလာအသင်းသို့ ရောင်းချလိုက်ကြောင်း ဩဂုတ် ၁၉ ရက်က အတည်ပြုပြောဆိုခဲ့သည်။
အသင်းအပြောင်းအရွှေ့အတွက် အင်္ဂလန်တွင် ရက်အနည်းငယ်ကြာ ညှိနှိုင်းမှုများ ပြုလုပ်ပြီးနောက် Ruggeri သည် ယခုနွေရာသီအတွင်း အက်သလက်တီကိုအသင်းမှ နောက်ဆုံးထွက်ခွာသည့် အဓိကကစားသမားတစ်ဦး ဖြစ်လာခဲ့သည်။
"အက်သလက်တီကိုမက်ဒရစ်အသင်းအနေနဲ့ ၎င်းရဲ့အနာဂတ်ကစားသမားဘဝနှင့် ကိုယ်ရေးကိုယ်တာ ကိစ္စတွေမှာ အဆင်ပြေစေရန် ဆုတောင်းပေးပါကြောင်း" အက်သလက်တီကိုအသင်း၏ တရားဝင်ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
Ruggeri သည် လွန်ခဲ့သည့်ရာသီက အက်သလက်တီကိုအသင်းအတွက် လာလီဂါပွဲစဉ် ၂၆ ပွဲ၊ Copa del Rey ဖလား ပြိုင်ပွဲ ၅ ပွဲ၊ ချန်ပီယံလိဂ် ၁၅ ပွဲနှင့် စပိန်စူပါဖလား ၁ ပွဲ အပါအဝင် စုစုပေါင်း ၄၇ ပွဲ ပါဝင်ကစားခဲ့သူ ဖြစ်ကြောင်း သိရသည်။ (Xinhua)
……….
(English Version)
Atletico Madrid confirms sale of defender Ruggeri to Aston Villa
MADRID, Aug. 19 (Xinhua) -- Atletico Madrid on Wednesday confirmed the sale of Italian Under-21 international left-back Matteo Ruggeri to Premier League side Aston Villa.
Ruggeri had been in England for several days negotiating his departure and becomes the latest major player to leave Atletico this summer.
"From Atletico Madrid, we wish him a lot of luck in his future professional and personal projects," informed the Atletico official website.
Ruggeri made 47 appearances for Atletico last season, including 26 in La Liga, five in the Copa del Rey, 15 in the Champions League and one in the Spanish Super Cup.
Photo caption: Lamine Yamal (R) of FC Barcelona vies with Matteo Ruggeri of Atletico de Madrid during the Copa del Rey semifinal round 2 match between FC Barcelona and Atletico de Madrid in Barcelona, Spain, March 3, 2026. (Photo by Joan Gosa/Xinhua)








