
ဟာရာရီ၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ)
တရုတ်မော်တော်ကားထုတ်လုပ်ရေးကုမ္ပဏီ Jetour က ဇင်ဘာဘွေနိုင်ငံ မြို့တော်၊ ဟာရာရီမြို့ရှိ Kuwadzana 1 မူလတန်းကျောင်း၌ ပရဟိတအစီအစဉ်တစ်ခုကို ပြုလုပ်ခဲ့ပြီး ဒေသခံကျောင်းသားများအတွက် စာရေးကိရိယာများနှင့် မရှိမဖြစ်လိုအပ်သော သင်ကြားမှုဆိုင်ရာအထောက်အကူပြုပစ္စည်းများကို လှူဒါန်းခဲ့ကြောင်း သိရသည်။
Jetour Africa Expedition 2026 အစီအစဉ်အရ သြဂုတ် ၁၈ ရက်က ပြုလုပ်ခဲ့သည့် အဆိုပါ လူမှုအကျိုးပြုလှုပ်ရှားမှုအစီအစဥ်တွင် Jetour Zimbabwe မှ ကိုယ်စားလှယ်များ၊ ဒေသခံ မော်တော်ကားပိုင်ရှင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ အတူတကွ ပါဝင်တက်ရောက်ခဲ့ကြပြီး ပညာရေးဆိုင်ရာ အထောက်အပံ့ပေးခြင်းနှင့် ယဉ်ကျေးမှုဖလှယ်ခြင်း အစီအစဉ်များကို တစ်နေ့တာလုံး ပြုလုပ်ခဲ့ကြသည်။
လှူဒါန်းမှုပြီးဆုံးပြီးနောက် ကျောင်းသားများက အပြန်အလှန် ပန်းချီဆွဲခြင်း ပါဝင်လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြကာ မော်တော်ကားများ၊ သဘာဝတရား၊ ၎င်းတို့လူ့အဖွဲ့အစည်းများ၏ အနာဂတ်နှင့်ပတ်သက်သည့် ဖန်တီးမှုပိုင်းဆိုင်ရာ အကြံဉာဏ်များကို တင်ဆက်ဖော်ပြခဲ့ကြသည်။
Kuwadzana 1 မူလတန်းကျောင်းအုပ်ကြီး Farayi Chifamba က တရုတ်လူ့အဖွဲ့အစည်းထံမှ နှစ်ပေါင်းများစွာ ရရှိခဲ့သည့် စဉ်ဆက်မပြတ် ပံ့ပိုးကူညီမှုများအတွက် အလေးအနက် ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ယင်းကဲ့သို့သော ဆက်ဆံရေးက တရုတ်နှင့် ဇင်ဘာဘွေ ပြည်သူများအကြားတွင် ရေရှည်တည်တံ့သော ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်နားလည်မှုကို ပိုမိုခိုင်မာစေခဲ့ကြောင်း ပြောကြားခဲ့သည်။
"တရုတ်လူ့အဖွဲ့အစည်းက ကျွန်တော်တို့ရဲ့ကျောင်းကို နှစ်ပေါင်းများစွာကြာအောင် နည်းလမ်းအမျိုးမျိုးနဲ့ ပံ့ပိုးကူညီပေးခဲ့ပါတယ်။ ကျွန်တော်တို့ကလည်း ဒီလို ချစ်ကြည်ရင်းနှီးမှုကို စစ်မှန်စွာ တန်ဖိုးထားပါတယ်။ Jetour က ဒီနေ့ လာရောက်လှူဒါန်းမှုဟာ စီးပွားရေးလုပ်ငန်းအရသာမကဘဲ ပညာရေး၊ လူ့အဖွဲ့အစည်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနဲ့ လူငယ်မျိုးဆက်သစ်တွေအပေါ် ဂရုစိုက်မှုတွေကနေတစ်ဆင့် ဇင်ဘာဘွေနဲ့ တရုတ်နိုင်ငံက ပြည်သူတွေ ဘယ်လိုမျိုး ပူးပေါင်းဆောင်ရွက်နိုင်တယ်ဆိုတာကို ပြသလိုက်တဲ့ နောက်ထပ်ဥပမာတစ်ခုလည်း ဖြစ်ပါတယ်" ဟု Chifamba က ပြောကြားခဲ့သည်။
Jetour Zimbabwe အရောင်းကိုယ်စားလှယ်အကြီးအကဲ Michael Hove က အဆိုပါ အစီအစဉ်သည် ဒေသခံလူ့အဖွဲ့အစည်းများနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရန်နှင့် လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ကူညီရန် တန်ဖိုးရှိသည့် အခွင့်အရေးတစ်ခု ဖြစ်စေခဲ့ကြောင်း ပြောကြားခဲ့သည်။
"မင်းတို့ ဘယ်နေရာက စတင်သလဲဆိုတာက မင်းတို့ဘယ်မှာအဆုံးသတ်မလဲဆိုတာကို ဆုံးဖြတ်ပေးတာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပြီး ပြင်းပြင်းထန်ထန်ကြိုးစားမယ်ဆိုရင် ပိုမိုကောင်းမွန်တဲ့ အနာဂတ်တစ်ခုကို တည်ဆောက်နိုင်မှာပါ" ဟု Hove က ကျောင်းသားများအား ပြောကြားခဲ့သလို ၎င်းတို့၏ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်ဆောင်ရွက်ကြရန်လည်း တိုက်တွန်းပြောကြားခဲ့သည်။ (Xinhua)
……………………………………..
(English Version)
Chinese automaker Jetour holds school charity event in Zimbabwe capital
HARARE, Aug. 19 (Xinhua)
Chinese automaker Jetour has held a school charity event at Kuwadzana 1 Primary School in Harare, the capital of Zimbabwe, donating stationery and essential learning materials to local pupils.
The community initiative, organized on Tuesday under the Jetour Africa Expedition 2026, brought together representatives from Jetour Zimbabwe, local vehicle owners, school teachers and pupils for a day of educational support and cultural exchange.
Following the donation, the pupils participated in an interactive painting session, expressing their creative ideas about cars, nature, and the future of their communities.
Farayi Chifamba, head of Kuwadzana 1 Primary School, expressed deep appreciation for the sustained support the school has received from the Chinese community over the years, noting that such engagements have fostered enduring friendship and mutual understanding between the peoples of China and Zimbabwe.
"The Chinese community has supported our school in different ways over the years, and we truly value this friendship. Today's visit by Jetour is another example of how people from Zimbabwe and China can come together, not only through business, but also through education, community engagement and care for the younger generation," Chifamba said.
Michael Hove, dealer principal of Jetour Zimbabwe, noted that the event offered a valuable opportunity to engage directly with local communities and support youth development.
"Where you start does not determine where you will end up. If you work hard and believe in yourself, you can build a better future," Hove told the students, urging them to contribute to their community's growth. ■
English Caption
Photo-People attend a launch event of Chinese automaker Jetour's new SUVs in Cape Town, South Africa, Oct. 24, 2025. (Xinhua/Han Xu)








