ကိုလံဘီယာနိုင်ငံ အနောက်တောင်ပိုင်း Cali မြို့၌ ငလျင်ကြောင့် ပြိုကျသွားသည့် အဆောက်အအုံ အပျက်အစီးများကြားတွင် ကယ်ဆယ်ရေးဝန်ထမ်းများက အသက်ရှင်ကျန်ရစ်သူများ ရှာဖွေနေသည်ကို ၂၀၂၆ ဩဂုတ် ၁၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)
ကိုလံဘီယာနိုင်ငံ အနောက်တောင်ပိုင်း Cali မြို့၌ ငလျင်ကြောင့် ပြိုကျသွားသည့် အဆောက်အအုံ အပျက်အစီးများကြားတွင် ကယ်ဆယ်ရေးဝန်ထမ်းများက အသက်ရှင်ကျန်ရစ်သူများ ရှာဖွေနေသည်ကို ၂၀၂၆ ဩဂုတ် ၁၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဘိုဂိုတာ၊ သြဂုတ် ၂၀ ရက် (ဆင်ဟွာ)

ကိုလံဘီယာနိုင်ငံ အနောက်ပိုင်းတွင် လှုပ်ခတ်ခဲ့သော ပြင်းထန်သော ငလျင်ကြောင့် ဒေသစံတော်ချိန် ၁၉ ရက် ညနေ ၆ နာရီ မိနစ် ၃၀ အထိ သေဆုံးသူ ၃၁၉ ဦး၊ ဒဏ်ရာရရှိသူ ၄,၄၆၉ ဦးနှင့် ပျောက်ဆုံးနေသူ ၂၆၀ ဦး ရှိပြီး အခြားသူ ၃၆၄ ဦးကိုမူ ကယ်ဆယ်နိုင်ခဲ့ကြောင်း ကိုလံဘီယာ အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဌာန၏ ယင်းနေ့ညပိုင်းတွင် ထုတ်ပြန်သည့် နောက်ဆုံးရ အချက်အလက်များအရ သိရသည်။

ကိုလံဘီယာနိုင်ငံတစ်ဝန်းရှိ ပြည်နယ် ၁၅ ခု၊ မြို့နယ် ၄၇၆ မှာ ငလျင်ဘေးဒဏ်ကို ခံစားခဲ့ရပြီး ဘေးဒဏ်သင့်သူ ဦးရေ  ၂၇၂,၀၀၀ အထိ ရှိကြောင်း အချက်အလက်များအရ သိရသည်။

ကိုလံဘီယာ ဘူမိဗေဒဌာန၏ ထုတ်ပြန်ချက်အရ ကိုလံဘီယာနိုင်ငံ အနောက်ပိုင်းတွင် ဒေသစံတော်ချိန် ဩဂုတ် ၁၀ ရက်က ပြင်းအားအဆင့် ၇.၄ မဂ္ဂနီကျုရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ ငလျင်ဗဟိုချက်မှာ Chocó ပြည်နယ် San José del Palmar မြို့မှ ကီလိုမီတာ ၂၀ ခန့် အကွာတွင်ရှိပြီး ငလျင်အနက်မှာ ၉၆ ကီလိုမီတာ ဖြစ်ကြောင်း သိရသည်။ (Xinhua)

--------------------

(Chinese Version)

哥伦比亚强震死亡人数升至319人

新华社波哥大8月19日电(记者李子健)哥伦比亚国家灾害风险管理局19日晚公布的最新数据显示,截至当地时间19日18时30分,该国西部强震已造成319人死亡、4469人受伤、260人失踪,另有364人获救。

  数据显示,哥伦比亚全国有15个省的476个市镇受到此次地震影响,受灾人数达27.2万人。

  据哥伦比亚地质局发布的消息,哥伦比亚西部当地时间10日发生7.4级地震,震中距离乔科省圣何塞-德尔帕尔马市约20公里,震源深度96公里。

1. 8月12日,在哥伦比亚西南部城市卡利,救援人员在地震坍塌建筑的废墟中搜寻幸存者。新华社发(安德烈斯·莫雷诺摄)